Showing posts with label essay. Show all posts
Showing posts with label essay. Show all posts

12/6/09

READY MADE


PHOTO BY


“သား ဘာဒီဂရီရထားလဲ”

“သား ဘာအလုပ်လုပ်နေလဲ”

“အစ်ကိုက ဘာနဲ့ ကျောင်းပီးတာလဲ”

“အစ်ကိုက ဒီမှာ ကျောင်းပီးခဲ့တာလား”

ဖြတ်သွားဖြတ်လာ မေးခွန်းတွေက တစ်ရစပ်။ ကိုယ့်ဘာသာ ကိုယ် ဖြတ်ရိုက်ထားသော ဘ၀တစ်ခုကို လူ့သဘာဝပီပီ သွေးတိုးစမ်း မေးနေကြသည်။ သူက ဘာဘွဲ့မှ အမေရိကားမှာ တက်ခဲ့တာမရှိ၊ ဘာအလုပ်မှ မလုပ်၊ ဘွဲဆိုလို့ ငယ်ငယ်က ကိုရင်ဝတ်တော့ ရွာကျောင်းဘုန်းကြီးက ပေးခဲ့တဲ့ ဘွဲ့တော့ ရှိသည်။ ဘာတဲ့။ ဆရာတော်က မင်းက စနေသားဆိုတော့ တောက်တက်လို့ မှည့်မယ်ကွာဟူ၏။

အယ်လ်အေရောက်တုန်းက အီရတ်စစ်မျက်နှာပြင်က အောင်မြင်စွာ ပြန်လာသော အစ်ကိုတစ်ယောက်နဲ့ တွေ့ခဲ့ဖူးသည်။ သူက အီရတ်စစ်ပွဲမှာ နှစ်နှစ်လောက် ပါဝင်ခဲ့သည်။ အခုတော့ စစ်တပ်က ပြန်ထွက်၊ ကျောင်းပြန်တက်။ သူ့ကိုလည်း အထက်ပါအတိုင်း သား ဘွဲ့ရပီလားဟု တော်တော်မေးခံခဲ့ရသည်။ သူကတော့ ကျွန်တော့်လို ခေါင်းငုံ မခံခဲ့။ ဘွဲ့ရတော့ ခများသမီးနဲ့ ပေးစားမှာမို့လား ဟု ပြန်ပက်လေ့ရှိသတတ်။ လူတွေက ဂုဏ်တွေနောက် လိုက်၊ ဂုဏ်တွေက လူတွေနောက် မလိုက်ကြ၊။ နောက်တစ်ယောက်ကတော့ တစ်မျိုး၊ သူမက ကျောင်းတက်နေဆဲ၊ သူ့ကောင်လေးက ငွေတော်တော် အရှာကောင်းသတဲ့။ ဒါပေမယ့် ....သူမ အမြဲတမ်းပြောတတ်သည်က ငွေနှင့် ဂုဏ်သိက္ခာအကြောင်း။ တော်တော်တော့ ကြောက်စရာ ကောင်းနေပြီ ဖြစ်သည်။

တလောက ကျွန်တော့် ကောင်မလေးနှင့် ဖုံးပြောဖြစ်သည်။ သူမက အိမ်ထောင်ပြုတယ်ဆိုတာ ပြုသင့်လို ပြုတာရှိသလို၊ မပြုသင့်ပေမယ့် သိပ်ချစ်လို့ ပြုတာလဲ ရှိသတဲ့ဟု ပြောလိုက်သံ ကြားလိုက်ရသည်။ သူမနှင့် စကားပြောပြီးတော့ သူမပြောသွားသည့် စကားများကို လူ့လောကထဲ ချကြည့်လိုက်မိသည်။ တယ်ဟုတ်ပါလား။ နားလည်ဖို့ မလို၊ ကားဝယ်ပေးဖို့ပဲ လိုတယ်ဆိုတဲ့ စကားတွေလည်း ရှိနေဖူးသည်ကိုး။ သားရှင်မိဘတွေကလည်း ချွေးမဆို ရယ်ဒီမိတ်မှ၊ သမီးရှင်တွေကလည်း သားမက်လောင်းဆို ရယ်ဒီမိတ်မှ။ ကောင်မလေးတွေကလည်း ယောက်ျားလေးဆို ရယ်ဒီမိတ်မှ၊ ကောင်လေးတွေကလည်း ကောင်မလေးဆို ရယ်ဒီမိတ်မှ။ အားလုံး အဆင်သင့် စားသုံးရန် သင့်တော်သော .......ဆိုသော ဂုဏ်တွေနှင့် ကျင့်သား မရသေးသော ကျွန်တော်သည် ကိုယ့်ကိုယ်ကို ရယ်ဒီမိတ်ဖြစ်ရန် ကြိုးစားရပေဦးမည်။ သို့မှသာ... သမီးရှင်တွေက ...ကောင်မလေးတွေက.... လောကကြီးက....။

