2/13/09

သီးပွင့်ခွင့်မရတဲ့ မိုးတိမ်များ

လူငယ်ဘ၀မှာ လူတိုင်း တစ်ချိန်တစ်ခါတော့ အချစ်နဲ့ ပတ်ကသက်ရင် ရှုးသွတ်ခဲ့ဖူးကြမယ်။ ကိလေသာ မကင်းတဲ့မည်သူမဆိုပဲပေါ့။ ရှင်တော်ဘုရားလက်ထက်တော်က ရဟန်းတော်အချို့လည်း ရှုးသွပ်ခဲ့ကြတယ်။ မိတ်ဆေတို့ရေ ..ချစ်သူများနေ့တဲ့။ ဒီနေ့ကို သတ်မှတ်ထားကြတာ။ ဒီတော့ ကျွန်တော်ကြားဖူးပြီး ကျွန်တော်ထိရှ ဖူးတဲ့ အကြောင်းလေးကိုပဲ ကျွန်တော်ပြောချင်ပါတယ်။

တစ်ခါတုံးကပဲ ဆိုပါတော့လေ။ သူတို့နှစ်ယောက် သိပ်ချစ်ခဲ့ကြတယ်။ သိပ်ပြီးတော့လည်း နားလည်ပေး ခဲ့ကြတယ်။ ဒါပေမယ့် သူတို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက် ချစ်တဲ့အကြောင်း ဘယ်တုံးကမှ ဖွင့်မပြောဖြစ်ခဲ့ကြဘူး။ ပတ်ဝန်းကျင်ကတော့ ဝေဖန်လေကန်ကြတာပေါ့။ သူတို့ကို။ ဒါနဲ့ ရင်ဘတ်မရှိတဲ့ ပတ်ဝန်းကျင်ရဲ့ အလူအလဲဒဏ်ကို သူတို့နှစ်ယောက် အလူးအလဲခံလိုက်ရတယ်လေ။ ဒါပေမယ့် ကောင်လေးက သူ့ကြောင့်အဝေဖန်ခံရတဲ့ သူ့သူငယ်ချင်းမလေးကို အခါတိုင်းလို မဆက်သွယ်တော့ဘဲ ကျိတ်မှိတ်ခံစားပြီး အဆက်သွယ်သိပ်မလုပ်ဖြစ်တော့ဘူးလေ။ အခုတော့ သူတို့လေးတွေရဲ့ နှလုံးသားတွေဟာ ကြေကွဲထိရှလို့။
သူတို့လေးတွေရဲ့ ဆုံမှတ်လေးဟာလည်း စကားလုံးမုန်တိုင်းတွေထဲေ၀၀ါးလို့။ တစ်ယောက်ကိုတစ်ယောက် သိပ်ချစ်မိကြပြီး တစ်ယောက်ကို တစ်ယောက် ပေးဆပ်နေကြတဲ့ ချစ်သူလေးတွေရဲ့ နှလုံးသားလေးတွေရဲ့ အဖြစ်များပြောပါတယ်။

အားလုံးပဲ တစ်ယောက်ကို တစ်ယောက် သစ္စာရှိသော ရိုးသားသော နားလည်မှုအပြည့်ရှိသော ဘ၀တွေများ ပိုင်ဆိုင်နိုင်ကြပါစေ

2 comments:

Anonymous said...

မျှဝေခံစားမိပါတယ်။ ဘာပဲဖြစ်ဖြစ် ကျော်ဖြတ်လာခဲ့ပြီပဲ။ အဆင်ပြေပါစေ။

ဆူးရင့် said...

ခေါင်းစဉ်လေးက ကောင်းလိုက်တာဗျာ ။
တကယ်ပါပဲ ။

http://h1.ripway.com/twinpoe/favicon.ico