10/25/08

ကန္နီမြို့နယ် စီရင်စု တွင်းရွာ ခေါင်းလောင်းရေကန်ကျောက်စာ

နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

နာထော သံဃေန ယောရဋ္ဌံ၊ အကာသိတံ တကာရဏံ

အနေကာဝရ မာဂမ္မ ၊ ဇယံ ဒန္တု တေ ဇိနော ၊ (ပထျာဝတ္တ)

နာထော-လူသုံးပါးတို့၏ ကိုးကွယ်ရာဖြစ်တော်မူသော၊ ယောဇိနော- အကြင်းငါးမာရန် အောင်မြင် ဘုရားရှင်သည်။ ရဋ္ဌံ- သုနာပရန် တမ္ပဒီပ ရဋ္ဌခွန်လှိုင်း မြန်မာတိုင်းသို့၊ သံဃေန- ထေမြတ်အရိယာ ရံသံဃာနှင့် ၊သဟ-တကွ၊ အနေက၀ါရံ-အကြိမ်များစွာ၊ အာဂမ္မ-ကြွရောက်တော်မူ၍၊ ဇမ္ဗူနိ- မြန်မာတိုင်းသူ လူအပေါင်းတို့၏၊ ဟိတကာရဏံ-အကျိုးစီးပွားများခြင်းအကြောင်းကို၊ အကာသိ-ပြုတော်မူခဲ့လေပြီ။ သောဇိနော- ထိုငါးမာရ်အောင်မြင်ဘုရားသျှင်သည်၊ဇမ္ဗူနိ- မြန်မာတိုင်းသူလူအပေါင်းတို့အား၊ ၊ဇယံ-ဇယမင်္ဂလာအောင်မြိုက်ချမ်းသာမင်္ဂလာကို ၊ဒဒါန္တု ပေးသနားတော်မူကြပါစေသတည်း။

