ကိုယ့်နေရာသာယာသည် ဖြစ်စေ
နုံချာသည် ဖြစ်စေ
ကိုယ့်ရွာ ကိုယ့်ရပ်၊ မိခင်မြတ်တည့်။
မည်မျှ ကြီးမြင့်၊
မည်မျှ တင့်လည်း
မပွင့် နေခြည်၊
အုံ့မှိုင်းသည်သို့မကြည်မွေ့ချေ
သူ့ရပ်မြေတည့်။
သူတို့ စကား၊
သူတို့ကြား၌ပျားသို့ မချို၊
မှိုသို့ မလန်း၊
ပန်းသို့ မရွှင်ကိုယ့်မိခင်ကို၊
တမြင်မြင်တမ်း၊
အစဉ်လွမ်းခဲ့။
ရေချမ်းစင်က၊
ရေကြည်မြကိုသောက်ရပေဖူး၊
သူ့ကျေးဇူးကိုအထူးသိလည်း၊
ဇာတိလွမ်းနာ၊
မဖြေသာခဲ့။
သူ့မြေမှာမူသာယာဘိခြင်း၊
သင်းပါဘိတောင်းကောင်းပါဘိတကား၊
အသိသားပင်တရားလက်ကိုင်၊
ဆင်ခြင်နိုင်လည်းမခိုင်စိတ်ဝမ်း
နေ့တိုင်းလွမ်းသည်
မြစမ်းမျက်ရည် စိမ့်စိမ့်တည်း။
ဆရာကြီးဦးတင်မိုး
(၁၁၊ ၅၊ ၂၀၀၁)
No comments:
Post a Comment