“ဟေ့ကောင် နေသစ်၊ လာ မက်ဒေါ်နယ် သွားစားမယ်ကွာ။ ဒီနေ့ ထမင်းချက်ရတာ၊ဟင်းချက်ရတာနဲ့ ကြာနေမယ်။ ဟိုမှာ မက်ဒေါ်နယ်လေးပဲ ကုတ်လေးနဲ့ လွေးလိုက်ကြတာပေါ့ကွာ”

သူငယ်ချင်းက ညစာစားဖို့လေးတောင် ရယ်ဒီမိတ် ပြောနေသည်။ အေးလေ တစ်ဘ၀လုံးစာဆိုတော့လည်း ရယ်ဒီမိတ်ပဲ တမ်းတကြတာ မဆန်းတော့ပါဘူးလေ။ လောကကြီးက မှားတာ မဟုတ်၊ မောင်နေသစ်ပဲ မှားနေပုံ။

မိတ်ဆွေက သည်စာကို ဖတ်ပြီး ရယ်ကောင်းရယ်နေပါမည်။ “မင်းလည်း ရယ်ဒီမိတ်မှ မဟုတ်လား” ဟူသော လှောင်တွေးပြုံးလေးဖြင့်။ မှန်ပါသည်။ ကျွန်တော်လည်း ရယ်ဒီမိတ်မှ။ သို့သော် ကျွန်တော့်ရယ်ဒီမိတ်ချစ်သူက နှစ်ကိုယ်တူဘ၀တစ်ခု၊ နှစ်ဘက်အသိုင်းအ၀ိုင်းကို ဆက်စပ်ပေးသော ဘ၀တစ်ခုကို အဆင်သင့်ရှိနေကြသော နားလည်မှုနှလုံးသားများဖြင့် ဘ၀ခရီးကို ခရီးနှင်လိုခြင်းပင် ဖြစ်ပါသည်။ :D

9/23/09

သံယောဇဉ်ကြော်ငြာ



ကြော်ငြာ (၁)

ကြော်ငြာ (၂)
လွန်ခဲ့တဲ့ (၁၉)ရက်နေ့က ကျွန်တော့်အသက် (၂၈)နှစ်ပြည့်မွေးနေ့။ မွေးနေ့ လက်ဆောင်အနေနဲ့ ရည်ရွယ် မထားပဲ ရလာတဲ့ လက်ဆောင်က ရယ်စရာတော့အကောင်းသား၊။ အဲဒီနေ့ မနက်စောစော ကျွန်တော်က သူငယ်ချင်းတစ်ယောက်နဲ့အတူ မက်ဒေါနယ်ဆိုင်သွားပြီး ဘရိတ်ဖတ်စာ သွားဝယ်။ပြီးတော့ နီးရာ ဘုန်းကြီး ကျောင်းက ဘုန်းကြီးသုံးပါးကို အရုဏ်ဆွမ်းသွားကပ်ခဲ့သည်။ ပြန်လာတော့ ခြံထဲက မြက်ခင်းပေါ်တွင် ခွေးတစ် ကောင် ရောက်နေသည်။ အစတော့ သိပ်ဂရုမစိုက်အား။ သူ့ဘာသာ သူ့နေရာ ပြန်သွားလိမ့်မည်လို့ပဲ တွေးထား ဖြစ်ခဲ့သည်။ နေ့လယ်လည်း ခွေးက ပြန်မသွား၊ ည ကိုးနာရီလောက်လည်း မပြန်သေး။ ၁၁ နာရီလောက် ရောက်တော့ ခွေးက မှန်တံခါးကို လာခြစ်သည်။ ဗိုက်ဆာနေတဲ့ပုံ ပေါ်နေသည်။ သို့ဖြင့် ကျွန်တော်က ကိုယ့်မြန်မာအစားစာ ထမင်းနဲ့ ဟင်းကို နယ်ကျွေးသည်။ လုံးဝမစား။ ပေါင်မုန့်ထောပတ်သုတ်ပြီး ကျွေးသည်။ အနံ့ခံပြီး မစားပြန်။

