ပွဲတော်ညက အပြန်
တနေ့ အလုပ်ကနေ ပင်ပင်ပန်းပန်းပြန်အလာ အိမ်ရှေ့ထိုင်နေသော သူငယ်ချင်းတွေက ဟစ်ဟော့ပွဲတော် ကို လိုက်မလားတဲ့။ ဘယ်သူတွေ ဆိုမှာလဲလို့ မေးတော့ ကိုယ်တို့မြို့သားတွေတဲ့။ သူတို့က အခုနာမည် ကြီးနေပြီ။ ကာလဖိုးနီးယားမှာ သွားနေကြတယ်တဲ့။ သူတို့ အိမ်တွေကတော့ သည်မှာတဲ့။ သူတို့ပြောသံ ကြားတော့ ဟစ်ဟော့ဆိုတာနဲ့ သူတို့ဆိုတဲ့ သီချင်းတွေကိုသာ နားမလည်တာ။ ကိုယ်နေထိုင်နေ တဲ့ မြို့ကလေးရဲ့ သူရဲကောင်းတွေလည်းဖြစ်၊ ကိုယ်ကိုယ်တိုင် စိတ်ကို လန်းဆန်းသွားချင်တာ လည်း ဖြစ်နေတော့ လိုက်မယ်၊ ဘယ်လို လက်မှတ်ဝယ်ရမလဲဟု မေးလိုက်မိသည်။ သို့ဖြင် တခါတည်း သူတို့နှင့် စကားပြောရင်း ဖုန်းနှင့် လက်မှတ်ဝယ်ထားလိုက်သည်။
ဆိုတော့။ ပြီးခဲ့သည့် စနေနေ့က အဲသည်ဟစ်ဟော့ပွဲတော်သို့ သူငယ်ချင်းတွေနှင့် ရောက်ဖြစ်ခဲ့သည်။ အဆိုတော်တွေက တယောက်က အသက်နှစ်ဆယ်၊ တယောက်က နှစ်ဆယ့်ငါးနှစ်။ တကယ့်ကို လူငယ်အရွယ်ကောင်းတွေ။ ပြီးတော့ အောင်မြင်ကျော်ကြားနေသူတွေ၊ မီလျံနာနဲ့ ချီပေးရတဲ့ ဈေးကြီးကြီး စံတော် အိမ်တွေနဲ့ နေထိုင်နေနိုင်တဲ့သူတွေ။ အားကျစရာ၊ အားရစရာ။
ကျွန်တော်တို့ အဲသည်ပွဲကို သွားဖို့ ရက်အတန်ကြာကတည်းက ကြိုတင်ပြင်ဆင်ခဲ့ကြသည့်။ တယောက် ကို ဒေါ်လာနှစ်ဆယ်စီ စုပြီး ဘီယာက အစ အစားသောက်အစုံ လုံလုံလောက်လောက် ပြင်ဆင်ခဲ့ကြသည်။ ကွင်းထဲရောက်ရင် ဘီယာသောက်ခွင့် မရဘူးဆိုသဖြင့် အပြင် ကတည်းက အ၀သောက်ခဲ့ကြဖို့ပါ တိုင်ပင် ခဲ့ကြသည်။ အိမ်ကနေ နေ့လည် ၁ နာရီလောက် စထွက်ပြီး ၁ နာရီခွဲလောက် ရောက်သွားသည်။
ဟိုရောက်တော့ ကားရပ်သည့် ဂိတ်တောင် မဖွင့်သေးပေ။ ကိုယ်တွေ တင်ပဲလားဆိုတော့ မဟုတ်။ အားပါးပါး။ များလိုက်သည့်လူတွေ။ များလိုက်သည့်ကားတွေ။ တချို့ဆို ကျောင်းကား အကြီးစား ဘတ်စ် ကားတွေနဲ့ တပျော်တပါး။ ကိုယ်တို့ အညာက ဇာတ်ပွဲတွေမှာ လှည်းတစ်စီးနဲ့ လူများစွာ စုစီးလာကြသလို။ ကားရပ်စရာ နေရာရှာသည်ကိုက တဒုက္ခ။ နောက်တော့ လမ်းဘေးတနေရာမှာ ထိုးရပ်လိုက်ကြပြီး အသင့်ပါလာသည့် ကုလားထိုင်တွေ ချ၊ ဘီယာသောက်၊ စကားတပြောပြော။ ဟိုဘက်အဖွဲ့ကို လှမ်းအော် လိုက်နှင့် ပျော်စရာ။ ရွာက ဇာတ်ပွဲတွေမှာဆိုရင်တော့ သည်အချိန် နွားတွေ အစာကျွေးနေ မ လား။ တွေးတွေးပြီး ရွာက ဇာတ်ပွဲလေးကို လွမ်းလိုက်။ သူငယ်ချင်းတွေ ပြောသည့် စကားနောက် ရောယောင် လိုက်လိုက်။
လက်မှတ်စစ်တဲ့ ဂိတ်အ၀င်ဝကို ရောက်တော့ သူပြောသလိုပဲ ပထမလုံခြုံရေးအရ စစ်သည်။ ပြီးတော့ ကိုင်ထားသည့် ရေသန့်ဗူးကို ဖွင့်ကြည့်ပြီး အခွံကို လွှင့်ပစ်လိုက်သည်။ ကျွန်တော်က ဘာကြောင့် လွှင့်ပစ်တာလဲ ရေသန့်ဗူးခွံကိုဆိုတော့ ငနဲက ပြန်မပြော။ ဘော်ဒါတယောက်ကို မေးကြည့်တော့ သူလည်း မသိဘူးတဲ့။ ဒါပေမယ့် ငါ့အထင် အပိတ်ပါရင် အခြားသူကို ထိခိုက်အောင် ရေသန့်ဗူးနဲ့ လှမ်းပစ်တာတွေ ဘာတွေ လုပ်မှာစိုးလို့ နေမှာတဲ့။ ဂလိုလားလို့ပဲ စိတ်မှာ မှတ်ချက်ပြုလိုက်ရသည်။
