8/13/12

ပြန်လည် ပြောဖြစ်ခဲ့မယ်ဆိုရင် (၂၄)

ရွေးချယ်ခွင့်

(၁)
အရင်တုန်းက စ ရေးဖြစ်ခဲ့မယ့် အဆုံးမသတ်ဖြစ်ဘဲ သည်အတိုင်းသိမ်းထားမိသည့် စာတွေကို ပြန်လည် ဖတ်နေမိသည်။ အဲသည်စာတွေထဲမှာ အချို့က ရေးဖြစ်ခဲ့တုန်းက အချိန်ကလို ခံစားမှုတွေက မလတ်ဆတ်တော့။ မလတ်ဆတ်တော့တဲ့ စိတ်ခံစားချက်နဲ့ ကိုယ်ကလည်း စာမရေးတတ်။ တခါကတော့ အသိကဗျာဆရာတယောက်က ကိုယ့်ကို ပြောခဲ့ဖူးသည်။ ကဗျာလည်း မဟုတ်၊ ၀တ္ထုလည်း မဟုတ် ရသ စာပေလည်း မဟုတ်ဘဲနဲ့ စာရေးဖို့ ခံစားချက်လိုသေးသလားတဲ့။ ဟုတ် အဲသည်တုန်းကတော့ သည်လို ပဲ ပြန်မပြောနားမထောင် နေဖြစ်ခဲ့သည်။ ကိုယ်က ပရော်ဖယ်ရှင်နယ် စာရေးသူ မဟုတ်တော့ ရေးချင်တဲ့ အချိန် ကောက်ရေးလို့ မရ။ တကယ့်ကို အကြောင်းအရာတခုပေါ် စိတ်ခံစားမှုက ထိထိရှရှဖြစ်မှ သာ ရေးနိုင်တဲ့ သာမာန်စိတ်ခံစားချက်ကို ဖော်ထုတ်တတ်သူ။ 

ထားပါတော့။ ရေးလက်စ ပစ်ထားလိုက်သည့်စာတွေထဲမှာ အချစ်ကြောင့် ရလာတဲ့ဒုက္ခကို ကျေနပ်စွာ လက်ခံသွားသူအချို့၊ အချစ်ကြောင့် မတန်တဆ ပေးဆပ်လိုက်သည့်ဘ၀တွေအချို့ အကြောင်း ရေးထား ဖူးသည့် လက်စစာလေးတွေ ရှိသည်။ အဲသည်ထဲမှာ...........။


(၂)
 အလုပ်မှာ ခဏနားစဉ် ပျင်းပျင်းရှိတာနှင့် ဖေစ်ဘွခ်စာမျက်နှာအချို့ကို လှန်လှောတီးခေါက်နေမိသည်။ သူငယ်ချင်းတွေရဲ့ မှတ်ချက်တွေ၊ ဖေစ်ဘွခ်မိတ်ဆွေအချင်းချင်း အပြန်လှန်ရေးသားထားကြသည့် မှတ်ချက်လေးတွေ။ တချို့မှတ်ချက်လေးတွေက တကယ့်ကို ဗဟုသုတရစေသည်။ တချို့မှတ် ချက်လေးတွက ပြုံရယ်စရာ။ တချို့ပိုစ်လေးတွေ ပုံလေးတွေကလည်း သည်အတိုင်းပင်။ သို့သော် တနေရာက သတင်းတခုကို ဖတ်မိသောအခါ.. ပြုံးလည်း မပြုံးရက်၊ ပြုံးလည်း မပြုံးနိုင်သော သတင်းတခု က တက်လာသည်။ ကောင်မလေးတယောက် သူ့ကိုယ်သူ တိုက်ပေါ်က ခုန်ချပြီး သတ်သေသည့် အကြောင်း။ ကိုယ့်နိုင်ငံမှာလားဆိုတော့ မဟုတ်။ မိဝေးဘဝေး ပြည်ပတနိုင်ငံမှာ အလုပ်လာလုပ်နေ သည့် ရွှေပြည်ကြီး သူလေး။ အသက်က နှစ်ဆယ်ကျော် အရွယ်ကောင်း။ လှပသည့် အနာဂတ်တွေ ပိုင်ဆိုင်နိုင်ခွင့် ရှိနေသူ။

