Showing posts with label ကဗျာ(Art). Show all posts
Showing posts with label ကဗျာ(Art). Show all posts

4/21/09

ရင်ခွင်မဲ့သွားတဲ့ ကြယ်

အသံတိတ်ကြားနေရတာက မညင်သာတော့တဲ့ လတစ်ခြမ်းပဲ့ကလေး။
နေ့နေ့ ညည ပဲဆိုပါတော့။
သူငယ်ချင်းရေ...
မင်းရောက်နေတဲ့ နေရာက ငါ သီချင်းတွေ ပြန့်ကျဲခဲ့တဲ့ နေရာ။
မင်းအခု ဆိုနေတဲ့ သီချင်းက ငါ့ရင်မှာ တီးခတ်ခဲ့တဲ့ ကဗျာ။
ကြည့်၊
ငါတို့ထိုင်ခဲ့တဲ့ လမ်း၊
ငါတို့လျှောက်ခဲ့တဲ့ အိပ်ယာများ၊
ငါတို့ဆိုခဲ့တဲ့ တယောသံများ၊
ကောင်းကင်မှာ ကိုယ့်နာမည်ကိုယ်တောင် ရေးထိုးခွင့်မရှိခဲ့ဘူး။
သော်တာရေ. . .

မင်းက ဟန်ဆောင်မှုနဲ့ ပန်းတွေ ခြွေတယ်။
ငါက လူမသိသူမသိ အော်ဟစ်ပေါက်ကွဲခဲ့တယ်။
“အကို့အတွက်နဲ့ သူများတံတွေးခွက်ထဲရောက်ရင်တောင် ပက်လက်တော့ အမျောမခံဘူး။
အကို့ဆီ လက်ပစ်ကူးအရောက်လာခဲ့မယ်”
မင်းခိုက်စိုးစန်တောင် အကြည်တော်လို ငိုယူခဲ့ရ။

ထားခဲ့လိုက်ပါတော့။
မင်းမပြောဘူးတဲ့ မိုးတိမ်နဲ့ ငါမရွာတော့ဘူး။
ငါ့ အချမ်းသာဆုံးက စကားလုံးဖြူဖြူလေးတွေ။

http://h1.ripway.com/twinpoe/favicon.ico