Showing posts with label Essay (HIV AIDS Post). Show all posts
Showing posts with label Essay (HIV AIDS Post). Show all posts

11/23/08

အိုဘယ့် အေစ်ဝေဒနာ

ကိုယ်က ငါးပါးသီလလုံပြီး ကိုယ်ကျင့်တရားကောင်းခဲ့ပေမယ့် လက်တွဲဖော်ရဲ့ သစ္စာမဲ့မှုကြောင့် ဒီလိုအမျိုးသမီးလေးတွေနဲ့ ကလေးငယ်တွေဟာ သိပ်သနားစရာကောင်းတဲ့ အခြေအနေတွေကို ရင်ဆိုင်ခဲ့ရပါတယ်။


ဒေါက်တာ ကေ သိရီ ဓမ္မာနန္ဒ ရေးသားခဲ့တာ ဖတ်ဖူးခဲ့တယ်`` ခရီးသွားခြင်းဟာ အကောင်းဆုံးစာအုပ်ကို ဖတ်ရခြင်းပဲ``တဲ့။ အခု ဒီအရှင်လည်း မဖြစ်ညစ်ကျယ် အိပ်မက်လေးတစ်ခုကို အကောင်အထည်ဖော်ဖို့ ခရီးတစ်ခု သွားခွင့်ရခဲ့တာပါ။ မဖြစ်ညစ်ကျယ်အိပ်မက်ဆိုတာက ကိုယ့်ရပ်ကိုယ့်ရွာမှာ ဘ၀ဘဏ်စာကြည့်တိုက်နဲ့ စာဖတ်အသင်းလေး ဖြစ်မြောက်အောင် ဆောင်ရွက်နိုင်အောင်လုပ်ဖို့ပါ။ လောလောဆယ် ဖြတ်ပိုင်းနဲ့ အလှူငွေတွေ ကောက်ခံတဲ့ အဆင့်ကို စတင်နေပါတယ်။ ဒါလည်း လိုအပ်နေတဲ့ အဆောက်အဦအတွက်ပါ။ ဒီလိုခရီးလေးကို မဖြစ်ညစ်ကျယ်လူတစ်ယောက် ပါဝင်ခွင့်ရခဲ့ရာက ကြီးကျယ်ခမ်းနားတဲ့ ပရောဂျက်တွေ ကြီးကျယ်ခမ်းနားတဲ့ ပရောဂျက်တွေ ရေးဆွဲလုပ်ဆောင်ဖို့ ကြိုးစားနေတဲ့ သူတွေကို တွေ့ခွင့် ပြောဆိုဆွေးနွေးခွင့်ရတဲ့အတွက် ကျေးဇူးတင်ရပါတယ်။ လောကကြီးက ကျေးဇူးတင်သင့်တဲ့လူသားတွေ လူသားဆန်တဲ့လူသားတွေကိုလည်း မွေးထုတ်ထားပေးပါလားလို့ တခုတ်တရ ကျေးဇူးတင်နေမိပြန်ပါတယ်။ တကယ်တော့ ဒီပိုစ်ဟာ HIV/AIDနဲ့ ပတ်သက်တဲ့ ပိုစ်လေးတစ်ခုပါ။ ဒါပေမယ့် စိတ်နဲ့ ခံစားလို့ ရပေမယ့် စကားလုံးနဲ့ ခင်းကျင်းပြသခွင့် မရတဲ့ ပုံရိပ်တွေဆိုတာလည်း ရှိနေပါတယ်လေ။ တစ်နေ့နေ့တော့ စကားလုံးတွေနဲ့ ဖန်တီးခွင့်ရ ဦးမယ်လို့ မျှော်လင့်မိပါတယ်။

http://h1.ripway.com/twinpoe/favicon.ico