အထဲရောက်တော့ ရှေ့ပြေးအဆိုတော်ပေါက်စတွေက ဆိုနေကြပြီ။ လူလည်း တော်တော်လေး စုံနေပြီ။ သည်ကြားထဲ ကိုယ်က ယူလာသည့်ရေသန့်ဗူးတစ်ဘူးလုံးသောက်ပစ်ထားတာဆိုတော့ အပေါ့ပါးက သွားချင်လာပြီ။ ပြဿနာ။သကောင့်သား ကျေးဇူးရှင်တွေကလည်း သောက်လို့ ကလို့ ကောင်းခါ စ။ ကောင်မလေးတွေကို အကူညီတောင်းဖို့ဆိုပြန်တော့လည်း မသင့်တော်ပြန်။ သို့ဖြင့် ကိုယ့်ဘာသာ သွားမည်လုပ်ခါမှ တယောက်က နေ မင်းတစ်ယောက်တည်းမသွားနဲ့ဆိုပြီး လိုက်လာသည်။ သူသာ လိုက်မပို့ရင် ကျွန်တော်တို့တတွေ လူစုကွဲသွားကြမှာ သေချာသလောက်ရှိသည်။ သည်လောက်ကွင်း အကျယ်ကြီးမှာ သည်လောက်လူတွေအများကြီးနှင့် မလွယ်။ ပြီးတော့ ကိုယ်တွေက ရိုးလ်နံပါတ်တွေ ဘာတွေနဲ့မဟုတ်။ မြေပြင်မှာ မတ်တတ်ရပ်ကြည့်ရသည့် အတန်းကဆိုတော့ ပိုဆိုးသည်။
ဆိုတော့ အဲသည်က ပြန်အလာ ကိုယ်လည်း သူတို့လုပ်သလို လိုက်လုပ်ကြည့်သည်။ မရ။ ခြေထောက်တွေကသာ သီးချင်းရဲ့ စည်းချက်နဲ့ အညီ လှုပ်နေတာ။ လက်က မလှုပ်။ သည်လိုပွဲ သည်လိုမျိုး တခါမှ မတွေ့ကြုံဖူးတော့ မသိစိတ်ထဲမှာ ရှက်နေတာပဲလား။ မပြောတတ်။ ကိုယ့်အဖြစ်ကို ကြည့်ပြီး တာရာဆိုသော သူငယ်ချင်းမလေးက နေ သည်လို ကရတယ်လို့ ကိုယ့်လက်ကို ကိုင်မြှောက် လိုက်တော့မှ အော် ငါက ကပွဲကိုရောက်နေတာပလားဆိုသည့် အသိက ၀င်လာတော့သည်။ မကြာလိုက်ပါ။ ကိုယ်နဲ့ ပွဲတော်က စီးချက်ကိုက်သွားသည်။ လက်ရော ခြေထောက်ပါ လှုပ်တတ် လာပြီး နှုတ်က အော်တတ်လာသည်။ မွန်းကျပ်မှုတွေ ပြေလျှော့သည်ထိ၊ အာခေါင်တခု လုံး ခြောက်သွား သည်ထိ အော်ပြစ်လိုက်သည်။ တခါတခါ ဆူညံနေသည့် အသံတွေနဲ့အတူ ညီမလေး သော်တာ သစ်မှူးရေ လို့ပါ အော်ပစ်လိုက်သည်။ တကယ်ကော ညီမလေး အကို့အသံကို ကြားနိုင်ပါသလား။ မသိ။ လောလော ဆယ် ကိုယ်သိချင်သည်က မွန်းကျပ်မှုတွေ ဘယ်လောက်ထိ ပြေလျှော့သွားနိုင်မလဲ။ သည်လို အော် လိုက်၊ ခေါ်လိုက်ခြင်းအားဖြင့်။ သတိရမှုတွေနဲ့ မွန်းကျပ်လိုက်တာ ညီမလေးရယ်။
ညဦးပိုင်း ကိုးနာရီကျော်ကျော်လောက် ရောက်တော့ ဒေ့ဗ်က အကြံအဖန်လုပ်ပြီး ရှေ့မှာ ထိုင်ခုံရအောင် လုပ်ခဲ့သည်။ ပြီးတော့ ကိုယ်တို့တတွေကို လာခေါ်သည်။ ကိုယ်တို့ငါးရောက် ရှေ့မှာ ခုံရတော့ ခုံပေါ်မှာ အများနည်းတူမတ်တပ်ရပ် ကကြပြန်သည်။ ကိုယ်သိထားတာက ခုံဆိုတာ ထိုင်ဖို့မဟုတ်လား။ ဘာကြောင့် များ ခုံပေါ်မှာ အားလုံးလိုလို မတ်တတ်ရပ်နေကြပါလိမ့်။ တွေးပြီး ပြုံးမိပြန်သည်။ အော် ခုံ၊ နေရာ။ ဂျက်စတင်က ဟိုဘက်ထိပ်ကခုံမှာ။ ပြီးတော့ သူ့ချစ်သူ တာရာ။ တာရာပြီးတော့ ဘရန်ဒီ။ ဘရန်ဒီ့နံဘေး မှာ ကိုယ်။ ကိုယ့်နံဘေးမှာမှ ဘရန်ဒီ့ချစ်သူ ဒေ့ဗ်။ ကိုယ်က သူများ အတွဲကြားမှာ။ ဒါနှင့် ဒေ့ဗ်ကို မင်း သည်ဘက်လာပါလားလို့ နေရာပြောင်းပေးဖို့ ပြောတော့ သူက အဆင်ပြေတယ်။ မပြောင်းဘူးဆိုလို့ ဖယ် မပေးဖြစ်တော့။
