Showing posts with label အမှတ်တရ. Show all posts
Showing posts with label အမှတ်တရ. Show all posts

2/11/09

မှာတမ်းစာ

သူငယ်ချင်းနေရု(စစ်ကိုင်း) သီဟိုဠ်ကို ပညာသင်သွားတော့မယ်လို့ သိရတဲ့အခါ သူ့ရဲ့ ဆရာတစ်ဖြစ်လဲ အရှင်သုမင်္ဂလက ပညာသင်စရိတ်ငွေအချို့နဲ့အတူ ထည့်ပေးလိုက်တဲ့ ဆုံးမစာမကျ သတိပေးစာမကျ အမှတ်တရ ကောက်နှုတ်ချက်စာသားလေးတွေပါ။ မိတ်ဆွေအတွက် အကျိုးရှိမယ်ထင်လို့ မျှဝေပေးလိုက်ပါ တယ်။ ပိုပီပီသသ ဖတ်ရအောင် ဒေါင်လုဒ်ဆွဲပြီးသာ ဖတ်ပေတော့ အဆွေတော်တို့ရေ။ ။

စာမြည်းလေးကတော့.................

ရည်မှန်းချက်ပန်းတိုက်ဆိုတာ သတ်မှတ်ချက်ရှိတဲ့ အိပ်မက်တစ်ခုဖြစ်တယ်။


ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးပါ။ ကိုယ်မဖန်တီးရင် သူများ ဖန်တီးသွားလိမ့်မယ်။

ဘ၀ကို လှုံ့စော်ပေးတဲ့အရာနှစ်ခု ရှိတယ်။ တစ်ခုက ကြောက်စိတ်။ တစ်ခုက ချစ်စိတ်။

ကိုယ်ဘာလိုချင်တယ်ဆိုတာ မသိခဲ့ရင် ကိုယ် မရောက်ချင်တဲ့နေရာကို ရောက်သွားတတ်တယ်။

ဖြေးဖြေးသွားရင် ပိုပြီးမြန်မြန်ရောက်တယ်။

သူငယ်ချင်းနေရုကြီး ကိုယ်စိတ်ချမ်းသာပြီး အစစအရာရာ အဆင်ပြေစွာနဲ့ ပညာသင်ယူနိုင်ပါစေ။ရွှေပြည်ကြီးက အမိမြေကို ပြန်လည် ပေးဆပ်နိုင်တဲ့ သာသနာ့အာဇာနည်အရှင်တစ်ပါး ဖြစ်ပါစေကြောင်း ဆုမွန်တောင်လျက်။

http://h1.ripway.com/twinpoe/favicon.ico