| From စိမ်းပြာမြေ |
စာကြည့်တိုက်အကြိုစာပေဟောပြောပွဲကို လာရောက်လေ့လာကြတဲ့ မုံရွာမှ သံဃာတော်များနှင့် စာရေးဆရာတို့ အမှတ်တရ (ငွေသာတွင်းကို နောက်ခံဗဟိုပြု၍)
| From စိမ်းပြာမြေ |
ဆရာမောင်စိန်ဝင်း (ပုတီးကုန်း)၊ ဆရာတော်အရှင်သုမင်္ဂလ (အသင်္ခယာသျှင်ထွေး)၊ ဆရာသံလျင်မောင်မောင်ဦး
လွန်ခဲ့တဲ့လေးလလောက်တုန်းက ဆရာမောင်စိန်ဝင်း(ပုတီးကုန်း)နဲ့ ဆရာသံလျင်မောင်မောင်ဦးတို့ကို ဖိတ်ပြီး စာပေဟောပြောပွဲတွေ ကျင်းပဖြစ်ခဲ့တယ်။ ဘ၀ဘဏ်စာကြည့်တိုက် အကြိုစာပေဟောပြောပွဲတွေပေါ့။ အခု တော့ မနက်ဖန်စာကြည့်တိုက်ဖွင့်ပွဲမှာ စာရေးဆရာတွေ မဖိတ်တော့ဘဲ သာမန်ဖွင့်ပွဲလေးတစ်ခုအနေနဲ့ပဲ လုပ်နိုင်ပါတော့တယ်။
ဘာပဲဖြစ်ဖြစ်ပါ။ အထက်က ပုံလေးတွေကို လွမ်းစရာ၊ပြန်ပြောင်းသတိရစရာတစ်ခုအနေနဲ့ရော၊ မောင်တွင်းပိုးတို့ ကိုးကွယ်ထားတဲ့ ရဟန်းသံဃာတွေကိုပါ ကျေးဇူးသတိတရရှိတဲ့အနေနဲ့ ပြန်တင်ပေးလိုက်ပါတယ်။
အော် ဒါနဲ့... တချို့က ဆရာမောင်စိန်ဝင်းကိုတော့ သိကောင်းသိပါလိမ့်မယ်။ အသင်္ခယာရှင်ထွေးနဲ့ ဆရာသန်လျင်မောင်မောင်ဦးတို့ကိုတော့ သိသူနည်းမယ်ထင်ပါတယ်။ ဆရာသန်လျင်မောင်မောင်ဦးဟာ သံချောင်း ၀တ္ထုနဲ့ အမျိုးသားစာပေဆုရခဲ့ဖူးတဲ့ ဆရာဖြစ်သလို၊ အသင်္ခယာသျှင်ထွေးဆိုတာလည်း ရဟန်းစာဆိုတော်တစ်ပါးဖြစ်ပေမယ့် ကုသိနာရုံဂီတ၊ ယသောဓရာရဲ့ညများ ဆိုတဲ့ ခေတ်သစ်ဗုဒ္ဓ၀င်ကဗျာရှည် စာအုပ်တွေက ဆရာတော်ရဲ့ ထူးခြားတဲ့သင်္ကေတတွေပါ။ ပြီးတော့ ယသောဓရာရဲ့ညများဆိုတဲ့စာအုပ်လေး အကြမ်းရေးထားတုံးက အင်းစိန်က တစ်နေရာမှာ ဆွေးနွေးဖြစ်ကြသတဲ့။ ရှင်တော်မြတ်ဘုရား ကပိလ၀တ် အပြန်လာမှာ မောင်တော်ကို ပထမဆုံးပြန်ဖူးရတဲ့ အိမ်ရှင်မတစ်ယောက်၊ အသက်နဲ့ထပ်တူချစ်ရတဲ့ ယသောဓရာအနေနဲ့ ရှင်တော်ဘုရားကို မြတ်စွာဘုရားလို့ ခေါ်မလား၊ ဒါမှမဟုတ်၊ မောင်တော်ဘုရားလို့ ခေါ်မလား၊ မောင်တော်လို့ပဲ အရင်လို ခေါ်နေဦးမှာလား ဆိုတဲ့ အဲဒီကာလမှာ ယသောဓရာရင်ထဲက ထွက်ကျလာမယ့် အခေါ်အဝေါ်လေးတွေကို ဆွေးနွေးငြင်းခုံခဲ့ကြဖူးတယ်တဲ့။ လွမ်းစရာ ညလေ၀ိုင်းလေး ဖြစ်ခဲ့ ရော့ထင့်။

No comments:
Post a Comment