ကြာတော့လည်း မတ်တပ်ရပ် အော်ရ ကရတာက အဆင်မပြေ။ ထိုင်ခုံနောက်ဖျားကို ခြေထောက် က ရောက်သွားရင် ထိုင်ခုံက လည်သွားပြီး လူက ထိုင်ချလိုက်ရသည်လည်း ခဏခဏ။ဘရန်ဒီနှင့်ဒ့ဗ်ခမျာ မကြာခဏ ကျွန်တော်လက်ကို ဆွဲပြီး ဖမ်းထိန်းနေရသည်။ တခါတခါ သူတို့က ဟန်ချက်ပျက်လိုက်။ ကိုယ်က ဆွဲဖမ်းထိန်းလိုက်နှင့် ရယ်စရာတော့ အကောင်းသား။ ဟိုဘက်ကအတွဲက စီးချက် ညီ အော်လို့ ဟစ်လို့ တယောက်ကို တယောက်ဖက်လို့။ ကိုယ့်ရှေ့တည့်တည့်က ကောင်မလေးကတော့ အဖော်မပါပေ မယ့် လုံးဝ ဟန်ချက်မပျက်။ ကနေမြဲ၊ အော်နေမြဲ၊ ပျော်နေမြဲ။
ကိုယ်ကတော့ မရတော့။ အာခေါင်တွေ ခြောက်လာပြီ။ ခြေထောက်တွေ ညောင်းလာပြီ။ မရပ်ချင်တော့။ မကချင်တော့။ မအော်ချင်တော့။ အဲသည်အချိန်မှာ အတွေးတခုက ခေါင်းထဲဝင်လာသည်။ ဟုတ်သည်။ အဲသည်အချိန်။ Mac Miller အလှည့်ပြီးလို့ နောက်တစ်ယောက် Wiz Khalifa တောင် စ ဆိုခါစ။ ကျွန်တော် ကိုယ်အပါဝင် လူတွေ ဆိုနေ ကနေကြတာကို အသိသဘောနှင့် သတိထားမိလိုက် သည်။ နောင် အနှစ်တရာဆို သည်လူတွ အားလုံး ရှိကြပါဦးမလား။ မသေချာ။ ခုန က ပျော်နေ အော်နေသမျှ ဘယ်ရောက်ကုန်ပြီလဲ။ မသိတော့။ သည်အတွေးမျိုး ၀င်လာတယ် ဆိုတာက ကိုယ်ပိုင်အသိဥာဏ်ကြောင့်တော့ မဟုတ်။ ငယ်ငယ်က ဖတ်ခဲ့မှတ်ခဲ့ဖူးသည့် စာထဲမှာပါသည့် လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ထောင့် ခြောက်ရာကျော် ပတ်ဝန်းကျင်က အဖြစ်အပျက် တခုကြောင့်သာဖြစ်သည်။
လွန်ခဲ့သည့် နှစ်ပေါင်းများစွာက လူငယ်နှစ်ယောက် တောင်ထိပ်ပွဲသဘင်သို့ သွားကြည့်ကြသည်။ သူတို့ တတွေက ပုဏ္ဏားမျိုးနွယ်တွေ။အသိပညာရှိသူတွေ။ သူတို့တတွေ တောင်ထိပ်ပွဲသဘင် ကြည့်ပြီး တွေးခဲ့ကြသတဲ့။ အခုကနေတဲ့သူတွေ၊ အခု ကြည့်နေတဲ့ သူတွေ နောက်နှစ်ပေါင်း တရာလောက် ဆို ရှိကြပါဦးမလား။ အဲသည်မှာ သတိသံဝေဂရပြီး တရားထူးရှာဖို့ ပြင်ဆင်ကြသတဲ့။ နောင်တော့ တယောက်ယောက်က အမှန်တရားတခုခု စ ရရင် အခြားသူကို ပြန်မျှဝေကြေးဆိုပြီး တိုင်ပင်ခဲ့ကြပြီး တိုင်ပင်ခဲ့သလို အချင်းချင်း တယောက်ကို တယောက် အမှန်တရားနဲ့ ပတ်သက်သမျှ ပြန်လည် မျှဝေခဲ့ကြ သည်ဟူ၏။ နောင်တော့ သူတို့ နှစ်ဦးဟာ ဗုဒ္ဓဘာသာသမိုင်းမှာ တကယ့်ကြီးမြတ်သူတွေ အဖြစ် ထင်းရှားခဲ့ ကြသည်။
ဆိုတော့။ ကိုယ်လည်း ဘာကောင်မှမဟုတ်ဘဲ တကယ့် အာဇာနည်ပုဂ္ဂိုလ်တွေလို အတွေးမျိုးတွေ ၀င်လာတော့ စိတ်က ရှော့ဖြစ်သွားသည်။ ကိုယ့်ကိုယ်ကို ပြန်လည် သတိပေးနေရ သည်။ ဟေ့ကောင် မင်း ဘာကောင်မှ မဟုတ်ဘူး။ လက်ရှိမှာပဲ ပျော်ပျော်နေ။ အတိတ်ကိုလည်း ပြန်မတွေးနဲ့၊ အနာဂတ် အကြောင်းလည်း တွေးမပူနဲ့လို့။ မရ။ တခါတခါကျ အမှန်တရားဆိုပေမယ့် သိတိုင်းကောင်းပါသလား။ ကျွန်တော် မတ်တတ်ရပ် ပြန်ကဖို့ ပြန်အော်ဖို့ ကြိုးစားမိသည်။ မရ။ အခြားသူတွေ ပျော်နေတာကို ကြည့်သည်။ ရှေ့က ကောင်မလေး အော်နေ ပျော်နေတာကို ကြည့်သည်။ နံဘေးက စုံတွဲတွေကို ကြည့် သည်။ သူတို့အပျော်တွေ ကိုယ့်ဆီများ ကူးစက်လာမလားလို့။ မရ။ Wiz Khalifa ရဲ့ No Sleep, Roll up သီချင်းတွေ ဆိုသွားတာ ကိုယ်သတိမထားလိုက်မိတော့။ သည်လိုနဲ့ တယောက်တည်း ခေါင်းငိုက်စိုက်ချပြီး အတွေးချင်း လုံးထွေးပူးသတ်နေသည့် ဒဏ်ကို ခံနေလိုက်ရသည်။
