ဒီစာကြည့်တိုက် ဗိသုကာပုံစံကို ဗိသုကာပညာရှင် ဦးလွင်နဲ့ တပည့် ဦးစိုင်းဝင်းမြင့်တို့က ရေးဆွဲ လှူဒါန်းထားခြင်း ဖြစ်ပါတယ်။ (၃၈၄ )စတုရန်းပေ
အတွင်းခန်း ပမာဏ အလျား ၂၄။ အနံ ၁၆ ပေ။ အမြင့် ၉ ပေ ခြောက်လက်မ။(မျက်နှာကြက်အထိ)
ပေါ်တီကို ဆင်ဝင် အလျား ဂ ပေ၊ အနံ ဂ ပေ၊ အမြင့် ၉ ပေ ခန့်ရှိ
ခေါင်ရပ် ၆၊ ဒိုင်း အဖွင့် ၂၄။ အမြိတ်ထွတ် ၃ ပေ။( အမိုးစွန်းထွက်)
အဓိက သုံး ဆောက်လုပ်ပစ္စည်းများကတော့
လိုင်းသွပ်မိုး။ ပြောင်သွပ်ခေါင်အုပ် အိမ်တော်ရာဆောင်ပုံ ရေသွားလျောက်မပါ။
၅ ပတ်လည် ၁၀ ပျဉ်းကတိုးတိုင် ဆယ်နှစ်လုံး အုတ်ခဲတစ်နံအထူ ၄/၂x၁ နံရံ
အုတ်ပလ္လင်ခုံအမြင့် မြေမှ ၂ ပေထိ၊ ၄င်းမှ အနက် ၃။ အကျယ် ၃။ အုတ်ထု ၉။
မှန်လည်ပါ ၅/၆ မှန်ပြတင်းပေါက် ၇ ပေါက်။ မှန်ပုံအဆံပါ တံခါးမ ၄”၇ တစ်ပေါက်။
ဒါတွေက စာကြည့်တိုက်အဆောက်အဦရဲ့ အကြမ်းဖျဉ်း ပုံစံ အချက်အလက်တွေပါ။ အသေးစား သုတ်ဆေး ခံဆေး။ လျပ်စစ်ကြိုး အိမ်သာ စတာတွေ မပါသေးဘဲ ကုန်ကျငွေ နှစ်ဆယ့် ခြောက်သိန်းလို့ ကြမ်းခင်းဈေး သတ်မှတ်ထားပါတယ်။
ဗိသုကာ ပညာရှင်နှစ်ဦးဟာ သိရသလောက်က ရန်ကုန်ဆီဒိုးနားဟော်တယ်ဒီဇိုင်းဆွဲရာမှာလည်း ပါဝင်ခဲ့ကြသလို ရန်ကုန် မူးယစ်ဆေးဝါးသမိုင်းပြတိုက်ပုံစံကိုလည်း ရေးဆွဲခဲ့သူလည်း ပါဝင်ပါတယ်။ ဆိုတော့ ဒီလို အဆောက်အဦးအကြီးမားကြီးတွေကို ရေးဆွဲခဲ့တဲ့ ဗိသုကာ ပညာရှင်များထံမှ ကျွန်တော်တို့ စာကြည့်တိုက်လေးအတွက် ပညာဒါန ရေးဆွဲလှူးဒါန်းခဲ့သည့်အတွက် ကျေးဇူးအထူးတင်ရှိပါကြောင်း မှတ်တမ်းတင်ပါတယ်။
(နောင် အလွယ်တကူ တို့ချဲ့နိုင်ဖို့နဲ့ စာဖတ်သူအတွက် သက်တောင့်သက်သာ ရှိစေရမယ့် အလင်းရောင်။ မြင်သူတွေ ၀င်ချင်လာအောင် ဆွဲဆောင်အားကောင်းဖို့ စတဲ့ အချက်တွေနဲ့ အတူ ကုန်ကျစရိတ် သက်သက် သာသာနဲ့ ဆောက်လုပ်နိုင်ရေးအတွက် အခြား ကောင်းမွန်တဲ့ အကြံဥာဏ်တွေကို ပေးခဲ့သေးပေမယ့် ဒီနေရာမှာ အသေးစိတ် မတင်ပြနိုင်တာကို ခွင့်လွှတ်နားလည်တော်မူကြပါရန်)

No comments:
Post a Comment