10/23/09

နွေမပီတဲ့ ဆောင်း၊ ဆောင်းမပီတဲ့ နွေ


Snow တွေ အကြားက အလှ (အပေါ်/အောက်)

Snow ကို ကြိုနေတဲ့ အလှ(အောက်ပုံ)
အေးစိမ့်စိမ့်ရာသီဥတုက ရင်ကို ပူစေသလို၊ ရင်ကို အေးစေတဲ့ ခံစားချက်တွေကလည်း ပြင်ပအာရုံတွေကို ပူစေပြန်တယ်။ အခုတော့ ပြောင်းလဲလာတဲ့ ရာသီဥတု၊ မပြောင်းမလဲနိုင်တဲ့ ကိုယ်ပိုင်အတ္တများ။ ညမှာ ကြည့်ရတဲ့ ပန်းချီကားတစ်ချပ်လို့ နေ့တွေက ခံစားမရဘူးဖြစ်လို့။ တကယ်တော့ ကျွန်တော်နေထိုင်ရာ မြို့လေးရဲ့ ဥတုက ဆောင်းဝင်နေပါပြီ။ မေပယ်ရွက်လေးတွေခမျာလည်း အရောင်းပြောင်း ကြွေကျကုန်ပြီ။ သိပ်မကြာခင် စနိုးတွေ လာတော့မယ်ဆိုပါတော့။

တကယ်တော့ မေပယ်ရွက်တွေဟာ သွေးဆုံးခါနီး အမျိုးသမီးတစ်ယောက်လိုပဲလား။ ဒါမှမဟုတ်၊ ကိုယ်မချစ်သက်တဲ့ လူတစ်ယောကို ခွဲရတော့မယ်ဆိုတဲ့ ပီတိနဲ့ အစွမ်းကုန်လှနေခြင်းလား။ ကျွန်တော်ခံစားချက်လေးက ...



အထက်က ဗွီဒီယိုဖိုင်လေးက စနိုးကျနေတဲ့ ပုံရိပ်လေးပါ။ ကျွန်တော့်ဘ၀မှာ စနိုးကျတာ မြင်ဖူးတာ ဒါပထမဆုံးမို့ မှတ်တမ်းတင်မိလိုက်ပါတယ်။ ဒေသခံတွေ အပြောအရ ဒါဟာ စနိုးရာသီအစလေးပဲ ရှိသေးတာဆိုတော့ မေမေ့ရင်ခွင်ကို ပြန်သတိရနေမိတယ်။ အခုတော့ ကျွန်တော်လက်ထပ်ထားရတဲ့ ရာသီဥတုကက ဆောင်းတစ်ပိုင်း၊ နွေတစ်ပိုင်း။ '' အော် တစ်ဘ၀လုံး ကိုယ်လက်ထပ်ရမယ့်သူက အပျိုတစ်ပိုင်း၊ အအိုတစ်ပိုင်းဆို ဒုက္ခ" ။

သဘာဝအလှကို ခံစားနိုင်ကြပါစေ။

1 comment:

နေ့အိပ်မက် said...

ဟာ.. နှင်းကမိုးရွာသလိုကိုကျတာပဲ.. နေ့အိပ်မက်တစ်ခါမှ မမြင်ဖူးဘူးနှင်းကို တအားမြင်ချင်တာပဲ... တင်ပေးတာကျေးဇူး

http://h1.ripway.com/twinpoe/favicon.ico