သို့ဖြင့် ကျွန်တော့်ဆီ အလုပ်က ပြန်လာမည့် တစ်ယောက်ကို ဖုံးဆက်ပြီး ခွေးစာ ၀ယ်ခဲ့ဖို့ မှာရသည်။ ခွေးစာ ရောက်လာတော့မှ ခွေးခမျာ ဗိုက်စာနေတာ ပျောက်သွားတော့သည်။ ကျွန်တော်တို့ ရွှေပြည်ကြီးမှာဆို သည်ကိစ္စသည် ရေးကြီးခွင်ကျယ်မဟုတ်ပါ။ ဘာပြဿနာမှ ဖြစ်လာနိုင်မည်မဟုတ်။ သည်မှာက ထိုကဲ့သို့ မဟုတ်။ တိရစ္ဆာန်တွေမှာလည်း မွေးလိုက်စင်ရှိရသည်။ အခုခွေးမှာက သူ့လည်တွင် လိုင်စင်ကလည်း မပါ။ ဆက်သွယ်ရန်ဖုံးနံပါတ်လည်း မပါ။ သည်အတိုင်း လိုင်စင်မရှိဘဲ မွေးထားပြန်လျင်လည်း ကိုယ်မှာ ပြဿနာ ဖြစ်သွားနိုင်သည်။ သို့ဖြင့် အိမ်ရှေ့ စာတိုက်ပုံးမှာကော နီးရာဓာတ်တိုင်မှာပါ ခွေးတွေ့ကြော်ငြာစာ ကပ်ထား လိုက်သည်။ တစ်ရက်လည်း မလာ၊ နှစ်ရက်လည်း မလာ။ ပိုင်ရှင်တွေက ပျောက်ချက်သားကောင်းနေသည်။ ကျွန်တော်ကလည်း ၂၈ ရက်နေ့ ကာလဖိုးနီးယားကို ခရီးသွားဖို့ ရှိနေတော့ ခွေးကို ဒီအတိုင်း ထားခဲ့လို့ မဖြစ်ပေ။ တိရစ္ဆာန်ထိမ်းသိမ်းစောင့်ရှောက်ရေး ဖုံးဆက်အကြောင်းကြားပြန်မည်ဆိုလျှင်လည်း ခွေးစာအတွက် ကိုယ်က တောင် ဒေါ်လာ (၄၀)အောက်ထစ်ဆုံး ပြန်ပေးရမည်ဆိုတော့ ငွေက ကုန်လိမ့်ဦးမည်။ သို့ဖြင့် စနေနေ့မှ မလာ ရင် ရဲကို ဖုံးခေါ်ပြီး လာဖမ်းဖို့ ပြောမည်ဟု ကြံထားသည်။

မနေ့ညကတော့ ပျင်းပျင်းရှိတာနဲ့ ကိုယ်နေတဲ့ ပြည်နယ်က ခွေးနဲ့ပတ်သက်တဲ့ ၀ဘ်ဆိုဒ်စာမျက်နှာတွေကို ရှာဖွေပြီး ကြော်ငြာထည့်လိုက်သည်။ မကြာ။ သည်နေ့ နေ့လည်ရောက်တော့ ခွေးပိုင်ရှင်ဆီက အီးမေးလ် ၀င်လာသည်။ လာယူနိုင်ကြောင်း အကြောင်းပြန်လိုက်သောအခါ ညဘက်ရောက်တော့ လာယူဖို့ ပိုင်ရှင်က ဖုံးဆက်လာသည်။ ခွေးကလည်း ခွေးလိမ္မာဆိုတော့ သူမရောက်လာခင်တုန်းကတော့ သူ့အတွက် တစ်နေ့ အစာဖိုးတင် သုံးကျပ်ဖိုးလောက် ကုန်မှာကို တွေးပူးနေသည်။ ရေရှည် အဆင်ပြေနိုင် မပြေနိုင်ပေါ့လေ။ ပြီးတော့ သည်မှာက ခွေးကို သင်တန်းပေးတဲ့ ကျောင်းပို့လျင်လည်း တစ်လ ဒေါ်လာနှစ်ထောင်ဝန်းကျင်ရှိသည် ဆိုပဲ။ အခု သူ့သခင်ပြန်ခေါ်သွားတော့မယ်ဆိုတော့ စိတ်မကောင်း။ သံယောဇဉ်ဆိုတာ မဖြစ်ခင်မှာ တားထားနိုင်မှဆိုတဲ့ အသိက ၀င်လာသည်။

