1/29/09

နေသစ်နဲ့ အစပ်အဟတ်မတဲ့သော နေတစ်ဓူဝကာလများ

မနေ့က မောင်နေသစ် International SOS မှာ ဆေးသွားစစ်ရတယ်။ သံရုံးက ညွှန်တဲ့ ဆေးခန်းပေါ့လေ။ သူများတွေကတော့ တကယ့်အင်တာနေရှင်နယ် ပုံပန်းသဏ္ဍာန်တွေနဲ့ လန်းပါရဲ့။ မောင်နေသစ်ခမျာတော့ အင်တာနေရှင်နယ် တောသားဟန်နဲ့ သွားခဲ့ရတယ်။ ဆေးခန်းက ၀န်ဆောင်မှုတော့ ကောင်းပါတယ်။ ခက်တာက ကျွန်တော်မောင်နေသစ် ရဲ့ အသွင်သဏ္ဍာန်လေ။ အင်တာနေရှင်နယ်တောသားတစ်ဖြစ်လည်း မောင်နေသစ်ခမျာ အအေးခန်းနဲ့လည်း မနေတတ်။ $ 140 ခပ်နွမ်းနွမ်းလေး ကိုင်လို့ပေါ့။ ဆရာမတွေက မေးတယ်။ ဘာအတွက်စစ်တာလဲတဲ့။ မေးတာ။ ကျွန်တော်ကလည်း ပြောလိုက်ပါတယ်။ အမေရိကန်သွားဖို့ဆိုတော့ အံမယ် သူတို့လေးတွေက ကျွန်တော့်ရဲ့ အင်တာနေရှင်နယ်တောသားစတိုင်ကို မယုံကြဘူးထင်ပါတယ်။ ရယ်စရာတော့ အကောင်းသား။ တကယ်တော့ ကျွန်တော့်အိပ်မက်က မစ်စစ်စပီမြစ်နံဘေး နွားကျောင်းရေး အိပ်မက်ခလေးရယ်ပါ။ ဘာရယ်တော့မဟုတ်ဘူး။ သူတို့ အထက်တန်းလွှာတွေနဲ့ သိပ်ပြီး အပ်စပ်မှုမရှိတဲ့ တောသားတစ်ယောက်က ဒီလို International SOS မှာ medical check up လာလုပ်တယ်ဆိုတာ မဟုတ်မှလွဲရော ။ တစ်ခုခုတော့ လွဲနေပြီလားတော့ မသိဘူးလေ။ ပြီးတော့ ပြောသေးတယ်။ ၀န်ထမ်းတစ်ယောက်က အမေရိကသွားဖို့ ဆေးစစ်လာတဲ့သူတိုင်းရဲ့ Documentတွေမှာ Alien(Case)Number တွေ ပါတယ်တဲ့။ ဘာဖြစ်လို့ မင်းကျမှ Aline (Case)Number က ပါမလာတာလဲတဲ့။ ဟုတ်တယ်။ ဒီအချက်က သံရုံးက မေ့နေတာလား။ မလိုအပ်လို့လား။ ဒါမှမဟုတ် အင်တာနေရှင်နယ်တောသား မောင်နေသစ်ရဲ့ Document တွေက မပြည့်စုံလို့ Rejest ထိမယ့်သဘောလား။ အစစအရာရာ စနစ်တကျ ပြင်ဆင်ပြီးမှ သံရုံးကို ပို့ခဲ့တာဖြစ်ပေမယ့် ဘာကြောင့် ဒီလို ဖြစ်နေရတာလဲ။ ကျွန်တော်က ရိုးသားတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် သံရုံးကိုတော့ လိမ်လည် ထည့်ဖြည့်ထားတာ မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ ကြီးကျယ်တယ်ပဲဆိုဆို။ သံရုံးကို လိမ်တာဟာ အမေရိကပြည်သူတွေကို လိမ်လည်ရာကျတာပဲလေ။ တစ်ဦးချင်းဆီကို လိမ်လည်တာဟာ သိပ်ပြောစရာမရှိပေမယ့် အစုအဖွဲ့ကို လိမ်လည်ပြီဆိုရင်တော့ သိပ်အပြစ်ကြီးပါတယ်။ ဆရာအောင်သင်းကတော့ ပြောပါတယ်။
ကိုယ်မရသင့်တာကို မယူချင်နဲ့။ ကိုယ်မရသင့်တာကို ယူလိုက်မိရင် ကိုယ်မလိုချင်တာတွေပါ လက်ခံရတတ်တယ်တဲ့။

အေးလေ ဘာပဲဖြစ်ဖြစ်။ ဖေဖော်ဝါရီလဆန်းပိုင်းမှာ သံရုံးအင်တာဗျူးသွားရမယ့် အင်တာနေရှင်နယ်တောသားကြီး မောင်နေသစ်ခမျာတော့ ဒီရက်ပိုင်းဟာ ရင်ခုံသံရက်သတ္တပါတ်ဖြစ်နေမှာတော့ အသေချာပါပဲ။

1 comment:

ကောင်းကင်ပြာ said...

သံရုံး အင်တာဗျူးအဆင်ပြေချောမွေ့ပါစေ

http://h1.ripway.com/twinpoe/favicon.ico