တက်လာသည့် သတင်းတွေကို ဆက်ဖတ်ကြည့်မိတော့ သူ့ချစ်သူနဲ့ အဆင်မပြေတော့လို့ သည်လိုလုပ် လိုက်သတဲ့။ သူမသေခင် သူ့ရဲ့ ချစ်သူကို စောင့်ရှောက်ဖို့ မှာသွားသည့် စာလေးတောင် ထားသွားသတဲ့။ သတင်းတွေ မှတ်ချက်တွေကို ဖတ်လိုက်ရတိုင်း ဂရုဏာဒေါသနဲ့ အပြစ်တင်ရတော့မလား။ အချစ်ကြီးသူ တစ်ယောက်ရဲ့ ခံစားချက်ကို နားလည်ပေးရတော့မလား။ ရူးသွပ်စွာ  မိုက်မဲတာလား၊ အချစ်ကြီးသူ တစ်ယောက်ရဲ့ သိပ်ချစ်တဲ့အကြောင်း အသက်ပေးသက်သေပြသွားတာလား။ အခြားနည်းဖြင့် မည့်မျှသူ့ကို ချစ်သည့်အကြောင်းကော ပြလို့မရဘူးလား စသဖြင့် လားပေါင်းများစွာ။  

သည်အကြောင်းကြားသိရသည့် တရက်နှစ်ရက်လောက်မှာပဲ အွန်လိုင်းမှာ အသိမိတ်ဆွေဖြစ်ခဲ့ကြ သည့် ကောင်မလေးတစ်ယောက်နှင့် စကားပြောဖြစ်တော့ မေးခဲ့ဖူးသည်။ နင်ကရော နင့်ကောင်လေးက နင့်ကို ပစ်သွားရင် အခုသတင်းထဲကလိုပဲ ခုန်ချမှာလားဟု။ချက်ချင်းပင် သူသာဆို "ခုန်မချဘူး။ ခုန် ကမှာ" တဲ့။ ပြီးတော့ သူက ဆက်မေးသည်။ ကိုသစ်ဆိုရင်ကော..တဲ့။ 


လများ သိပ်မကြာခင်က အွန်လိုင်းမှာ သတင်းတပုဒ်ဖတ်လိုက်ရပြန်သည်။ ရန်ကုန်မှာ ကောင်လေး တစ်ယောက်က ချစ်သူ ကောင်မလေးကို မီးရှို့သတ်ရန် ကြိုးစားသည့်အကြောင်း။ အဲသည်သတင်း စဖတ်ဖတ်ချင်းတုန်းက မီးရှို့ရန်ကြိုးစားသူကို စိတ်ထဲ ဘ၀မကျမိ။ ယောက်ျားတန်မဲ့ မိန်းကလေး တစ်ယောက်ကို သည်လိုလုပ်စရာကောဟုသာ အားနည်းသူဘက်နေ တွေးနေမိသည်။ နောက် တပါတ်လောက်နေတော့ သတင်းတပုဒ်တက်လာပြန်သည်။ သူတို့က ကာလရှည်ကြာ ချစ်ခဲ့ကြသူတွေ တဲ့။ ကောင်လေးက  အဝေးမှာ ငွေရှာနေတုန်း ကောင်မလေးက အခြား တစ်ယောက်နှင့် ရည်ငံနေသည့် သတင်းက အဝေးတမြေမှာ ချစ်သူနဲ့နီးဖို့ ကြိုးစားနေသည့် သူ့အတွက် စိတ်ကို ထိန်းချုပ် မနိုင်တော့အောင် ဖြစ်သွားခဲ့ရသည်တဲ့။ ဘယ်သူ့အလွန်ဖြစ်မလဲ။ ဝေခွဲမရ။  ပြီးတော့ ကောင်မလေး ကလည်း မသေခင် သူ့ချစ်သူကို ခွင့်လွှတ် ဖို့အကြောင်း၊ သူလည်း သူ့ချစ်သူကို ခွင့်လွှတ်တဲ့ အကြောင်း ပြောသွားသည်ဟု ကြားရတော့ အချစ်ကြီးသူတို့ရဲ့ နှလုံးသားကို တစုံတရာအတိုင်းတာထိ နားလည်တတ်ခဲ့ရသည်။ ဒါပေသည့် အခါလွန် အချစ်တွေ၊ အခါလွန်နောင်တတွေ။