တော်တော်ကြာတော့ ဟိုဘက်ထိပ်က ဂျက်စတင်က လှမ်းအော်သည်။ နေ ထတော့။ ငါတို့မြို့ရဲ့ သီချင်းဆိုပြီဆိုတော့မှ။ ဟုတ်ပါလား။ Black and Yellow သီချင်းတောင်ဆိုပြီး ပွဲသိမ်းတော့မှာပါလား။ သို့ဖြင့် မရရအောင် ကြိတ်မှိတ်ထပြီး Black and Yellow သီချင်းကို ထအော်လိုက်ဖြစ်သည်။ (သည်သီချင်းက ကိုယ်တို့မြို့လေးက ဘောလုံးအသင်းအတွက် စပ်ဆိုထားသည် သီချင်း။ ဘောလုံး အသင်း အရောင်က အနက်နဲ့ အ၀ါရောင်။)
ပွဲပြီးလို့ ပြန်လာတော့ လူစုမကွဲအောင် တယောက်လက်ကို တယောက်ဆွဲပြီး လူအုပ်ကြီးထဲက တိုးထွက်လိုက်ကြသည်။ ကားနားရောက်တော့ ဒေ့ဗ်က မေးသည်။ နေ မင်း ပျော်ရဲ့လား။ မင်းကြည့်ရတာ အစပိုင်းတော့ ဟုတ်မလိုလိုနဲ့။ နောက်ပိုင်းကြတော့ ခေါင်းငိုက်စိုက်ချပြီး မတ်တတ်တောင် မရပ်တော့ဘူး ဟု ပြောလာသည်။ ဂျက်စ်တင်က သည်အတိုင်း။ ဒေ့ဗ်ပြောသည့်စကားကို ထောက်ခံရင်း မေးပြန် သည်။ ပျော်ရဲ့လားတဲ့။
ဘာပြန်ပြောရပါ့။ ခုနက ကျွန်တော်တွေးခဲ့သည့်အတွေးသာ ချပြလိုက်လျှင် သူတို့ လည်း တော်တော်လေး လေသွားမှာသေချာသည်။ ပျော်နေတဲ့စိတ်တွေ ပျောက်သွားမှာ သေချာသည်။ ကျွန်တော်ပြောတာ ကို သေသေချာချာ နာလည်ကြရင်ပေါ့လေ။ ဒါပေသည့် ကျွန်တော် မရှင်းပြချင်တော့ ။ပျော်ပါတယ်။ ငါ့ကို သည်ပွဲမျိုးနဲ့ မိတ်ဆက်ပေးတဲ့အတွက် မင်းတို့အားလုံးကို ကျေးဇူးတင်ပါ တယ်လို့ ပြောပြီး အိမ်အပြန်တလမ်းလုံး အိပ်ပြီး လိုက်ခဲ့ဖြစ်သည်။
အိမ်ရောက်တော့ ည တစ်နာရီထိုးနေပြီ။ အိပ်ချင်နေပေမယ့် အိပ်မရ။ အပျော်များ၊ သံဝေဂတရားနှင့် ကိုယ့်ကိုယ်ကို မအပ်စပ်မှန်း နားလည်လိုက်သောအခါမှ အိပ်မောကြသွားတော့သည်။
အော် မိုက်တွင်းနက်ဦးမယ့် လူတစ်ယောက် အကြောင်းများ ပြောပါတယ်လေ။ ။

ကားရပ်နားရမည့် ဂိတ် ဖွင့်ချိန်ရောက်သည်နှင့် ပစ္စည်းတွေ ကားပေါ်ပြန်တင်။ ကားတန်းကြီးရဲ့ အထဲ ကိုယ်တွေရဲ့ စီးတော်ယာဉ်နှစ်စီးလည်း တိုးဝင် တန်းစီ။ နာရီဝက်လောက် တန်းစီဝင်ပြီးမှာ ကိုယ်တို့ စီးတော်ယာဉ်တွေ အတွက် နေရာရတော့သည့်။ ကားရပ်ဖို့ နေရာရပြီးတာနဲ့ ပါလာတဲ့ ထိုင်ခုံတွေ စားပွဲတွေ အစားအသောက်တွေကို စနစ်တကျစီ ပြင်ဆင်ရပြန်သည်။ ကိုယ်လိုပဲ နံဘေးက အဖွဲ့တွေ ကြည့် လိုက်တော့ စားစရာ သောက်စရာတွေ ကိုယ်စီနဲ့။ တချို့လက်မှတ်မရှိသေးသူတွေအတွက် လက်မှတ်ရောင်းနေသူအချို့လည်း ရှိရဲ့။ မှောင်ခိုတော့ ဟုတ်မယ်မထင်။ မလုံ့တလုံကောင်မလေးတွေက Sale Ticket ဆိုတဲ့ ဆိုင်းဘုတ်ကြီးကို ပေါ်ပေါ်ထင်ထင်ကိုင် လမ်းလျှောက်ရောင်းလို့။
