10/26/08

”ဘုရားပြုပြင်ကျောက်စာ”

သက္ကရာဇ် ၁၂၅၈-ခုနှစ် နယုန်လဆန်း ၃-ရက်နေ့

ရွှေမုတ္ထောဘုရား ထီးတင်သည့် ပရဗိုက်မှတ်တမ်းမှတွေ့ရ၏

”ဘုရားပြုပြင်ကျောက်စာ”

သက္ကရာဇ် ၈၄၃-ခု ကန္နီမင်းကြီး တလဘျား အထိန်းတော်၏သမီးတွင် ဘွားမြင်သည့် မင်းသမီးမောင်နှံကောင်းမှု ရွှေမုတ္ထောမြတ်စွာဘုရားကို သဒ္ဓါတော်မူ၍ လှူတော်မူပြန်သည်။ လှူသောအခါ ရွှေစင် ၅ိ၊မြင်းကောင်း တစ်စီးနှင်းပံ့ ထပ်လှူပြန်သည်။ မြေကားမုံဘျားတခို၊ တောင်ပျောက်တခို၊ ယင်းဘိုးကုန်းတခို၊ သဖန်းခါးချောင်းတခို၊ဒဟတ်ကုန်းတခို၊လှူပါ၏။လယ်ကားမျက်ရှုရွာ၊နေရောင်ကာ၊ အုန်းတင်၊ဖူကံ၊၀သဲ၊ တောင်အလက် ဦးယျာဉ်၊ရေတိမ်တွင်းမှာ-ပဲတခင်းလှူပါ၏၊ ငါလှူသောငါကောင်းမှုကို သာဓုနုမော်ခေါ်ပေးသော သူတို့အား ဘုန်းကြီး၍ အသက်ရှည်ပစေသော်…. လုပ်စားလေခါလည်း စီးပွားတိုးတက် သန့်ရှင်းစင်ကြယ်၍ အလှူကြီးပေးရပစေ သော်..စုတေမနေသေခဲ့သော်လည်း မင်းဝန်မင်းဆက် အဖန်ဖန်အလဲလဲ ဖြစ်ပစေသော်…နတ်ဖြစ်သော်လည်း အဖန်ဖန်အလဲလဲ ဖြစ်ပစေသော်….သူဌေးသူကြွယ်လဲဖြစ် ပစေသော်…….ငါကောင်းမှုကို ဖျက်သောသူကား လူဖြစ်လဲလူနူ-လူဝဲ-လူဆင်းရဲဖြစ်စေသော် ခွေးဖြစ်သည် လည်း ခွေးနူ-ခွေးဝဲ-ခွေးဆင်းရဲဖြစ်စေသော် ..ကြည်းသွားလည်း မြွေပွေး၊မြွေ ဟောက် ခဲစေသော်…..

No comments:

http://h1.ripway.com/twinpoe/favicon.ico