ကျွန်တော့်ဆီ ခွေးတစ်ကောင်ရောက်နေကြောင်း ကောင်မလေးတစ်ယောက်က သိတော့ သူမက မကြာမကြာ ဖုံးဆက်ပြီး မွေးဖို့ အကြောင်းပြောသည်။ ကျွန်တော်က မဖြစ်နိုင်ကြောင်း၊ ခွေးက ကိုယ့်လူမြန်မာစာ စားတယ် ဆိုလျင် ပြဿနာမရှိ။ အခုက ခွေးက သူ့အစာဝယ်ကျွေးမှ စားသည်။ နောက်တစ်ခုက ကိုယ့်မှာ မွေးလိုင်စင် မရှိသေး။ ဒါတင်ပဲလားဆိုတော့ မဟုတ်။ ခွေးအတွက် အာမခံလုပ်ထားဖို့ကလည်း ရှိသေးသည်။ အား ပါး ပါး ကုန်ကျစရိတ်တွေက မနည်းဘူးဟ။ ငါ မမွေးနိုင်ဘူး လို့ ပြန်ပြောတော့ သူမက ပြန်ပြောသည်။ အဲဒီလို အကြင်နာ မဲ့တဲ့လူတွေကို သူငယ်ချင်းမတော်ချင်ဘူးတဲ့လေ။ ကျွန်တော်ကလည်း ဘာမှ ပြန်မပြောပါ။ နားလည်မှုဆိုသည် မှာ နေရာတိုင်းတွင် အရေးပါပါသည်။ ခွေးတစ်ကောင်ကြောင့် သူငယ်ချင်းတစ်ယောက် ဆုံးရှုံးခဲ့သည်မှန်သော် လည်း ၀မ်းနည်းဖို့ သတိမရမိပါ။ သူငယ်ချင်း၏ စေတနာကို နားလည်သော်လည်း ကိုယ့်ဘ၀နဲ့ကိုယ်မို့ စိတ်မ ကောင်းရုံသာ ရှိပါသည်။

သူငယ်ချင်းနှင့်သော်လည်းကောင်း၊ ခွေးတစ်ကောင်နှင့်သော်လည်းကောင်း ရေစက်က သည်မျှနှင့် ကုန်ပြီဖြစ် ကြောင်း သဘောပေါက်လာသောအခါ ကျွန်တော်သံယောဇဉ်ဆိုတာကို နည်းနည်းလေး တွန့်နေမိသည်။ ဘာပဲဖြစ်ဖြစ်၊ နာကျင်မှုကြောင့် ရလာသော အတွေ့အကြုံတိုင်းသည် တစ်ခါသေဖူး၊ ပျဉ်ဖိုးနားလည် ဆိုတာလို သင်္ခန်း စာတွေ များစွာ ရလိုက်ပါသည်။ ပြီးတော့ ယူအက်စ်မှာ ခွေးတစ်ကောင်ရဲ့ ရှင်သန်မှုဆိုတာကိုပါ နားလည်လိုက် သည်။

ဘာပဲဖြစ်ဖြစ်၊ ဗိုက်ဆာသည့်အခါ၊ အပေါ့အပါး သွားလိုသည့်အခါ တံခါးကို ကုတ်ခြစ်ပြတတ်သော ခွေးတစ် ကောင်၏ ကုတ်ခြစ်သံသည်လည်း သူ့အနီးအပါးတွင် မရှိတော့။ မကြားရတော့။ Sit down လို့ အမိန့်ပေးသော အခါ တစ်ခါတည်း ထိုင်ချတတ်သော ခွေး၏ အမူအယာတို့သည်လည်း မမြင်ရတော့။

ခွေးမမွေးချင်လို့ သူငယ်ချင်းမတော်ချင်ဘူးလို့ ပြောပြီး ဆက်သွယ်ရေးတစ်ခန်းရပ် ဖုံးချသွားသော ထိုသူငယ် ချင်း၏ Unlimited အချိန်တိုင်း ဖုံးခေါ်ပြီး ရင်ဖွင့်တတ်သော အသံသည်လည်းကောင်း မကြားရတော့။

ကျွန်တော် ကြားမိနေသည်က လေးဖြူ၏ နေမြင့်လို့ အရူးရင့်ခဲ့တယ် ဒီသံယောဇဉ် ဆိုသော သံယောဇဉ် သီချင်း သံလေးသာ ကြားနေမိပါတော့သည်။