သည်လိုနဲ့ ကိုယ်တို့တတွေ ဘီယာသောက်ရင်း စားရင်းသောက်ရင်း ဂိမ်းတွေ ကစားနေကြသည်။ ကျွန်တော်တို့ ကစားကြသည့် ဂိမ်းတွေက Beer Pone Game နဲ့ Corn Hole Game ။ စပ်မိတုန်း ကျွန်တော် သည်ဂိမ်းတွေနှင့် စထိတွေ့တုန်းက အတွေ့ကြုံလေး သတိရမိလိုက်သည်။ အထူးသဖြင့် Beer Pong ကစားနည်း။ သည်ကစားနည်းက ဘီယာသမားလေးတွေ အကြိုက်။ စာပွဲတခုရဲ့ ဟိုဘက်ထိပ် သည်ဘက်ထိပ်မှာ ခွက်ကလေးတွေ တန်းစီထားရသည်။ ခွက်တွေထဲမှာ ဘီယာ သို့မဟုတ် ရေထည့် ထားရသည်။ လေးယောက်ကစားမယ်ဆိုရင် တဘက် နှစ်ယောက်စီ။ ဟိုဘက်ထိပ်က လူက သည်ဘက် ထိပ်က ခွက်ထဲကို ဂေါ်လီလုံးတွေ ပစ်ထည့်ရသည်။ တကယ်လို့ တဘက်လူက ပစ်ထည့် လိုက် ဂေါ်လီလုံးက ကိုယ့်ရှေ့ကခွက်ထဲ ကျသွားပြီဆိုရင်တော့ ဘာမျှ ပြန်မပြောမနေနဲ့တော့။ တခါတည်း တကြိုက်တည်း သောက်ချလိုက်ပေတော့။ ခွက်ထဲက ဘီယာမဟုတ်ဘဲ ရေဆိုရင်တော့ ကိုယ်ကိုင်ထား သည့် ဘီယာပုလင်း (ဘီယာဗူး)ကို တကြိုက်တည်း သောက်ပစ်ရသည်။
အစကတော့ ကိုယ်က ဘီယာပဲသောက်ချင်တာဆိုတော့ အရှုံးခံသည်။ ဒါပေသည့် သုံးလေးခါလောက် ဆက်တိုက် မော့သောက်နေရတော့ လူက မခံနိုင်တော့။ အဲသည်အခါမှ ငါနိုင်အောင် ပစ်မှဆို ပြီး ဂေါ်လီ လုံးကို ၀င်အောင် ပစ်ဖို့ ကြိုးစားရတော့သည်။ အဲလို အရှုံးခံ သောက်ချင်တဲ့သတ္တ၀ါ။

(ပွဲမစခင် Beer Pong Game ကစားနေကြစဉ်)
သည်လိုကားတွေ တန်းစီရပ်ထားပြီး ကိုယ့်ကားရဲ့ နံဘေးမှာ ကစားနေကြ သည့် မြင်ကွင်းလေးကို မြင်ရတော့ ကိုယ်တို့ ငယ်ငယ်က ရွာ ဇာတ်ပွဲတွေမှာ ပွဲမစခင် လှည်းဘေးမှာ ဆော့ ကြတာကို သတိရမိပြန်သည်။ လွမ်းလွန်လွန်းလို့ပေါ့ အညာက ဇာတ်ပွဲလေးကို။ သည်လိုနဲ့ စားလိုက် သောက်လိုက်၊ ဆော့လိုက်နှင့် ည ခြောက်နာရီတောင် ထိုးခါနီးပြီ။ အပေါ့အပါးသွားဖို့ ယာယီ အိမ်သာတွေ ရှိတဲ့ဆီသွားလိုက်တော့ လူတွေအများကြီး။ ယောက်ျားလေးသုံး မိန်းကလေးသုံး ခွဲမထား။ သည်ကြားထဲ ကိုယ့်အလှည့်စောင့်နေစဉ် အေးရှားသားကိုယ့်ကို တရုတ်က ဟိုလူနဲ့ တူသလိုလို ဘာလို လိုပြောပြီး ဓာတ်ပုံအတူရိုက်ပါရစေဆိုပြီး သကောင့်သား သကောင့်သူလေးတွေကြောင့် လွယ်ထားရသည့် ဒုက္ခက ဘယ်ပျောက်လို့ ပျောက်သွားမှန်းမသိတော့။ အေးလေ သကောင့်သားလေးတွေကလည်း ကိုယ့်လိုပဲ ရွှေရည်တော် တော်တော် သောက်ထားကြဟန်တူပါရဲ့။ သည်ရုပ်ကိုများ တရုတ်က နာမည်ကြီး သရုပ်ဆောင် သိုင်းသမားနဲ့ တူအောင် ကြည့်နိုင်အောင်ကို သောက်ထားကြပုံများ။ ပွဲလာကြည့်သည့် ပရိသတ်ကို လိုက်ကြည့်လိုက်တော့ အားလုံးက အဖြူတွေ အမဲတွေ။ ကိုယ်တို့လို အ၀ါရောင်တွေမှ မပါ တာ။
ကိုယ်နေရာကိုယ် ပြန်ရောက်တော့ တစ်ယောက်က အထဲဝင်ကြရအောင် အချိန်ဆယ်မိနစ်ရတယ်။ ဘီယာ အ၀သောက်ခဲ့ကြဟု သတိပေးတော့ ကျွန်တော်က ရေသန့်ဗူးခွံထဲ ဘီယာပြောင်းထဲဖို့ ပြင်လိုက်မိသည်။ ဂျက်စတင်က နေ မင်း အဲလို မရဘူး။ ဂိတ်ပေါက်ရောက်တာနဲ့ အကုန်စစ်မှာ။ ရေသန့်ဗူးကိုတောင် သူတို့က ဖွင့်မှာဆိုသဖြင့် ဘီယာထည့်ဖို့ ပြင်နေသည့်လက်က အလိုလို ကိုယ့်ပါးစပ်ထဲကို လောင်းချမိ ရက်သားဖြစ်သွားသည်။ အဲလိုကို ကိုယ်က ဘီယာ မကြိုက်တာ။