အနေကာဝရဏ ဥာဏတန်ဆောင် နေနှယ်ပြောင်လျက် ခြောက်ရောက်ခြည်စက် လျှပ်နှယ်လက်၍ ဘ၀ဂ်ကဲမြင့် ကိုးဂုဏ်ပွင့်လျက် လေးဆင့်မဟိဒ္ဓိ ရှိန်ဝါညိသည်။ ၀ိသုဒ္ဓိပရမေ လူဆွေမြတ်စွာ မဟာသကျ သမ္ဗုဒ္ဓကား တဏှင်္ကရာရှေ့ဖျား ဘုရားဘုန်းခေါင် မာန်အောင်လေးဆူ သယမ္ဗူသစ္စာ ပွင့်ရာချက်မှန် သာရမဏ္ဍလာ ကမ္ဘာမထက် ဈာနလာဘီ ၀သီမွေ့လျော် သူတော်မြတ်စစ် ရသေ့ဖြစ်သည့် ရှင်ချစ်မြတ်စွာ ဒီပင်္ကရာမုနိ မာရဇိဘုန်းတောက် ရွှေမျက်မှောက်၌ ထုတ်သောက်းမိုးဖျား ဘ၀ဂ်သားတိုင် ကျော်ကြားမဆိတ် ဗျာဒိတ်မဆွ ရှေးဦးရ၍ လေးဝအသင်္ချေ သိန်းနေကပ်လုံး သုံးဆယ်ပါရမီ အညီကိုယ်ကျင့် ဖြည့်ခွင့်ကုန်ထောက် ရောက်တော်မူကာ တောင်ညာဒေ၀ီ မဒီလှူဘော် နုမောသဘင်ရင်တော်မူပြီး မင်းကြီးဝေဿန္တရာ ဘ၀ဆုံးလတ် နိဂုံးသတ်၍ တုဿိတာဒေ၀ရာဇ် နတ်ဖြစ်ရိပ်မြုံ ရွှေဘုံကြငှန်း ဗိမာန်နန်းထက် စံမြန်းတော်မူဆဲအခါ ကာလော ခေါ တေ မဟာဝီရ ၊ ပဒအာဒီ ရှေးဦးချီလျက် ဇာတိဇရိုက် သောင်းထိုက်စကြာဝဠာ ဗြဟ္မာမိုဃ်းသူ ရှေးဦးညီညာ ဓမ္မတာရိုညွတ် တောင်းပန်လတ်က နတ်သက်ခန္ဓာ တုဿိတာမှ ခွါခဲ့ထိုရော် သုဒ္ဓေါဓန သြရသမျက်နှစ် သားတော်ဖြစ်၍ သုဗ္ဗဗုဒ္ဓေါ် ဘုန်းမော်ဧကရာဇ် ရင်နှစ်သမီး ဇနီးသက်လှယ် ရာဟုမယ်နှင့် နတ်နှယ်တမျှ သုရာမထက် သိဒ္ဓတ္ထဓမ္မရာဇ် မင်းအဖြစ်ကို စွန့်ပစ်ပယ်ခွါ အနော်မာနဒီ မဟီငွေရောင် ပုလဲစောင်ထက် ဘုန်းခေါင်သိဒ္ဓတ် ဆံတော်ဖြတ်၍ မိုးနတ်ဗြဟ္မာ ဃဋီကာလျင် နုပီလ၀ယ် ဒုက္ကရစာရီ ကျင့်ညီမွေ့ပျော်မွေ့ ခြောက်နှစ်စေ့သော် ဘုန်းပရမေ့မြတ်စွာ ဘုရားလျာကား ၀ဇီရစိန် ဣန္ဒနီမြ ရှိန်ဝါပသား အသတ္ထ ဒုမရာဇာ ပလ္လင်သာထက် ငြိမ်သက်ဖွဲ့ခွေ နေတော်မူခါ ခြောက်ရွာသေဌ်နင်း မာရ်မင်းရောက်လာ ဗိုလ်ပါအတု ရဲမက်စုကို ဆယ်စုပါရမီ အညီစစ်အင် ဗိုလ်သေနင်ဖြင့် အောင်မြင်တော်မူ ပွဲဦးယူ၍ ပစ္စုန်သမယ ကာလတုလွတ် ခါကောင်းမြတ်၌ ရံပါတ်ကိလေ များဗိုလ်ခြေကို လေးထွေမဂ္ဂ ညာဏသံလျက် သဒ္ဓါလက်ဖြင့် ပယ်ဖျက်ပဟီနာ ကြွင်းမဲ့၍ သုံးရွာလူနတ် ပရိသတ်ဝယ် မချွတ်ထင်ရှား ဘုရားထိုရော် ရေပေါ်မြေထု မေယုစက္က၀ါ ဖီလာလောကဓာတ် ပဲ့တင်ခတ်လျက် ရှက်စပ်မိုးဖျား နှံ့ကြားကျော်သိ ကောင်းကျိုးညိသည် တိလောကမြတ်စွာ ထိုဆရာကား သုံးဖြာဘ၀ သံသာရ၌ နစ်ကျမျောပါး များဟိန္ဒတူ နတ်နှင့်လူကို နိဗ္ဗူတာထိပ် ညာကမ်းဆိပ်သို့ ကွပ်နှိပ်ဆောင်ယူ တယ်အံဟူ၍ ခပင်းများစွာ ရံသင်္ဃာနှင့် ဒေသနာချမ်းမြေ့ ကြွလေ့စမြဲ ကိုယ်တော်ကဲလျက် စပဲလူနတ် ပရိသတ်ကို ရိမဒ်အောင်ချာ ပြဿဒ်သာသို့ ငါးဝါစွန်းကယ် နှစ်လေးဆယ်လုံး သယ်ယူကြုံးရွေ့ ဘုံသုံးလူဆွေ ပရမေထွဋ်ခေါင် ပို့ဆောင်ပြီးခါ ကုဿိန္နာ၌် ချမ်းသာစစ်စစ် ရသည်ဖြစ်လျက် ကြွင်းလသတ္တ၀ါ စီးပွားငှာလျှင် နောင်လာပိုင်းခြား ထားခဲ့သာသနာ တည်ထွန်းရာကား သင်္ဂါယနာ သုံးခါတိုင်အောင် တင်ပြီးနောင်မှ ပစ္စန္တိမ တိုင်းဋ္ဌာနသို့ သုဒ္ဓိမန္တ ခီဏာသ၀ သီးသီးကြွ၍ ထွန်းပသာသနာ လင်္ကာဒီပ သုဝဏ္ဏဘုံ ဆန်တုံအညာ ခေတ္တရာရိမဒ် လွှမ်းပတ်သိုက်တိုင်း မြင်စိုင်းပင်ယ စစ်ကိုင်းဇေယျာ ရတနာပူရ သိင်္ဃကုန်းဘောင် ထိုနောင်အင်းဝ ယင်းကနှယ်ဖြာ ရတနာပုလဲ ရောင်ဟုန်ညီးညီး ရွှေပြည်ကြီးရောက် တက်အောင်သပြေ နှံ့မွှေကြေငြာ ထွန်းလင်းဖြာသတည်း။

