မနေ့က ဓမ္မဒူတ အရှင်ဆေကိန္ဒထံ သူငယ်ချင်းနှင့် အတူ သွားဖူးကြသည်။ ယခင် ကလေးစာအုပ်ထုပ်ပြီးစ ကာလတုန်းကတော့ ဆရာတော့်အား ကလေးတွေအတွက် ရည်ရွယ်ပြီး အုပ်ရေငါးဆယ် လှူဒါန်းခဲ့ဖူးသည်။ ဆရာတော်က အခုဘာလုပ်နေလည်း ဆိုတော့ စာကြည့်တိုက်ဖွင့်ဖို့လုပ်နေကြောင်း လျှောက်ထားပြီး လုပ်ပုံအစီအစဉ်လေးကို လျှောက်ထားလိုက်မိသည်။ သို့ဖြင့် ဆရာတော်က ချက်ချင်းပဲ ငွေကျပ်နှစ်သိန်း လှူဒါန်းလိုက်ပါသည်။
ကျွန်တော်တို့ ရွာသားတွေ စုပေါင်းလုပ်နေတဲ့ ဘ၀ဘဏ်စာကြည့်တိုက်အတွက် အားပေးကူညီထောက်မသော ဆရာတော် ဓမ္မဒူတအရှင်ဆေကိန္ဒ အား ဦးခိုက်ပါ၏။
အခြားအခြားသော ငွေလှူဒါန်းကူညီသော ကုသိုလ်ရှင်များအားလည်း နောင်တွင် အင်တာနက်စာမျက်နှာတွင် အဆင်ပြေသလို ဖော်ပြပေးသွားပါမည်။
ဝမ်းနည်းစရာက ဆရာတော် ငွေလှူဒါန်းပုံကို ဓာတ်ပုံမှတ်တမ်း မတင်နိုင်ခဲ့ခြင်းပင် ဖြစ်ပါသည်။

No comments:
Post a Comment