ဂိတ်အ၀င်သို့ ချီတက်နေကြစဉ်
အ၀င်ဂိတ်မှာ
လက်မှတ်စစ်တဲ့ ဂိတ်အ၀င်ဝကို ရောက်တော့ သူပြောသလိုပဲ ပထမလုံခြုံရေးအရ စစ်သည်။ ပြီးတော့ ကိုင်ထားသည့် ရေသန့်ဗူးကို ဖွင့်ကြည့်ပြီး အခွံကို လွှင့်ပစ်လိုက်သည်။ ကျွန်တော်က ဘာကြောင့် လွှင့်ပစ်တာလဲ ရေသန့်ဗူးခွံကိုဆိုတော့ ငနဲက ပြန်မပြော။ ဘော်ဒါတယောက်ကို မေးကြည့်တော့ သူလည်း မသိဘူးတဲ့။ ဒါပေမယ့် ငါ့အထင် အပိတ်ပါရင် အခြားသူကို ထိခိုက်အောင် ရေသန့်ဗူးနဲ့ လှမ်းပစ်တာတွေ ဘာတွေ လုပ်မှာစိုးလို့ နေမှာတဲ့။ ဂလိုလားလို့ပဲ စိတ်မှာ မှတ်ချက်ပြုလိုက်ရသည်။
အထဲရောက်တော့ ရှေ့ပြေးအဆိုတော်ပေါက်စတွေက ဆိုနေကြပြီ။ လူလည်း တော်တော်လေး စုံနေပြီ။ သည်ကြားထဲ ကိုယ်က ယူလာသည့်ရေသန့်ဗူးတစ်ဘူးလုံးသောက်ပစ်ထားတာဆိုတော့ အပေါ့ပါးက သွားချင်လာပြီ။ ပြဿနာ။သကောင့်သား ကျေးဇူးရှင်တွေကလည်း သောက်လို့ ကလို့ ကောင်းခါ စ။ ကောင်မလေးတွေကို အကူညီတောင်းဖို့ဆိုပြန်တော့လည်း မသင့်တော်ပြန်။ သို့ဖြင့် ကိုယ့်ဘာသာ သွားမည်လုပ်ခါမှ တယောက်က နေ မင်းတစ်ယောက်တည်းမသွားနဲ့ဆိုပြီး လိုက်လာသည်။ သူသာ လိုက်မပို့ရင် ကျွန်တော်တို့တတွေ လူစုကွဲသွားကြမှာ သေချာသလောက်ရှိသည်။ သည်လောက်ကွင်း အကျယ်ကြီးမှာ သည်လောက်လူတွေအများကြီးနှင့် မလွယ်။ ပြီးတော့ ကိုယ်တွေက ရိုးလ်နံပါတ်တွေ ဘာတွေနဲ့မဟုတ်။ မြေပြင်မှာ မတ်တတ်ရပ်ကြည့်ရသည့် အတန်းကဆိုတော့ ပိုဆိုးသည်။
ဆိုတော့ အဲသည်က ပြန်အလာ ကိုယ်လည်း သူတို့လုပ်သလို လိုက်လုပ်ကြည့်သည်။ မရ။ ခြေထောက်တွေကသာ သီးချင်းရဲ့ စည်းချက်နဲ့ အညီ လှုပ်နေတာ။ လက်က မလှုပ်။ သည်လိုပွဲ သည်လိုမျိုး တခါမှ မတွေ့ကြုံဖူးတော့ မသိစိတ်ထဲမှာ ရှက်နေတာပဲလား။ မပြောတတ်။ ကိုယ့်အဖြစ်ကို ကြည့်ပြီး တာရာဆိုသော သူငယ်ချင်းမလေးက နေ သည်လို ကရတယ်လို့ ကိုယ့်လက်ကို ကိုင်မြှောက် လိုက်တော့မှ အော် ငါက ကပွဲကိုရောက်နေတာပလားဆိုသည့် အသိက ၀င်လာတော့သည်။ မကြာလိုက်ပါ။ ကိုယ်နဲ့ ပွဲတော်က စီးချက်ကိုက်သွားသည်။ လက်ရော ခြေထောက်ပါ လှုပ်တတ် လာပြီး နှုတ်က အော်တတ်လာသည်။ မွန်းကျပ်မှုတွေ ပြေလျှော့သည်ထိ၊ အာခေါင်တခု လုံး ခြောက်သွား သည်ထိ အော်ပြစ်လိုက်သည်။ တခါတခါ ဆူညံနေသည့် အသံတွေနဲ့အတူ ညီမလေး သော်တာ သစ်မှူးရေ လို့ပါ အော်ပစ်လိုက်သည်။ တကယ်ကော ညီမလေး အကို့အသံကို ကြားနိုင်ပါသလား။ မသိ။ လောလော ဆယ် ကိုယ်သိချင်သည်က မွန်းကျပ်မှုတွေ ဘယ်လောက်ထိ ပြေလျှော့သွားနိုင်မလဲ။ သည်လို အော် လိုက်၊ ခေါ်လိုက်ခြင်းအားဖြင့်။ သတိရမှုတွေနဲ့ မွန်းကျပ်လိုက်တာ ညီမလေးရယ်။
