ရတနာပုံ ရွှေဘိုမြို့တည် နန်းတည်မင်းဖျား မင်းတရားသည် မွှန်ကြားဇဗ္ဗူ-ဆူဝေလွှမ်း ပတ် ကျွန်းလုံးခတ်မျှ ထွန်းလင်းပသတည်း၊ထိုအခါ အမရပူရ-စတုတ္ထဇဗ္ဗူ စိုးမိုးယူသည်-ဆင်ဖြူသခင်၊ နတ်ရှင်ဘုန်းရှိ-ဘူပတ်ဖျား မင်းတရားကြီးလက်ထက် လှူဒါန်းတော်မူအပ်သော သာဂရ၀ံသာ ဘိဓဇ မဟာဓမ္မရာဇာဂုရု တံဆိပ်နာမံတော်၊ရတနာပုမ် မြို့တော်တည် နန်းတည် သာသနာ့ဒါယကာ- မဟာဓမ္မရာဇ်-မင်းခေါင်းမင်းဖျား မင်းတရားကြီးလက်ထက် လှူတော်မူအပ် သော- သာဂရဓဇ သီရိပရမ-မဟာဓမ္မရာဇာဓိရာဇဂုရု-တံဆိတ်နာမတော် ဤသို့မင်း ၂-ဆက် မြောက် တံခွန်ဆောက်သို့ ထွန်းတောက်ကြက်သရေ မြူတေဆင့်ဆင့် ပွါးလင့်တမူ လှူတော်မူ အပ်သာ တံဆိပ်နာမ သုဓိသလ္လေခ-သီလ သမာဓိ ပညာ ဂုဏ်ဆီနံ့သာမျိုးတို့ဖြင့် ကြေငြာသတင်း ကျော်ဇောထင်ရှားခြင်းရှိသော ဆရာတော်သည် မြို့သစ်ဦးကိုင်း ကျေးဝန်း လှိုင်သည် ခရိုင်ပတ်ကုံး စွန်အလုံးကို အသုံးတံကျွေး သဒ္ဓါရွေး၍ ပေးတော်မူအပ်သော မြို့သစ်မြို့စား ၀န်ထောက်တော်မိုးနဲ ဗိုလ်မှူးမင်းကြီး မဟာမင်းထင် စည်သူဇနီးမောင်နှံတို့ သည် ဆင်တဲတိုက်၌ အမြိုက်သာသနာ ထွန်းစိမ့်ငှါ ဝေယန်ဘုံသာကျောင်း၌ သီးတင်းသုံးနေ တော်မူစဉ် သာသနာသက္ကရာဇ် ၁၄၁၂-ခု၊ကောဇာသက္ကရာဇ် ၁၂၃၀-ခု၊အာသဠှီမာသ( )လ ပြည့်ကျော် (၁၀)ရက် ၂-င်္လာနေ့တွင် ကြေးစင်ပိဿာ ၁၂၃-၅၀ ရှိသော ခေါင်းလောင်းတော်ကို ဓာတ်ပေါင်းကိန်းဝပ်စေတီမြတ်အား တင်ထားကပ်လှူပူဇော်သည်။
10/26/08
ရှေ့မျက်နှာ ဘုရားရှေ့တွင်ရှိသောခေါင်းလောင်းစာမှ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment