6/22/09

အပြင်းပြေရောက်လာတဲ့ ကမ္ဘာ၊ အပျော်တွေ လွင့်သွားခဲ့ ရွာ


Green Card နှင့်အတူ Homeland Security က ပို့တဲ့ Welcome notice

ကလေးဘ၀တုန်းက အိပ်မက်တွင် ရွာကထွက်ပြီး မြို့ကြီး ပြကြီးတွင် နေရရမည်ဟု မမျှော်လင့်စဖူးခဲ့။ မြို့ကြီးပြကြီး ရောက်ပြန်တော့လည်း အခြားနိုင်ငံတစ်နိုင်ငံသို့ ရေရှည်နေခွင့်ရလိမ့်မည်ဟု မထင်ဖူးခဲ့။ ဆရာဖေမြင့်နှင့် အခြားအခြားသော စာရေးဆရာများကြောင့် အမေရိကားဆိုတဲ့ သိခဲ့သည်။ လင်ကွန်းဆိုတာ ကြားဖူးခဲ့သည် ။ မစ္စစ္စပီမြစ်ဆိုတာကို အလျားလိုက် စိတ်ကူးနဲ့ မျောဖူးခဲ့သည်။ အခုတော့ ... အင်း အခုတော့ နည်းနည်းလေးမှ နားအေးပါးအေးရှိရှိဆိုပြီး ထွက်လာခဲ့သည်။

ယူအက်စ် (တံတွေးစင်သွားရင် ခွင့်လွှတ်ဗျာ) ဆိုတဲ့ နေရာကြီးကို ရောက်တော့ ဂုရုကြီးဘလော့ကိုရန်အောင်က အခွင့်အလမ်းတွေ များသလောက် အခွင့်အရေးတွေလည်း ကျပျောက်သွားတတ်တယ်ဗျ ဟူသော တန်ဖိုးရှိ လွန်းလှသော စကားတစ်ခွန်း သတိပေးပြောခဲ့သည်။ ဟုတ်ကဲ့ ကိုရန်အောင်.. ကျွန်တော် ဆုချီလိပ်ရ မလား၊ ဟဲဟဲ ခများသိသလိုပဲ နေထိုင်ရှင်သန်ရတော့မလား စဉ်းစားနေရပြီးဗျာ။ ရွာက မိဘတွေ (အထူးသဖြင့် စောင့်နေမယ့်စာဥကလည်း ရှိဆိုတော့) အတွက်ဟူသော အကြောင်းပြချက်ဖြင့် တစ်ခုခု ထလုပ်လိုက်ရင် ကောင်းမလား တွေးနေမိသည်။

ဘာပဲဖြစ်ဖြစ်၊ ကျွန်တော်စဉ်းစားစိတ်ကူးထားတာလေး ရှိပါသည်။ အဲဒါကတော့ ...Green Card ရသောနေ့တွင် စာဥကို တကယ်ချစ်တဲ့အကြောင်း ပြောဖို့ပဲ ဖြစ်ပါသည်။ ခက်သည်က သူ့မှာ ဖုံးမရှိ အင်တာနက်မရှိ၊ ကွန်ပျူတာ အကြောင်း မသိ။ သူ့ဘာသာ ရွာတွင် ရေခပ်၊ဈေးရောင်း၊ မြေပဲကောက်၊မြက်ရိတ် ကောင်းနေဟန် ရှိသည်။

ဝိုင်းဝန်းပြီး အကြံလေးများ ပေးတော်မူနိုင်ကြပါသည်ခများ။။။။။။။။။။။

No comments:

http://h1.ripway.com/twinpoe/favicon.ico