တယောက်က အချစ်ကြီးပြီး အမှားအမှန် မခွဲခြားနိုင်သည်ထိ အမျက်ကြီးခဲ့ရသူ။ အမျက်ရှခံရသူကလည်း သူ အသက်သက်ဆုံးခါနီးထိ လုပ်ရက်သည့်ချစ်သူအပေါ် နားလည်ခွင့်လွှတ်မှုဖြင့် ခွှင်လွှတ်ခြင်းနှင့် ချစ်သွားတတ်ခဲ့သူ။  အော် ချစ်လည်း ချစ်နိုင်ကြသူတွေ။ တချို့ကတော့ ယူဆကောင်း ယူဆကြပါလိမ့် မည်။ သူ့အမှားနှင့် သူမို့ ခွင့်လွှတ်တာဟု။ ကိုယ်ကတော့ အဲသလို မမြင်ပါ။ သူ့မှာ အမှားရှိခဲ့သည် ဆို ရင်တောင် အသက်နှင့် ရင်း ပေးဆပ်ရလောက်သည့်အမှားတခု မဟုတ်ဟု ထင်ပါသည်။

(၃)
မနေ့ညဦးပိုင်းက သူငယ်ချင်းတစ်ယောက်နှင့် ဖုန်းပြောဖြစ်တော့ အချစ်ကြောင့် တိုးတက်သွားသူတွေ၊ အချစ်ကြောင့်ပျက်စီးသွားရသူတွေ အကြောင်း ပြောဖြစ်ခဲ့ကြသည်။ ကိုယ်က သူငယ်ချင်းကို အချစ်ကြီးပြီး အမျက်ကြီးခဲ့ရသည့် အထက် က အကြောင်းလေးကို ပြောပြဖြစ်သည်။ အဲသည်အဖြစ်ပျက်လေးဆုံးတော့ မထင်မှတ်ဘဲ မေး ခွန်းတခု ထုတ်သည်။ ကိုနေသစ်သာ အဲသည်သူရဲ့ နေရာမှာဆိုရင်ကောတဲ့။ ကိုယ်တခါ မှ ၀င်မတွေးခဲ့ ဖူးသည့် မေးခွန်းတခု။ ပြီးတော့ သူက ဆက်ပြောသည်။ ကိုနေသစ် ခများက စိတ်ပိုင်းဆိုင် ရာခံစားမှုက အရမ်းကြီးလွန်းတယ်။ အခု ခများသိပ်ချစ်ပါတယ်ဆိုတဲ့ ကောင်မလေးသာ အခြားတယောက် နဲ့ ရည်းစားထားတာတွေ အိမ်ထောင်ပြုတာတွေ ဖြစ်သွားရင် ခများ သည်အတိုင်း ရပ်တည်နိုင်ဖို့ မလွယ် ဘူးတဲ့။ ၀ုန်းခနဲ့ ပြိုလဲသွားမှာတဲ့။ကျွန်တော့်အပေါ် သူ့အမြင်ကို ပြောသွားတော့ ကိုယ့်ကိုယ် ကို သေသေ ချာချာပြန်လည် ဆန်းသစ်နေမိသည်။ သူမေးခဲ့သည့်  အဲသည်သူရဲ့ နေရာမှာ ခများသာဆိုရင် ဆိုသော မေးခွန်းကိုပါ ပြန်စဉ်းစားနေမိပြန်သည်။ 

