ပြည်ကြီးဥတ္တရာ ထက်မြတ်ညာဝယ် သာယာစကောင်း ကျောင်းနဲ့ဘုရား တံတားရေတွင်းခပင်းဗိုလ်ပါ များစွာသောင်းသဲ အံ့အဲမကုန် လုံးစုံတည်ထ လွန်ပြည့်ဝသည့် နာမထွန်းပြောင် မြို့ချွန်တောင်ကို စိုးနှောင်ပိုင်စား ပေးသနား၍ ထင်ရှားစေဟု ရွှေဘွဲ့ထုသည် သီရိသုပဘာ ရတနာရောက်ချီ ဆင်းသိင်္ဂီလျှင် သုံးမည်လူများ မြတ်ဘုရား၏ ဟောထားအမှန် ဓမ္မခဏ်စား အင်္ဂါထောင်ကျော် ရုပ်တော်ရုပ်ပွား မံဘုရားနှစ် မွေစစ်ဓာတ်မြတ် ကိန်းဝတ်တော်ရန် အရန်စေတီ သီင်္ဂီရောင်မြိုက် ရွှေစာတိုက်လေး ကြေး ကမ္မ၀ါစာ မှန်သေတ္တာနှင့် စောင်မှာသုံးဆယ် တသွယ်အံ့ချီး သတိတံခွန် ပြင်းဝှန်ရှိုက်ညောင်း ခေါင်းလောင်းသံရှင် ကြေစင်ပိဿာ ချိန်တရာနှင် အရိယာနတ် သူတော်မြတ်ကို ရည်မှတ်စိတ်သန် ပူဇော်ရန်ဟု လေးတန်ပစ္စယ မြတ်ဒါနဖြင့် များစွာ့ဥဿုံ တောင်ငယ်ပုံသို့ ပဒေသာပင် ပွါး ဆင်သုံးဆယ် တသွယ်ထိုမျှ ဝေနေယျဟာ ဦးဖြူးဦးမဲ ဆင်းရဲသုခ လှမလှကို တ၀မကျန် စွန့်ကြဲရန်ဖြင့် ရောင်လှံစုံဖြူး ပုဆိုးထဘီ အင်္ကျီတစ်ဘက် ရောရှက်ခေါင်းပေါင်း ထည့်ကောင်းကမ္ဗလာ ပင်မှာသက မြတ်ဒါနကို စေ့ငှာ့သေချာ သိစေငှာဖြင့် သံဝါရင်းမောင်း ခေါင်းလောင်းသံရှင် လောဟစင်တွင် ကမ္ဗည်းတင်၍ ရှင်ပင်သာသနာ (၂၄၂၅) ပဉ္စာ ဒွေဇယာ၊ဒိသင်္ချာနှင့် ကောဇမှာသော် ထောင်ကျော်နှစ်ရာလေးဆယ်သာသည် စွန်းပါသုံးခု (၁၂၄၃) ရတု ၀ဿန္တ ငါးဝမျိုးကြာ မွှေးပျံ့စွာသား မီးဝါမီးဖြူ ထွန်းဆူရိုက်သဲ မြင့်မိုရ်ပွဲနှင့် ဆင့်ကဲ ဖြာဖြာ ကြယ်များစွာတွင် တာရားကျီးမင်း မြူးခြင်းရွှင်ပ ထွန်းစလ၀ယ် များလှကုသလာ ဒါတပ္ဗါဖြင့် ဒမိယာလတ် ပစ္စည်းမြတ်ကို သုံးရပ်စေတနာ ထက်သဒ္ဓါနှင့် လှူပါရပ်ငြား အကျိုးအားကြောင့် နောက်ကားနောက်ခါ ပယ်ခွါမလား ယောက်ျားအစစ် ဆက်တိုင်းဖြစ်၍ ရန်စစ်ပယ်ခွါ ပြည်ခေမာသို့ မှန်စွာထုတ်ချောက် ရောက်ရပါလို ကျွန်ုဆို၏
(မြို့သစ်မြှိုစား၏မြေး၊မယ်တော်ပုပ္ပါးမြို့စား၏ သမီး မကွေးမြို့စား အဂ္ဂဘတ် မြင်းဝန်၏နှမ သီရိသုပဘာမင်းသမီး လှူဒါန်းတော်မူသည်)
No comments:
Post a Comment