(ဘာပဲဖြစ်ဖြစ် အကြောင်းအရာအားလုံးကို ခြုံကြည့်လိုက်သောအခါ ကျွန်တော်အခုတင်သော ပို့စ်သည် သံယောဇဉ်ကြော်ငြာ သက်သက် ဖြစ်နေလိမ့်မည်ထင်ပါသည်) :D

ဒီပို့စ်တင်ပြီးလို့ တစ်ရက်ပင်မပြည့်သေးသော ဒီအချိန်တွင် တစ်စုံတစ်ယောက်သောသူက ကျွန်တော့်အား အရင်လို မဟုတ်တော့ဘဲ ပြောင်းလဲနေသော အမူအယာများကို မြင်တွေ့လိုက်ရပါသည်။ ထို့ပြင် မြန်မာပြည်တွင် ငါးထောင်ကျပ်တန်များ လာတော့မည်ဖြစ်ကြောင်းလည်း သိလိုက်ရသဖြင့် လောဘသံယောဇဉ် နှင့် ပဋိဃသံယောဇဉ် (ဒေါသ)များ ဖြစ်နေရပါကြောင်း၊ သည်ပင်လျင် သံယောဇဉ်အ၀န်းအ၀ိုင်းတစ်ခုဟု နားလည်မိပါသည်။

8/30/09

ကိုလံဘတ်စ် ၊ ကြက်ဥ နဲ့ နေသစ်မှူး

သူငယ်ချင်းတစ်ယောက်နှင့်အတူ Mall of America ကို အလည်သွားဖြစ်ကြသည်။ လမ်းခုလတ်ရောက်တော့ အခြားတစ်ယောက် လိုက်လိုသဖြင့် သူ့ကိုပါ ၀င်ခေါ်ဖြစ်ကြသည်။ မောလ်ကိုရောက်သောအခါ ဘာရယ်မဟုတ် ကလေးတွေ ကစားသလို ကိုယ်လည်း ၀င်ကစားချင်မိသော စိတ်က တားမရဖြစ်သွားသည်။ သည်တော့ ဘာရမလဲ၊ ကလေးတစ်ယောက်လို အပူပင်ကင်းစွာ ဆော့ကစားပစ်လိုက်သည်။ သူငယ်ချင်းက တော်တော်ပျော်နေလားတဲ့။ သိပ်ပျော်တာပေါ့ကွာလို့ ပြောရင်း အပူအပင်ကင်းတဲ့ကလေးလေးဘ၀ကို တစ်ခါပြန်ပြီး ရချင်သေးတယ် ဆိုသည့် ကိုထီးရဲ့ သီချင်းကို အော်ဟစ်ပစ်လိုက်သည်။

"တော်တော်ပျော်ဖို့ကောင်းတယ်ကွာ"

"ပျော်မှာပေါ့၊ မင်းမှ ဒီလို အပူပင်ကင်းတဲ့ ကလေးဘ၀ကို မဖြတ်သန်းခဲ့ရတာ"

သူငယ်ချင်းရဲ့ စကားကိုကြားတော့ သူ့ဘ၀တစ်လျှောက်လုံးကို ပြန်လည် ဆန်းစစ်နေမိလိုက်သည်။ ဟုတ်သည်။ သူမပျော်ဖြစ်ခဲ့သော၊ မပျော်ခဲ့ရသော၊ ပျော်ခွင့်မရခဲ့သော၊ အချိန်ကာလလေးတွေကို တခုတ်တရ ဖြစ်နေမိသည်။ ကြာတော့လည်း သောကနှင့် နေသား အကျကြီး ကျသွားခဲ့သည်။ တချို့ကတော့ သူ့ကို ပြောကြပါလိမ့်မည်။ လူဆိုတာ သူများခြံထဲ ရှိတဲ့ မျက်ကိုမှ စိမ်းတယ်ထင်တာကွလို့ ပြောပြီး ကရုဏာဒေါသောဖြင့် ရေရွတ်ကြပါလိမ့်မည်။ တကယ်ပဲ ကိုယ့်ခြံထဲ ရှိတဲ့ မျက်ကို မစိမ်းဘူးလို့ သူထင်တတ်နေပြီလား။ အတွေးများဖြင့် ရှုပ်ထွေးလာသောအခါ တစ်ခါက ပုလင်းခွံများကို သတိရနေမိသည်။ ပြီးတော့ ညီမလေးရေလို့ အော်ဟစ်ပစ်လိုက်ချင်သည်။