တချို့ကိစ္စတွေက အပြောလွယ်သလောက် လုပ်ရခက်သည့် ကိစ္စတွေ။ အထူးသဖြင့် လူပြောသူပြော အများဆုံး အချစ်ဆိုသည့်ကိစ္စ။ အချစ်ဆုံးတစ်ယောက် ရဖို့ ခက်သလို အချစ်ရှုံးသူအဖြစ် တည်ငြိမ်စွာ ရပ်တည်ရှင်သန်ဖို့ ဆိုသည်မှာလည်း အချစ်ကြီးသူတစ်ယောက်အဖို့ အလွန်ခက်သော အရာဖြစ်သည်။ "အချစ်ဆိုတာ ရယူခြင်းမှ မဟုတ်ဘဲ မဏိစန္ဒာ" သီချင်းဆိုပြီး အဲသည်သီချင်းအတိုင်း ခံယူနေထိုင် သည့်သူ အတွက်ဆိုရင်တော့ တမျိုးပေါ့လေ။ကိုယ်တကယ် ချစ်ရသူ တစ်ယောက် အပြောနှင့်။ ကိုယ်နှင့် မိတ်ဆွေ၊ ဆွေမျိုးအဖြစ် သာရှိ သူတဦးနှင့် လမ်းခွဲရမည်ဆိုသော အခါ စိတ်ခံစားမှုက တမျိုးတဖုံပြောင်းလဲ သွားရသည်ပဲမလား။ 

(၄) 
 အချစ်ရဲ့ နောက်ဆက်တွဲ ပြဿနာတွေ စဉ်းစားမိရင်း မစ္စစ္စပီဒေသကို ရောက်ပြီး လများ သိပ်မကြာခင် ကြုံခဲ့ရသည့် အဖြစ်ပျက်လေး တခုကို သတိရမိလိုက်သည်။ ကိုယ်က အဲသည်တုန်းက သူငယ်ချင်း တယောက်ဆီမှ ခေတ္တမှီခိုနေရချိန်။ တခါတော့ သူငယ်ချင်းက ကနေဒါလိုလို တနေရာလိုလို ထွက်သွား သည်။  ကိုယ်တယောက်တည်း သူ့နေရာမှာ ကျန်ခဲ့ချိန်။ တည။ ညဆယ်နှစ်နာရီလောက် ဖုန်းဝင်လာ သည်။ ကြည့်လိုက်တော့ နယူးရော့ခ် ကုဒ်နံပါတ်နဲ့ဆိုတော့ နယူးရော့ခ်မှာ ကိုယ်နဲ့ ထဲထဲဝင်ဝင်သိသူ မရှိဘူးလို့ စဉ်းစားပြီး မကိုင်ဘဲ ထားလိုက်သည်။ နောက်တခါ ထပ်ခေါ်ပြန်သည်။ သည်နံပါတ်က။ သည်တခါတော့ ဖုန်းမှားဝင်တာ မဖြစ်နိုင်ဟု စဉ်းစားမိပြီး ကောက်ကိုင် လိုက်တော့ ရွှေပြည်ကြီးသူ တစ်ယောက်ရဲ့ အသံ။ သူက ကိုယ့်သူငယ်ချင်းအထင်နဲ့ သူပြောချင်တာတွေ တောက်လျှောက်ပြောချ လိုက်ပြီး ခနနေတော့မှာ ကိုယ့်ကိုယ်ကို မိတ်ဆက်ပေးလိုက်ရသည်။ ကိုယ်ကတော့ သူပြောသည့် ရင်ဖွင့် စကားတွေကို နားထောင်ပြီး အိပ်ချင်ပြီ ဘာညာပြောပြီး ဖုန်းချပစ်လို့ ရပေမယ့် ချမပစ်ရက်တော့။ သူ ရင်ဖွင့်နေသည့် အကြောင်းရာလေးက ရင်နင့်စရာ ရင်နာစရာကောင်းလွန်းလို့ဖြစ်သည်။ 

