


ငွေသာတွင်းရွာသည် သဘာဝစပီရူလိုင်းနား ထွက်ရာ ဒေသများတွင် ပါဝင်သော ဒေသဖြစ်ရာ ယခုအခါ စပီရူလိုင်းနားတိုးချဲ့ထုတ်လုပ်နိုင်ရန်ဟူသော ခေါက်းစဉ်သစ်အောက်တွင် မကြာခင် အပြီး ပြောင်းရွေ့ရတော့မည်ဖြစ်ကြောင်း သိရှိရပါသည်။ တွင်းကြီး၏ နံဘေးပတ်လည် ကုန်းထိပ်များတွင် တည်ရှိသော ရွာသုံးရွာမှ အပ တွင်းထဲ(ကျင်းထဲ)နေမည့် အိမ်များ အားလုံး၊ မိသားစုအားလုံး အထက်ဓာတ်ပုံပါအတိုင်း အစားထိုးဆောက်ပေးသော အိမ်များသို့ ပြောင်းရွေ့ရမည်ဖြစ်ကြောင်း သိရသည်။ ယခင်ကလည်း ရွေ့ခိုင်းခဲ့ဘူးသော်လည်း တကယ် မပြောင်းရွေ့ခဲ့ရပေ။ ယခုအခါ အိမ်အားလုံးဆောက်ပြီးသည်ဖြစ်သောကြောင့် ပြောင်းရွေ့ခိုင်းနေပြီး အများစုက ပြောင်းရွေ့လိုချင်စိတ်မရှိသောကြောင့် မရွေ့ကြသေးဘဲ သည်အတိုင်းဆက်နေကြသည်ဟု သိရပါသည်။
1 comment:
အင်း ရတနာရှိတဲ့နေရာမှာနေတယ်ဆိုတော့လည်း
Post a Comment