12/12/08

မုန်တိုင်းကြားမှ လွတ်မြောက်သူ

သူငယ်ချင်းတစ်ယောက်ရဲ့ စာအုပ်မျက်နှာဖုံးလေးပါ။ သူငယ်ချင်းက နာဂစ်လေဘေးအတွက် တက်တက်ကြွကြွ ပါဝင် ကုသိုလ်ယူခဲ့သူတစ်ဦးဖြစ်သလို အခုလို ဒီဇင်ဘာကာလမှာ အလှူရှင်တွေ သိပ်အာရုံမကျတော့တဲ့အချိန်မှာတောင် ကူညီရေးတွေ လုပ်နေဆဲပါ။ ဒီတစ်ပါတ် ဘိုကလေးဆင်းလှူတဲ့အခါ မုန်တိုင်းကြားမှလွတ်မြောက်သူဆိုတဲ့ စာအုပ်လေးပါ ရေးပြီး လိုက်လှူခဲ့ကြောင်း သိခဲ့ရပါတယ်။
ဒီပို့စ်လေးမှာ ပြောချင်တာက မျက်နှာဖုံးကိစ္စပါ။ အနှောင့်က စာသားတွေဟာ မျက်နှာဖုံးကာဗာပေါ် ရောက်နေတာ တွေ့ရပါလိမ့်မယ်။ ဒါဟာ တမင်ဒီဇိုင်းထွင်ထားတာလား။ အလုပ်ထဲက အလွဲလားဆိုတာတော့ မိတ်ဆွေများစဉ်းစာကြည့်ပါကုန်။

No comments:

http://h1.ripway.com/twinpoe/favicon.ico