အမေမသိသေးဘူး။
ဒီနေ့ ဘာနေ့လဲဆိုတာ......
အမေမသိသေးဘူး။
ရင်ကွဲပက်လက်နဲ့ တမေ့တမော နေနေရတဲ့ ကောင်းကင်ဆိုတာ။
မေမေ ....
နှင်းတွေဝေတဲ့ အနမ်းနဲ့ စကားလုံးတွေသရမ်းပြီး သားကို စွန့်ခွာသွားတဲ့နေ့။
“မောင့်အတွက်နဲ့ သူများတံတွေးခွက်ထဲရောက်ရင်တောင် ပက်လက်တော့ အမျောမခံဘူး။
လက်ပစ်ကူးပြီး မောင့်ဆီအရောက်လာခဲ့မယ်” တဲ့။(မင်းခိုက်စိုးစန် စကားကို ခိုးကူးဖြန့်သွားတာ)
ရိုက်ချိုးခံထားရတဲ့ စကားလုံးသေနတ်မှတ်ထားခဲ့ရတဲ့ ရင်ဘတ်မှာ
နာဂါစကီမြို့တော်ဝန်ရဲ့ ခံစားချက်နဲ့။
ပလေတိုး မရေးခြစ်ခဲ့တဲ့ ခဲပန်းချီနဲ့။
ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားတဲ့ ကိတ်ကိုဘိန်းလို မျက်လုံးနဲ့။
ဟစ်တလာလို မိုက်ပြမှ သားသူ့ကို စွန့်ခွာဖို့ ဆုံးဖြတ်ဖို့လိုမလား။
အာရင်ဘတ်ကို ပြောလိုက်ပါ။
စောဝေကို ပြောလိုက်ပါ။
မောင်စိန်ဝင်း(ပုတီးကုန်း)ကို ပြောလိုက်ပါ။
ဒုတိယကောင်းကင်ဟာ အပေါက်အပြဲတွေ များတယ်။
နှစ်ယောက်တစ်အိပ်မက်ခရီးဆိုတာ သူလိုကိုယ်လို အိပ်မက်တစ်ခြမ်းမဟုတ်ဘူး။
ရင်ဘတ်မှာ စကားလုံးတွေဘဲ ရေးထိုးခံထားရတယ်။
(အခြားသူများအတွက်ချစ်သူများနေ့ကျွန်တော့်အတွက် ချောင်းသူများနေ့သို့ ကြိုဆိုလျက်)
No comments:
Post a Comment