ကောင်းကင်တစ်ခုစာ လွှတ်တင်လိုက်ပီလား၊
အဝေးမှာ ပြန်ဝဲနေတဲ့ ငှက်ကလေး
တစ်ကိုယ်ရေ လမ်းလျှောက်တတ်ပြီပဲ ဆိုပါတော့ အမေ၊
ငှက်ကလေး ပြန်ချိန်ဆို မေမေ မျက်ရည်တွေ စီးဆင်းလို့၊
ငှက်ကလေး ပြန်ရင် ရှိစုမဲ့စု အိပ်ကပ်ထဲက ငွေတွေ ထုတ်ရေလို့၊
ငှက်ကလေးဟာ ငှက်ကလေးသာသာပဲ အမေရယ်။
ဒီလိုနဲ့ အမေနဲ့ ပြန်မတွေ့နိုင်တော့တဲ့ နယ်ကျွံငှက်ကလေးတစ်ကောင်..
သံသရာကွင်းပြင်တစ်ခုလုံးစာ နှုတ်ဆက်သွားတာလား၊
ကံမကုန်ရင် ပြန်ဆုံကြမှာပေါ့လို့ ငှက်ကလေးရဲ့ နှုတ်ဆက်သံ
တကယ်လက်တွေ့ပြလိုက်ပီလား အမေ၊
အမေက ငှက်ကလေးရဲ့ လက်ကို ကိုင်ပြီး ငို၊
ငှက်ကလေးက အမေ့ရဲ့ မျက်နှာလေးကို ကြည့်ရင်း ငို၊
အမေရေ...
သားကို အများကြီး စိတ်မချခဲ့ပါနဲ့၊
ငှက်ကလေးဟာ ယောနသံဇင်ယော်မှ မဟုတ်တာ။
(လွန်ခဲ့တဲ့ တစ်ပါတ်က ကွယ်လွန်သွားတဲ့ ကျွန်တော့်ရဲ့ ဒုတိယကောင်းကင်ကြီးရဲ့ ကျေးဇူးတွေကို အောက်မေ့လျက်)
Type the rest of your post here.အဝေးမှာ ပြန်ဝဲနေတဲ့ ငှက်ကလေး

ကျွန်တော် အမေရိကားခရီးစဉ်မစခင်မှာ အမေ့ကို ကျွန်တော်နှုတ်ဆက်သွားတော့ ။ ဘာလို့ ဒီလောက် အဝေးကြီးသွားနေချင်ရတာလဲတဲ့။ ပြီးတော့ အမေ့ကို ကျွန်တော်က အမေ ကံမကုန်ရင် ပြန်ဆုံကြမယ်နော်လို့ ဖွဖွလေး ပြောခဲ့ဖူးတယ်။ အဲဒီတုန်းက အမေက မျက်ရည်တွေ ၀ဲလို့။ ကျွန်တော်ဆန်ဖရန်စစ္စကို ဂိုးလ်ဒင်းဂိတ်တံတားကို ညဘက်ကြီး အလည်ရောက်တော့ အဲဒီတံတားကြီးထိပ်ကနေ ကွယ်လွန်သွားတဲ့ မေမေနဲ့ နောက်ဆုံး စကားပြောခွင့်ရခဲ့တယ်။ အမေက “ အဲဒီမှာ ပျော်ရဲ့လား”တဲ့။ မေမေ ကောင်းရာသုဂတိလားပါစေ။
(ကျွန်တော် ကဗျာကို နာမည်မပေးလိုက်တာက အမေ့ရဲ့ ကျေးဇူးတွေကို ဘောင်ခတ်ရာ ရောက်မှာစိုးလို့ပါ။ သူငယ်ချင်းတွေပဲ ကိုယ့်ဘာသာ ကိုယ့်စိတ်ကြိုက်နာမည်တပ် ခံစားကြပါတော့ဗျာ)
(ကျွန်တော် ကဗျာကို နာမည်မပေးလိုက်တာက အမေ့ရဲ့ ကျေးဇူးတွေကို ဘောင်ခတ်ရာ ရောက်မှာစိုးလို့ပါ။ သူငယ်ချင်းတွေပဲ ကိုယ့်ဘာသာ ကိုယ့်စိတ်ကြိုက်နာမည်တပ် ခံစားကြပါတော့ဗျာ)
No comments:
Post a Comment