ညဦးပိုင်း ကိုးနာရီကျော်ကျော်လောက် ရောက်တော့ ဒေ့ဗ်က အကြံအဖန်လုပ်ပြီး ရှေ့မှာ ထိုင်ခုံရအောင် လုပ်ခဲ့သည်။ ပြီးတော့ ကိုယ်တို့တတွေကို လာခေါ်သည်။ ကိုယ်တို့ငါးရောက် ရှေ့မှာ ခုံရတော့ ခုံပေါ်မှာ အများနည်းတူမတ်တပ်ရပ် ကကြပြန်သည်။ ကိုယ်သိထားတာက ခုံဆိုတာ ထိုင်ဖို့မဟုတ်လား။ ဘာကြောင့် များ ခုံပေါ်မှာ အားလုံးလိုလို မတ်တတ်ရပ်နေကြပါလိမ့်။ တွေးပြီး ပြုံးမိပြန်သည်။ အော် ခုံ၊ နေရာ။ ဂျက်စတင်က ဟိုဘက်ထိပ်ကခုံမှာ။ ပြီးတော့ သူ့ချစ်သူ တာရာ။ တာရာပြီးတော့ ဘရန်ဒီ။ ဘရန်ဒီ့နံဘေး မှာ ကိုယ်။ ကိုယ့်နံဘေးမှာမှ ဘရန်ဒီ့ချစ်သူ ဒေ့ဗ်။ ကိုယ်က သူများ အတွဲကြားမှာ။ ဒါနှင့် ဒေ့ဗ်ကို မင်း သည်ဘက်လာပါလားလို့ နေရာပြောင်းပေးဖို့ ပြောတော့ သူက အဆင်ပြေတယ်။ မပြောင်းဘူးဆိုလို့ ဖယ် မပေးဖြစ်တော့။
ကြာတော့လည်း မတ်တပ်ရပ် အော်ရ ကရတာက အဆင်မပြေ။ ထိုင်ခုံနောက်ဖျားကို ခြေထောက် က ရောက်သွားရင် ထိုင်ခုံက လည်သွားပြီး လူက ထိုင်ချလိုက်ရသည်လည်း ခဏခဏ။ဘရန်ဒီနှင့်ဒ့ဗ်ခမျာ မကြာခဏ ကျွန်တော်လက်ကို ဆွဲပြီး ဖမ်းထိန်းနေရသည်။ တခါတခါ သူတို့က ဟန်ချက်ပျက်လိုက်။ ကိုယ်က ဆွဲဖမ်းထိန်းလိုက်နှင့် ရယ်စရာတော့ အကောင်းသား။ ဟိုဘက်ကအတွဲက စီးချက် ညီ အော်လို့ ဟစ်လို့ တယောက်ကို တယောက်ဖက်လို့။ ကိုယ့်ရှေ့တည့်တည့်က ကောင်မလေးကတော့ အဖော်မပါပေ မယ့် လုံးဝ ဟန်ချက်မပျက်။ ကနေမြဲ၊ အော်နေမြဲ၊ ပျော်နေမြဲ။
ကိုယ်ကတော့ မရတော့။ အာခေါင်တွေ ခြောက်လာပြီ။ ခြေထောက်တွေ ညောင်းလာပြီ။ မရပ်ချင်တော့။ မကချင်တော့။ မအော်ချင်တော့။ အဲသည်အချိန်မှာ အတွေးတခုက ခေါင်းထဲဝင်လာသည်။ ဟုတ်သည်။ အဲသည်အချိန်။ Mac Miller အလှည့်ပြီးလို့ နောက်တစ်ယောက် Wiz Khalifa တောင် စ ဆိုခါစ။ ကျွန်တော် ကိုယ်အပါဝင် လူတွေ ဆိုနေ ကနေကြတာကို အသိသဘောနှင့် သတိထားမိလိုက် သည်။ နောင် အနှစ်တရာဆို သည်လူတွ အားလုံး ရှိကြပါဦးမလား။ မသေချာ။ ခုန က ပျော်နေ အော်နေသမျှ ဘယ်ရောက်ကုန်ပြီလဲ။ မသိတော့။ သည်အတွေးမျိုး ၀င်လာတယ် ဆိုတာက ကိုယ်ပိုင်အသိဥာဏ်ကြောင့်တော့ မဟုတ်။ ငယ်ငယ်က ဖတ်ခဲ့မှတ်ခဲ့ဖူးသည့် စာထဲမှာပါသည့် လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ထောင့် ခြောက်ရာကျော် ပတ်ဝန်းကျင်က အဖြစ်အပျက် တခုကြောင့်သာဖြစ်သည်။
လွန်ခဲ့သည့် နှစ်ပေါင်းများစွာက လူငယ်နှစ်ယောက် တောင်ထိပ်ပွဲသဘင်သို့ သွားကြည့်ကြသည်။ သူတို့ တတွေက ပုဏ္ဏားမျိုးနွယ်တွေ။အသိပညာရှိသူတွေ။ သူတို့တတွေ တောင်ထိပ်ပွဲသဘင် ကြည့်ပြီး တွေးခဲ့ကြသတဲ့။ အခုကနေတဲ့သူတွေ၊ အခု ကြည့်နေတဲ့ သူတွေ နောက်နှစ်ပေါင်း တရာလောက် ဆို ရှိကြပါဦးမလား။ အဲသည်မှာ သတိသံဝေဂရပြီး တရားထူးရှာဖို့ ပြင်ဆင်ကြသတဲ့။ နောင်တော့ တယောက်ယောက်က အမှန်တရားတခုခု စ ရရင် အခြားသူကို ပြန်မျှဝေကြေးဆိုပြီး တိုင်ပင်ခဲ့ကြပြီး တိုင်ပင်ခဲ့သလို အချင်းချင်း တယောက်ကို တယောက် အမှန်တရားနဲ့ ပတ်သက်သမျှ ပြန်လည် မျှဝေခဲ့ကြ သည်ဟူ၏။ နောင်တော့ သူတို့ နှစ်ဦးဟာ ဗုဒ္ဓဘာသာသမိုင်းမှာ တကယ့်ကြီးမြတ်သူတွေ အဖြစ် ထင်းရှားခဲ့ ကြသည်။
