2/5/10

ခရီးသွားခြင်း အနုပညာ


ပင်ဆယ်ဗေးနီးယားပြည်နယ် အ၀င်က မြို့ကလေးရဲ့ အသက်ရှုသံ(အပေါ်၊အောက်)



ဗာဂျီးနီးယားပြည်နယ် နှင်းတောလေးထဲက အထီးကျန်မှုပြယုဂ်


နေပူပူ ဖုန်ထူထူထဲက အညာနွားတွေကို သတိရမိတယ်။


ကာရိုလိုင်းနားပြည်နယ် တစ်နေရာ(အပေါ်၊ အောက်)



Tennessee ပြည်နယ်တစ်နေရာ

ကျွန်တော် ဒီလ တစ်လခွဲတိတိလုပ်ခဲ့တဲ့ အလုပ်ကနေ ထွက်ခဲ့တယ်။ ဒီတော့ အလုပ်သစ်ရှာပုံတော်ဖွင့်ရတာပေါ့ဗျာ။ အင်တာနက်မှာ အကြွေးတွေ တင်နေသလိုပဲ ကျွန်တော့်ခရက်ဒစ် မှာလည်း အကြွေးတွေနဲ့။ ဒါနဲ့ ဘော်ဒါကြီး ကိုမိုးထက်အောင်ရဲ့ ဖွားဖက်တော် ကဏ္ဍကကားတော်ကြီးနဲ့ ဖေဖော်ဝါရီ သုံးရက်နေ့ မနက် ၉ နာရီခွဲကနေ Louisvilleဆိုတဲ့ မြို့ကလေးကနေ ထွက်လာကြတယ်။ အဲဒီကနေ Tennessee ပြည်နယ်၊ အဲဒီကနေ Georgia ပြည်နယ်၊ ကာရိုလိုင်းနား နှစ်ပြည်နယ်၊ ဗာဂျီးနီးယား နှစ်ပြည်နယ်၊ မေရိလန်းပြည်နယ်တွေကို နှစ်ည သုံးရက်ဆက်တိုက် မောင်းလိုက် နားလိုက်နဲ့ အပြောင်းအရွေ့ခရီးစဉ်ကြီးကို စတင်လိုက်ပါတယ်။ ရောက်တဲ့ပြည်နယ်တိုင်းမှာလည်း အမှတ်တရဖြစ်အောင်၊ ပြီးတော့ (သိပ်တော့ လောဘမကြီးပါဘူး) တစ်ခါတည်း ပြည်နယ် ရှစ်ခုက ပါဝါဘောလ် (Power ball lottery)တွေ တစ်ပြည်နယ် နှစ်ဆောင်စီ ထိုးခဲ့သေးတယ်။ တစ်ပြိုင်နက် ပါဝါဘောလ် ထီ ရှစ်ခု ပေါက်မလားလို့ပါ။ အခု ဒီပို့စ်တင်နေချိန်မှာ Tennessee ပြည်နယ်က ဒေါ်လာ ၁၄၀ မီလျံတော့ လွဲချော်သွားပါပြီ။ ထားပါတော့။ ကံကြမ္မာက သေတာတောင် မျက်နှာသာပေးချင်တာ မဟုတ်ဘူး။

အခါတိုင်း ကိုရွှေအမေရိကမှာ သွားရင် လေယဉ်လေးနဲ့။ အခုတော့ ဗဟုသုတလည်းဖြစ်အောင်၊ ငွေလည်း ချွေတာရာရောက်အောင်ဆိုပြီး ကိုယ်ပိုင်ကားလေးနဲ့ (ကိုယ်တော့ ပိုင်တာမဟုတ်ဘူးဗျာ။ သူငယ်ချင်းပိုင်တာ) လစ်ခဲ့ကြတယ်။ တစ်ယောက်မှ မမောင်းဘူးတဲ့ နေရာတွေ၊ မရောက်ဘူးတဲ့ ပြည်နယ်တွေကို GBS ကျေးဇူးကြောင့် တော်တော်လေး အဆင်ပြေခဲ့တယ်။ အင်း တစ်ခါတစ်လေတော့ Exit အထွက်မှားလို့ အချိန်အလေအလွင့် ဖြစ်တာတော့ ရှိတာပေါ့လေ။ ပင်ဆယ်ဗေးနီးယားလည်း ရောက်ရော ဘာပြောကောင်းမလဲ။ ဘရိတ်ပေါက်သွားပါရော။ West Virginia ပြည်နယ်မှာ ညဘက်ကြီး တောင်ဆင်းတောင်တက်လုပ်ခဲ့ရတဲ့ ဒဏ်တွေ ထင်ပါရဲ့။ တော်တော့ကို ဆိုးဆိုးဝါးဝါးလမ်းတွေပါ။ ကိုရွှေအမေရိကမှာ အဲဒီလောက်ဆိုးတဲ့လမ်းကော ရှိသေးသလားတော့ မသိပါဘူး။

ဘာပဲဖြစ်ဖြစ်၊ ဘ၀မှာလည်း မြေပုံမရှိရင် ပန်းတိုင်ကို ရောက်ဖို့ မလွယ်ဘူး။(RoadMapနော်၊ :) ) ပြီးတော့ Exit အထွက်မှားရင် အချိန်ကုန်သလိုပဲ ဆုံးဖြတ်ချက် တစ်ချက်မှားသွားရင် ပန်းတိုင်ကို ရောက်ဖို့ အချိန်တွေ ကြားထဲလေလွင့်သွားတတ်တာပဲလေ။ အရေးအကြီးဆုံးက တောင်ဆင်းတောင်တက် တွေလို ဘ၀ရဲ့အတက်အဆင်းတွေမှာလဲ ကိုယ့်ရဲ့ စိတ်ဓာတ်ကို မပျက်ပြားအောင် ထိန်းသိမ်းမောင်းနှင်သွားဖို့ အရေးသိပ်ကြီးပါလားဆိုတဲ့ ဘ၀သင်္ခန်းစာတွေကို ခရီးသွားရင်းကနေ ရလိုက်ပါတယ်။

ဒီခရီးစဉ်အတွက် ကိုမိုးထက်အောင်၊ ကိုခင်မောင်ထွေး၊ ကိုမြတ်သောကိုတို့ကို ကျေးဇူးတင်လျက်..




(နက်ဖန် အလုပ်သစ်ဝင်ရမှာမို့ စောစောကွေးပြီဗျာ၊ နောက်မှာ ဇွန်းတပ်ရှယ်လို ပို့စ်ကို ရေးတော့မယ်။ :D)

2 comments:

Anonymous said...

မြန်မာပြည် အညာ က ပိုလှတယ်ဟေ့

ရွှေရတုမှတ်တမ်း said...

မျက်စေ့မှိတ်ပြီးလျှောက်အော်မနေနဲ့နန်း..
ကျနော်အညာသားအခုဗာဂျီးနီးယားမှာနေတယ်...
အလှတမျိုးစီပေမဲ့ သဘာဝအလှကိုထိမ်းသိမ်းရာမှာတော့ US ကသာတယ်

http://h1.ripway.com/twinpoe/favicon.ico