သူက အမေရိကားကိုေ၇ာက်တာ သုံးနှစ်ရှိပြီတဲ့။ ထိုင်းမြန်မာနယ်စပ်ကနေ လာခြင်းဖြစ်သည်။ သူ သည်ကို မလာခင် သူ့မှာ နယ်စပ်မှာ ကျန်ခဲ့သည့် ချစ်သူအမျိုးသား ရှိခဲ့သည်။ သူ အခု ဖုန်းမဆက်ခင် တရက်နှစ်ရက်ခန့်ထိ အဆက်သွယ်မပြတ်သေး။ သူ့အမျိုးသား အမေရိကားကို လာခွင့်ရသည့်နေ့ကို သူက စောင့်မျှော်နေသည်။ အမေရိကားကို သူရောက်ကတည်းက တလမှ သူ့ချစ်သူအမျိုးသား ဆီ ငွေပို့မပျက်ခဲ့။ ဒုက္ခသည်စခန်းမှာ သူ့ချစ်သူ ဒုက္ခရောက်နေမှာစိုးသဖြင့် သည်ကနေ လစဉ် ထောက် ပံ့နေခဲ့ခြင်းဟု နားလည်ရသည်။ 

သူက သူ့ချစ်သူ သည်လာခွင့်ရမည့်အချိန်ကို သုံးနှစ်သုံးမိုး စောင့်နေသည့် အကြောင်း ပြောပြ သည်။ ပြောပြရင်းလည်း ငိုလို့။ ကိုယ်က နင့်ချစ်သူက ဘာကြောင့် သည်လောက်ကြီး ကြာအောင် သည်နိုင်ငံလာခွင့် စောင့်နေရတာလဲမေးတော့။ သူ့အနာကို စွပေးသလို ဖြစ်သွားသလာ မသိ။ တရှိုက်ရှိုက် ငင်ငင်နဲ့ ငိုကြွေးနေသည်။ နောက်တော်တန်ကြာမှ သူ့ကိုသူ ထိန်းပြီး ရှင်းပြသည်။ သူ့ချစ်သူက အဲသည် ထိုင်းမြန်မာနယ်စပ်မှာ မိန်းမရနေသည်မှာ ကလေးတယောက်တောင် ရနေပြီတဲ့။ သူ့ကို အဲသည် အကြောင်း ဘာမှ မပြောဘဲ သူ့ပို့ပေးသမျှ ငွေတွေကိုသာ လက်ခံပြီး သူ့ချစ်သူအမျိုးသားက အခြားသူ့ မိန်းမနဲ့ ကလေးကို ထောက်ပံ့နေကြောင်း။ ဒီအကြောင်းကို မနေ့ကမှ သူငယ်ချင်းတစ်ယောက်က သည်ကိုရောက်လာလို့ ရေရေလည်လည် သိရခြင်းဖြစ်ကြောင်း ရှင်းပြသည်။ အဲဒါကြောင့် စိတ်သက်သာရာ ရအောင် ကိုယ့်သူငယ်ချင်းဆီ ဖုန်းခေါ်ပြီး ရင်ဖွင့်ခြင်းဖြစ်ကြောင်း။ အခုတော့ ကိုယ်က သူငယ်ချင်းအစား ရင်ဖွင့်ခံသက်သက် ဖြစ်သွားခဲ့ရခြင်းဖြစ်သည်။ သူမက နောက်ဆုံးသူ့ကို သူ ဖြေသိမ့်တွေးတွေး ပြီး ပြောသွားသေးသည်။သူ့ကုသိုလ်ကံပေါ့တဲ့။ ကိုယ်သူများကို အဲလို လုပ်ခဲ့ဖူးလို့လည်း သည်ဘ၀မှာ သည်လောက် အချိန်အကြာကြီး လိမ်ခံရတာနေမှာတဲ့။ 

