စိတ်အလို မကျတော့၊ ပြတ်ကြပေါ့ သံယောဇဉ်
သူကြင်မှ ကိုယ်ကြင်၊ မခံချင်စိတ်ထဲ
မုန်းလိုက်မယ် သေသည်ထိ၊ ကြံမိသော်လည်း ၊
မုန်းမရ သူကသိ၊ ကြည့်ကြည့်ပြီး လှောင်ကာ
နေ့တိုင်းပင် နှိပ်စက်၊ ဘယ်ရက်မှ မသက်သာ
အမုန်းကို ရင်မှာ၊ အရှုံးကို ထိပ်မှာရွက်
မေတ္တာကို ရှာဖွေရင်း ၊ သေမင်း ခေါ်ခဲ့။
လူတိုင်းကို အရှုံးပေး။ အမုန်းကြွေး ကျေစေချင်
နောင်သံသရာ မုန်းမဖက် ၊ပြုံးလျက်နဲ့ ထားဝစဉ်
တွေ့သမျှခင်မင် ၊အကောင်းမြင် စိတ်ထား
သူ သူငါ ရင်အပြည့်၊ ရှိကြစေသား။ ။
မောင်မြတ်ဆု (ဖျာပုံ)
(လွန်ခဲ့တဲ့ ဆယ်နှစ်ကျော် ဆယ်လေးနှစ်နီးနားတစ်ဝိုက်က အလွတ်ရခဲ့တဲ့ ကဗျာလေးပါ။ ဘာကြောင့်မှန်းမသိဘူးဗျာ။ ကျွန်တော်အခုတလော သိပ်အဆင်မပြေဘူးဗျ။ ရွာမှာက မိုးမရွားဘူး၊ ၀မ်းရောဂါတွေက ဘာလိုလို ညာလိုလိုနဲ့ ဆိုတော့ဗျာ၊ နေပူမိမှာစိုးလို့ သင်္ကြန်ဥပုသ်တောင် မစောင့်လိုက်ဘူးဗျ။ ဒီကြားထဲ မောင်နေသစ်တို့ ချန်ထားရစ်ခဲ့တဲ့ စာကြည့်တိုက်ကလည်း တစ်ဘက်ဆိုတော့ စာဥကို ဂရုမစိုက်မိဘူးဗျာ။ ရေလောင်းချင်တာတောင် မလောင်းခဲ့ဘူး။ အခုတော့ သူမကလည်း စာမဥတော့ဘဲ စိတ်တွေပဲ ကောက်ကောက်ဥနေလို့ ။ဟီး ဟီး(ငိုတာမဟုတ်ဘူးဗျ၊ ရယ်သွမ်းသွေးတာ လောကကြီးကို) ဆိုတော့ဗျာ။ အခုကဗျာလေးကို ရွာက ငယ်ပေါင်းကြီးဘက် ကိုရင်မဲလုံးကို ရင်ဖွင့်ရင်း ဆုတောင်း ရွတ်ဆိုပြခဲ့တာပေါ့။ ဘာပဲဖြစ်ဖြစ်......................... နောက်နောင်ဘ၀တွေမှာ စာဥရေ. . . . .တို့တတွေ အကောင်းမြင်တဲ့အပြုသဘောဆောင်တဲ့ စိတ်လေးတွေနဲ့ တွေ့ဆုံကြပါစို့လား (ဟီး ဟီး -ဒီတခါ အတည်ငိုတာ)။
No comments:
Post a Comment