2/17/09

သုံးချင်ဦးဟဲ့ ဟန်းဆက်ဖုံး

တစ်ခါက ဦးဇင်းတစ်ပါးမိန့်သဖြင့် ကြားခဲ့ဖူးသည်။ လူတွေက တိရစ္ဆာန်တွေလောက် နှလုံးသား မဖြောင့်ဘူးဟူ၍။ အစကတော့ သိပ်ပြီး စိတ်မ၀င်စားခဲ့။

မနေ့က သူငယ်ချင်းတစ်ယောက်နှင့် ယုဇနပလာဇာသို့ SIM ကဒ်သွားဝယ်၏။ သူငယ်ချင်း အသိဆိုင် ဆို၍ ယုံကြည်ရကောင်းသည်ဟု ယုံစားခဲ့သည်။ ဆိုင်ရောက်တော့ ဆင်းကဒ်ထည့်သုံးကြည့်ပါသည်။ မောင်နေသစ်၏ လက်ကိုင်ဟန်းဆက်မှာ ပြီးခဲ့သောနှစ်က စင်္ကာပူမှ ပါလာခဲ့ ခြင်းဖြစ်ရာ ရွှေပြည်ကြီးသို့ မရောက်သေးဟု သိရသည်။ သို့ဖြင့် ဖုံးကဒ်ထည့်ကြည့်သော အခါ အဆင်မပြေလှ။
ဆိုင်ကောင်တာတွင် ထိုင်နေသော သကောင့်သား ငတိက ဘာပြောသည်ထင်သနည်း။
`` ဒီက ကဒ်စပိက မြန်လွန်းနေတော့ ခများဟန်းဆက်နဲ့ဆို သုံးလို့ရမှာ မဟုတ်ဘူး။ တော်ရုံမော်ဒယ်အောက်နေတဲ့ နိုကီယာ ဟန်းဆက်တွေတောင်မရဘူး။ ဒီမှာ ရတာက နိုကီယာမော်ဒယ် အမြင့်စားနဲ့ ဆိုနီဟန်းဆက်တွေပဲ ကဒ်ထည့်သုံးလို့ ရတယ်။ ဟန်းဆက်ပါဝယ်ဦး မလား´´တဲ့လေ။
မောင်နေသစ်လည်း တွေးလိုက်ပါတယ်။ ဒီကောင် လှိမ့်ပြီပေါ့။ ဒီကောင် ဟန်းဆက်ပါဝယ်အောင် ညာရောင်း ပြီပေါ့လို့။ သူငယ်ချင်းကို အားနာလို့ မပြောလိုက်ပေမယ့် စိတ်ထဲမှာတော့ ရှိနေပါတယ်။ ဒီကောင် လူလိမ်ပဲ ဆိုတာ။

ဘာပဲဖြစ်ဖြစ်။ မောင်နေသစ်က စာကြည့်တိုက်လေး လုပ်နေတုန်း ငွေအကုန်အကျလည်းနည်းအောင် ဆက်သွယ်ရေးလည်း အဆင်ပြေအောင်ဆိုပြီး တစ်လတန်ကဒ်လေး ၀ယ်သုံးတာပါ။ ကျွန်တော်ပြောချင်တာက ခများသာ ကဒ်ဖုံးဝယ်သုံးမယ်ဆိုရင် ဘယ်တော့မှ မစူးစမ်းဘဲ အရမ်းဝယ်မသုံးပါနဲ့။ ၀ယ်သုံးမယ်ဆိုရင် ကျွန်တော့်လို လူလိမ် ဆိုင်တွေနဲ့ ခများ ရှောင်နိုင်သမျှ ရှောင်ပေတော့လို့ပဲ အသိပေး နား နား ပြီး ပြောလိုက်ပါ ရစေလား။

အော် ဒါနဲ့ ကျွန်တော့်ကို နှက်ဖို့ ကြိုးစားခဲ့တဲ့ ဆိုင်နာမည်လေးလည်း မှတ်ထားပေးဦး။ MEGA Mobile Shop တဲ့ဗျား။
အလိမ်အကောက်တွေနဲ့ ဝေးကြပါစေ။

No comments:

http://h1.ripway.com/twinpoe/favicon.ico