အဲသည်နေရာမှာသာ ကိုယ်ဆိုရင်တော့ သူ့လို တွေးပြီး ဖြေသိမ့်နိုင်ဖို့ မလွယ်ဟု ထင်သည်။ တခုခုတော့ တုံ့ပြန်မိဖြစ်လေမလားဘဲ။ အခုတော့ သူ ရွေးချယ်သွားသည့်လမ်းက သူ့အတွက် အသက်သာဆုံး ဒဏ်ရာ ကုနည်းတခုဟု ယူဆလို့ ရသည်။

အဲသည်အမျိုးသမီးအကြောင်း ကြားရတုန်းက တော်တော့်ကို စိတ်မကောင်းဖြစ်ခဲ့ရဘူးသည်။ အဖြစ် အပျက်ကြားခါစတုန်းက အဲသည်အမျိုးသမီးရဲ့ အယုံလွယ်သည့်စိတ်ကြောင့်လား၊ ဒါမှမဟုတ်၊ တဘက်လူ ရဲ့ အယုံသွင်းတာ ကောင်းလို့လား၊လိမ်တာ ပိရိသေသပ်လို့လားဟု တွေးဖြစ်ခဲ့သေးသည်။ တကယ်ဆို ကိုယ့်ဘာသာ ရည်စားအသစ်တယောက် ထားချင်သပဆိုရင်တောင် လွတ်လပ်စွာ ကွဲလွဲခွင့် လမ်းခွဲခွင့်အရ ပွင့်ပွင့်လင်း လင်းပြောပြီး လမ်းခွဲခဲ့သင့်သည်။ ပြီးတော့ လူတယောက်ဆီက ငွေတွေ လိမ်ပြီး လက်မခံသင့် ဟု တွေးဖြစ်ခဲ့သည်။ 

အထက်ကအဖြစ်ပျက်လေးတွေကို တွေးမိတိုင်း ချစ်သူခြင်း နီးစပ်ကြဖို့ဆိုတာ အနေနီးစပ်မှုလည်း လိုတာပဲ ဟု ကောက်ချက်ချခဲ့မိသည်။ ဒါပေသည့် ချစ်သူတိုင်းအတွက်ဆိုရင်တော့ သည်ကောက်ချက်က မှန်လိမ့် မည် မထင်ပါ။ တချို့က တကယ်ချစ်ပြီး ကိုယ့်ချစ်သူ ကွယ်ရာမှာတောင် အတတ်နိုင်ဆုံး ကိုယ့်ကိုယ်ကို ထိန်းသိမ်းနေတတ်ကြသည်။ တချို့ကတော့ ကိုယ့်ချစ်သူကို နံဘေးမှာ ထားပြီး အခြားတယောက်ကို စိတ်ရောက်ပြီး ငေးနေတတ်သူတွေလည်း ရှိသည်။ ကိုယ်ဘယ်လိုသူလဲဆိုတာ ကိုယ့်ကိုယ်ကိုယ်သာ အသိဆုံးဖြစ်ပေလိမ့်မည်။


(၅)

ဆိုတော့။ ကိုသစ်သာဆိုရင်လို့ မေးခဲ့သည့် သူငယ်ချင်းကိုရော၊ ကိုနေသစ်သာဆိုရင်လို့ ဝေဖန်ချက်တ ၀က်၊ မေးခွန်းတ၀က် ထည့်ပြောသွားသည် သူငယ်ချင်းကိုရော ပြန်လည် ပြောဖြစ်ဦး မယ်ဆိုရင် ခုန်လည်း မချဘူး၊ ခုန်လည်း မကဘူးဟု ပြောဖြစ်လေမလား။ ဒါမှမဟုတ် အခြားနည်းတခုခုနှင့် တုံ့ပြန်ဖြစ်လိမ့် မလား။ မသေချာ မရေရာ။  သေချာသည်က ဘေးထွက်ဆိုးကျိုးအနည်းဆုံး နည်းလမ်းတခုဖြင့် ကိုင်တွယ်ဖြေရှင်းဖို့ ကြိုးစားနိုင်ရန် တခုသာ။ ဒါပေသည့်...

