စာကြည့်တိုက်လေးတစ်ခု မဖြစ်ညစ်ကျယ် အားလေးနဲ့ လုပ်ရတာ မလွယ်သလိုဘဲ စာပေဟောပြောပွဲတစ်ခုဖြစ်အောင်လုပ်ရတာလည်း တကယ့်ကို မလွယ်တဲ့ အရာတစ်ခုပါ။ လုပ်ကြည့်မှ ဘယ်လောက်ခက်ခဲတယ်ဆိုတာ သိရတာမျိုးပါ။ အခု ကျွန်တော်မောင်တွင်းပိုးတို့ စာကြည့်တိုက်လေးအတွက် စာရေးဆရာများ ဖိတ်မန်မှုကို အရှင်နေမိန္ဒက တာဝန်ယူပြီး ကျန်တဲ့ ရွာက သံဃာတော်တွေက ရွာမှာ လိုအပ်ရာရာကို စီမံဆောင်ရွက်ခဲ့ကြပါတယ်။ မောင်နေသစ်ကတော့ စာကြည့်တိုက်မှာ ထားမယ့် စာအုပ်တွေကို မျိုးတူခွဲခြင်းစတဲ့ အရာတွေကို လုပ်တာပဲပေါ့။ ဒါပေမယ့် တကယ့်လက်တွေ့ကြတော့....
သက်ဆိုင်ရာအာဏာပိုင်တွေနဲ့ စကားပြောရတဲ့အခါ ငွေသာတွင်းရွာဆရာတော်။စာကြည့်တိုက်ဖြစ်မြောက်ရေးမှာ ရှေ့၊နောက်၊လယ်နေရာစုံကစားခဲ့ရတဲ့ အရှင်ဥတ္တမပါ။ အစီရင်ခံစာမတင်လို့ အကြိမ်းခံခဲ့ရတဲ့ ကျေးရွာ ရ-က-ကအာဏာပိုင်အဖွဲ့နဲ့ စာရေးတွေကိုတော့ စာကြည့်တိုက်ဖြစ်မြောက်ရေးအဖွဲ့ကိုယ်စားပဲ ဒီနေရာက ၀မ်းနည်းပါကြောင်း ပြောလိုက်ပါရစေ။ ဘာပဲဖြစ်ဖြစ် ကနီမြို့နယ်အတွင်းမှာ 1978 ခုက စပြီး နှစ်ပေါင်း(30)အတွင်း စာပေဟောပြောပွဲမရှိခဲ့ဖူးတဲ့ သမိုင်းကို ငွေသာတွင်းသားတွေက ရိုက်ချိုးခဲ့လိုက်နိုင်တာကပဲ စာကြည့်တိုက်ဖြစ်မြောက်ရေးအဖွဲ့က ဂုဏ်ယူနေမိပါတော့တယ်။
အထူးသဖြင့် ဆရာမောင်စိန်ဝင်း(ပုတီးကုန်း)ရဲ့ တွေးစရာနဲ့မေးစရာကဏ္ဍက ကောင်းကင်မရှိတဲ့ကြယ်ဆိုတာလေးက မောင်တွင်းပိုးတို့အတွက် အားရစရာဟောပြောကွက်တစ်ခု။ ကောင်းကင်မှာ ဘာကြယ်ပါလို့ နာမည်မတပ်ခံခဲ့ရပေမယ့် လူမသိသူမသိ ဘ၀နဲ့ လင်းလက်နေတဲ့ ကြယ်လေးတွေ ရှိသလိုပဲ လူမသိသူမသိ နာမည်အသိမခံဘဲ တိုင်းပြည်နဲ့ လူမျိုး။အမျိုးဘာသာသာသနာအတွက် ပေးဆပ်သွားကြတဲ့ သူရဲကောင်းတွေကို ဆရာက ဂုဏ်ပြုဟောပြောသွားတဲ့ ဟောပြောပွဲလေးပါ။
ကျေးဇူးပါဆရာ
ကျေးဇူးပါ အရှင်
ကျေးဇူးပါ လောကကောင်းကင်မှာ နာမည်မခံဘဲလင်းလက်ကြတဲ့ ကြယ်ကလေးတွေ
မသေခင်မှာ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး ကိုယ့်ဆွေမျိုး ကိုယ့်ဘာသာအတွက် အသက်တွေပေးပြီး အများအကျိုးသယ်ပိုးနိုင်ကြမယ်ဆိုရင်ဖြင့်.......

2 comments:
ကိုနေသစ်--
ဘဝဘဏ်စာကြည့်တိုက်စာဖတ်သင်း---
လေးအတွက်-ရယ်--စာပေဟောပြောပွဲ လေးလုပ်နိုင်
ခဲ့တာတွေ--အထိ--ဝမ်းသာကြည်နူးနေမိသလို
လေးစားလျက်ပါရှင်--
Post a Comment