ဆိုတော့။ ကိုယ်လည်း ဘာကောင်မှမဟုတ်ဘဲ တကယ့် အာဇာနည်ပုဂ္ဂိုလ်တွေလို အတွေးမျိုးတွေ ၀င်လာတော့ စိတ်က ရှော့ဖြစ်သွားသည်။ ကိုယ့်ကိုယ်ကို ပြန်လည် သတိပေးနေရ သည်။ ဟေ့ကောင် မင်း ဘာကောင်မှ မဟုတ်ဘူး။ လက်ရှိမှာပဲ ပျော်ပျော်နေ။ အတိတ်ကိုလည်း ပြန်မတွေးနဲ့၊ အနာဂတ် အကြောင်းလည်း တွေးမပူနဲ့လို့။ မရ။ တခါတခါကျ အမှန်တရားဆိုပေမယ့် သိတိုင်းကောင်းပါသလား။ ကျွန်တော် မတ်တတ်ရပ် ပြန်ကဖို့ ပြန်အော်ဖို့ ကြိုးစားမိသည်။ မရ။ အခြားသူတွေ ပျော်နေတာကို ကြည့်သည်။ ရှေ့က ကောင်မလေး အော်နေ ပျော်နေတာကို ကြည့်သည်။ နံဘေးက စုံတွဲတွေကို ကြည့် သည်။ သူတို့အပျော်တွေ ကိုယ့်ဆီများ ကူးစက်လာမလားလို့။ မရ။ Wiz Khalifa ရဲ့ No Sleep, Roll up သီချင်းတွေ ဆိုသွားတာ ကိုယ်သတိမထားလိုက်မိတော့။ သည်လိုနဲ့ တယောက်တည်း ခေါင်းငိုက်စိုက်ချပြီး အတွေးချင်း လုံးထွေးပူးသတ်နေသည့် ဒဏ်ကို ခံနေလိုက်ရသည်။
တော်တော်ကြာတော့ ဟိုဘက်ထိပ်က ဂျက်စတင်က လှမ်းအော်သည်။ နေ ထတော့။ ငါတို့မြို့ရဲ့ သီချင်းဆိုပြီဆိုတော့မှ။ ဟုတ်ပါလား။ Black and Yellow သီချင်းတောင်ဆိုပြီး ပွဲသိမ်းတော့မှာပါလား။ သို့ဖြင့် မရရအောင် ကြိတ်မှိတ်ထပြီး Black and Yellow သီချင်းကို ထအော်လိုက်ဖြစ်သည်။ (သည်သီချင်းက ကိုယ်တို့မြို့လေးက ဘောလုံးအသင်းအတွက် စပ်ဆိုထားသည် သီချင်း။ ဘောလုံး အသင်း အရောင်က အနက်နဲ့ အ၀ါရောင်။)
ပွဲပြီးလို့ ပြန်လာတော့ လူစုမကွဲအောင် တယောက်လက်ကို တယောက်ဆွဲပြီး လူအုပ်ကြီးထဲက တိုးထွက်လိုက်ကြသည်။ ကားနားရောက်တော့ ဒေ့ဗ်က မေးသည်။ နေ မင်း ပျော်ရဲ့လား။ မင်းကြည့်ရတာ အစပိုင်းတော့ ဟုတ်မလိုလိုနဲ့။ နောက်ပိုင်းကြတော့ ခေါင်းငိုက်စိုက်ချပြီး မတ်တတ်တောင် မရပ်တော့ဘူး ဟု ပြောလာသည်။ ဂျက်စ်တင်က သည်အတိုင်း။ ဒေ့ဗ်ပြောသည့်စကားကို ထောက်ခံရင်း မေးပြန် သည်။ ပျော်ရဲ့လားတဲ့။
ဘာပြန်ပြောရပါ့။ ခုနက ကျွန်တော်တွေးခဲ့သည့်အတွေးသာ ချပြလိုက်လျှင် သူတို့ လည်း တော်တော်လေး လေသွားမှာသေချာသည်။ ပျော်နေတဲ့စိတ်တွေ ပျောက်သွားမှာ သေချာသည်။ ကျွန်တော်ပြောတာ ကို သေသေချာချာ နာလည်ကြရင်ပေါ့လေ။ ဒါပေသည့် ကျွန်တော် မရှင်းပြချင်တော့ ။ပျော်ပါတယ်။ ငါ့ကို သည်ပွဲမျိုးနဲ့ မိတ်ဆက်ပေးတဲ့အတွက် မင်းတို့အားလုံးကို ကျေးဇူးတင်ပါ တယ်လို့ ပြောပြီး အိမ်အပြန်တလမ်းလုံး အိပ်ပြီး လိုက်ခဲ့ဖြစ်သည်။
အိမ်ရောက်တော့ ည တစ်နာရီထိုးနေပြီ။ အိပ်ချင်နေပေမယ့် အိပ်မရ။ အပျော်များ၊ သံဝေဂတရားနှင့် ကိုယ့်ကိုယ်ကို မအပ်စပ်မှန်း နားလည်လိုက်သောအခါမှ အိပ်မောကြသွားတော့သည်။
အော် မိုက်တွင်းနက်ဦးမယ့် လူတစ်ယောက် အကြောင်းများ ပြောပါတယ်လေ။ ။
နေသစ်မှူး
၀၈၊၁၀၊၁၂ ည ၁၁း၂၇ နာရီ (သောကြာနေ့)
No comments:
Post a Comment