မောင်စိန်ဝင်း(ပုတီးကုန်း) နှင့် အရှင်မနေ့က ဘ၀ဘဏ်စာကြည့်တိုက်နှင့် စာဖတ်အသင်း ဖွင့်ပွဲအတွက် စာပေဟောပြောပွဲဖြစ်မြောက်စေရန် ဆရာမောင်စိန်ဝင်း (ပုတီးကုန်း)နှင့် ညှိနှိုင်းဆွေးနွေးဖြစ်ခဲ့ကြပါသည်။ အရှင်တို့ အဖွဲ့ မျှော်လင့်ထားသော ရက်များမှာ ဟောပြောကြမည့် စာရေးဆရာကြီးများက မအားလပ်ကြ။ အားလပ်သောရက်များမှာလည်း စာကြည့်တိုက်က လုံးလုံးလျားလျား မပြီးစီးနိုင် ဖြစ်နေရာ ဆရာမောင်စိန်ဝင်း (ပုတီးကုန်း)က တက်ကြွစွာ အဆင်ပြေအောင် ညှိနှိုင်းပေးသဖြင့် ကျေးဇူးတင်ရပါသည်။ စာကြည့်တိုက်လေးအတွက် အားထည့်ကူညီပေးကြသော ပါရမီရှင်အပေါင်း အဆင်ပြေချမ်းမြေ့ကြပါစေဟု ဆုမွန်ကောင်းတောင်းလျက်။
1 comment:
စာတွေလာဖတ်ရင်း လေးစားသလို--
သာဓုခေါ်ပါတယ်--
Post a Comment