ထိုသာသနာ ရောင်ဝါတောက်ထိန် နေသူရိန်သို အရှိန်မစဲ ထွန်းဆဲအခါ အမရပူရ စတုတ္ထရွှေနန်း သိမ်းမြန်းဇမ္ဗူ စိုးမိုးပူသော မဟာလောကရံသီ စေတီတော်မြတ်ကြီးဒါယကာ မင်းတရားကြီးလက်ထက် လှူတော်မူအပ်သော “ သာဂရ၀ံသာဘိဓဇ မဟာဓမ္မရာဇဂုရု ပဋ္ဌမတံဆိပ်နာမတော် ရတနာပုံမြို့နန်းတည် ပဉ္စမသင်္ဂါယနာတင် မဟာလောကမာရဇိန် စေတီတော်ဒါယကာ မင်းတရားကြီးလက်ထက် လှူတော်မူသော သာဂရဓဇသီရိပရမ မဟာဓမ္မရာဇာဓိရာဇဂုရု ဒုတိယတံဆိပ်နာမံတော် ရတနာပုံမည်ရ ရွှေပြည်မ၌ ဒုတိယရွှေနန်း သိမ်းမြန်းတော်မူ အောင်ပွဲယူသော မာရ်အောင်ရတနာ စေတီတော်ဒါယကာ မင်းတရားကြီးလက်ထက်တော် လှူတော်မူအပ်သော ” သာဂရ၀ံသဓဇအတုလဓိပတိ သီရိပ၀ရ မဟာဓမ္မ ရာဇာဓိရာဇဂုရု တတိယ တံဆိပ်နာမံတော်” ဤသို့ ပြည်ကြီးသေဋ္ဌ်နင်း မင်းသုံးဆက်မြောက် တံခွန်ဆောက်သို့ လျှံတောက်ကျက်သရေ မြူတေ ဆင့်ဆင့် ပွားလင့်တမူ လှူတော်မူအပ်သော တံဆိပ်နာမံ သုခိသလ္လေခ သီလသမာဓိ ပညာဂုဏ်နံ့သာတို့ဖြင့် ကြေငြာသတင်း ကျော်စောထင်ရှားခြင်းရှိသော ကန္နီဆရာတော်သည် ရွှေဘုန်အောင်ခန်း ဗိမာန်နန်းမှ အရှေ့ထောင့်ယွန်း၌ ထက်ဝန်းကျင်းပရ၀ုဏ်ကြီး ရံဆီးသည့်အတွင်း အရှေ့အနောက်တာ ၆၀ တောင်မြောက် ၄၃ တာ ၀ိသုမ်ဂါမမြေအဘို့၌ ဆုတောင်းပြည့်စေတီတော် ရတနာရံသီစေတီတော်တို့ကို လက်ဝဲလက်ယာ တိုက်းဦးထား၍ ကျောင်းဦးပြဿဒ် စနုဆောင် အနောက်ဆောင်တို့နှင့်တကွ ဘုံလေးဆင့်ရှိသော ကျောင်းကြီးကို တင့်တယ်စွာ ထက်အောက်ဝန်းကျင် တန်ဆာဆင်၍ မြို့သစ်မြို့စားဝန်ထောက် မိုးနဲဗိုလ်မှူး မင်းကြီးမဟာထင်စည်သူ ဇနီးမောင်နှံတို့ တည်ထောင်ပြုစုအပ်သော ဝေယန်ဘုံသာတိုက် ရတနာပုံရွှေဘုံကြငှန်း ဗိမာန်နန်းမှ အနောက်တောင်ယွန်း ထက်ဝန်းကျင်ပရ၀ုဏ်ကြီး ခြံရံဆီးသော ဥယျာဉ်ကြီးအတွင်း၌ အရှေ့ဆောင်အနောက်ဆောင်တို့နှင့်တကွ သုံးဘုံဆင့်ရှိသောကျောင်းကြီးကို တင့်တယ်စွာထက်အောက်ဝန်းကျင် တန်ဆာဆင်၍ ရွှေလောင်းကြီးပဲ့နင်း နေမျိုးသမန္တကျော်ထင် ဇနီးမောင်နှံတို့ တည်ထောင်ပြုစုအပ်သော “သီရိမာလာရာမတိုက်” ဤတိုက်ကြီးနှစ်ဝနှစ်ဋ္ဌာနတို့၌ အလှဲ့အလှယ် သီတင်းသုံးနေ၍ ဓူရနှစ်ဖြာ သာသနာတော်မြတ်အစီးအပွားကို နေ့ညမယုတ် ကြိုးစားအားထုတ်သတည်း။

ဆက်ရန်

No comments:

http://h1.ripway.com/twinpoe/favicon.ico