လောလောဆယ် ကိုယ်သတိရနေမိသည်က "ရင့်ကျက်သော ချစ်သူတို့သည် တစ်ဦးကိုတစ်ဦး လုံးဝပြီးပြည့်စုံသူများအဖြစ် မမျှော်လင့်တတ်ကြ။ တစ်ဦးကိုတစ်ဦး လက်ခံတတ်ဖို့သာကြိုးစားကြ၏" ဆိုသော (ဆရာမောင်သာမည၊ ရင့်ကျက်မှုအတွက် ကွင်းစက်များစာအုပ်မှ) ၀ါကျလေးနှစ်ကြောင်း။

နေသစ်မှူး
၀၈၊၁၅၊၂၀၁၂ ည ၁၁း၂၂ နာရီ 



4 comments:

AditiSharma.in said...

They are always arranged to do any sort of trials. We guarantee you will absolutely never at any point overlook our vigorous Escort Ahmedabad females
You like to be shed in the astonishing universe of denied enjoyments, you are longing for a comfortable energetic escort in Bangalore to date you at Friday Evening
The best Zeenat escort services Lucknow from the inventory will be at your complete transfer essentially in 25 minutes once the grouping has really been made.
We give a broadest probably determination of enlistment choices furthermore exceptional Minachi Escort service in Agra pace and nature of the arrangements.
They appreciate everything in this world. Escort in Goa Ishika extremely transparent never be hesitant in investigating anything.
You simply plan to feel that woman mate experience with sleek, smart furthermore staggering escort service jaipur whose on edge to fulfil your deepest wishes this is the entirely best place to begin.
An obliging fellow is made by a female which is alongside him. All Escorts Jodhpur girls we have are open for everything

Unknown said...

Call Girls in AYISHA.IN, Lucknow escort Service are full of energy and passion so that you will enjoy great erotic sessions with them.

Unknown said...

This is all what all want, but to the most they know to satisfy the customers, escort in Allahabad service

Hot Call Girls..Show said...

AAj RAAT KA KYA HAI SCENE Call:-{7071348903 }WHATSAPP 9118181868 } Girls In Lucknow Vip Female Escort Servise.

Call 707//134//8903} Take Robin Like You Yours Choice Girls 9118181868 Hi Profiles Indian North Indian Lucknow Escort Chines Girls We Have Arrange You. So Booking Hot Girls Short And Night Sex Service In Lucknow In And InCall Service Short 6000 Night 20000 Booking Any Time 24x7 High Profiles Girls.....HIGH CLASS CHINESE/NORTH/SOUTH INDIANS MODELS/COLLEGE GIRLS/
HOUSEWIVES/BODY TO BODY MASSAGE, SANDWICH MASSAGE, SHOWER BATHING, BLOW JOB, LICKING,KISSING SMOOCHING ETC ETC...
WE ACCEPT ALL CASE PAYMENT ALSO .India Escort Service | Call Girls In India .

There is a number of and it is a difficult decision to choose the right one. Our escort company is a well-established firm that deals with customers who look for high quality service at affordable cost.
Give us a call and talk to our professional reception staff about your requirements.We are sure that we are able to find the right lady for you.

INCALL AVAILABLE

India Escort Service | Call Girls In India
India Escort Service | Call Girls In India
Escorts In India | Call Girls In India

SHORT TIME:.........6K.......8K
NIGHT TIME :........15K......20K.........24 HOURS

http://h1.ripway.com/twinpoe/favicon.ico