"မြန်မြန်ဟေ့၊ ငါတို့ Mall of America ကနေ အပြန်ဝင်စရာ ရှိသေးတယ်၊ "

"ဘယ်တုန်း"

"အိမ်ကို"

"....မှပဲ၊ ဒီက အဟုတ်ထင်လို့"

သူငယ်ချင်းများနှင့် အတူ Mall of America က ပြန်လာသောအခါ အမေရိကားကို ရှာဖွေတွေ့ရှိခဲ့သူဟု သတ်မှတ်ထားကြသည့် ကိုလံဘတ်အကြောင်းကို တွေးမိသွားသည်။ တစ်ဆက်ထည်း ဆိုသလို ကိုလံဘတ်ကြက်ဥထောင်ပြသည့် အကြောင်းကို သတိရမိလိုက်သည်။

တစ်ခါတော့ ကိုလံဘတ်စ်ကို ဂုဏ်ပြုပါတီပွဲ လုပ်ကြသည်၊။ ပါတီပွဲ လာသည့် မိတ်ဆွေအချို့က ကိုလံဘတ်စ် အမေရိကကို ရှာတွေ့တာ ပထမဆုံးမဟုတ်ပါဘူးကွာ၊ အခြားလူတွေ တွေ့ပီးသားကိစ္စကြီး ....ဘာညာဖြင့် ပြောဆိုဝေဖန်ကြသည်ဟူ၏။ ထိုစကားကို ကြားလိုက်သော ကိုလံဘတ်စ်က ကြက်ဥတစ်လုံးကို ဖင်ကနေ ထောင်ပြရန် ပြောဆိုလိုက်သည်။ ခုနက ဝေဖန်နေကြသော သူများက မည်သူမှ မထောင်တတ်ကြ၊ ထောင်မပြနိုင်ဖြစ်နေကြသည်။ သည်အခါ ကိုလံဘတ်စ်က သူထောင်ပြမည် ပြောပြီး ကြက်ဥကို ဖင်ဘက်ကနေ ခွပ်ခနဲ့ ခပ်မာမာ ထောင်ချပြလိုက်သည်။ အဲဒီအခါကျမှ ခုနက ဝေဖန်ရေးသမားတွေက " ဟ ဒီလိုဆို ငါတို့လည်း ထောင်တတ်တယ်က" ဆိုတော့ ကိုလံဘတ်စ်က " ထောင်နိုင်ရင် ခုနကပဲ ထောင်ပြပါလား၊ အခုမှ ပြောမနေနဲ့" ပြန်ပြောသည်တဲ့။ သူ အမှတ် မမှားခဲ့ဘူးဆိုရင် ဒါ ကိုလံဘတ်စ် ကြက်ဥထောင်ပြသည့် ဖြစ်ရပ်။

ဆိုတော့၊ တစ်ခါတစ်ရံ လူတစ်ချို့က ကိုယ်တိုင် လုပ်ခွင့်ကြုံတုန်းကတော့ မလုပ်ပြတတ်ဘဲ သူများက ဒါပါလို့ နည်းလမ်းချပြသောအခါ ဒါလေးများ ငါလည်း လုပ်နိုင်တာပေါ့ဟု ပြောတတ်ကြသည်။ ဗိုလ်ချုပ်အောင်ဆန်းတို့ ခေတ်အခါတုန်းကလည်း ဗိုလ်ချုပ်ခေါင်းဆောင်မှု၊ ပြည်သူတွေ လေးစားတန်ဖိုးထားမှုကို အချို့သူတို့ မနာလို ၀န်တို ဖြစ်ခဲ့ကြဖူးသည်။ အခုတောင် အချို့ ဖြစ်နေကြဦးမလား မသိပါ၊။

"ဟ ဘယ်လိုဖြစ်ရပြန်တာလဲ၊ ခုနက အကောင်းကြီးပါ၊ အခုတော့ ဘာတွေ တွေးနေမှန်းမသိတော့ပြန်ဘူး"

သူငယ်ချင်းက ပြောလိုက်တော့မှ သူ့ ကိုယ်သူပြန် သတိထားမိသွားသည်။ ဟုတ်သား။ အပူအပင်ကင်းတဲ့ ပျော်ရွှင်မှုကနေ ဘာကြောင့်များ အတွေးတွေ ၀င်လာပါလိမ့်။ သည်အတိုင်းဆိုလျှင်တော့ ကြာရင် သူမလွယ်။ ဘာပဲဖြစ်ဖြစ်ပါလေ။ ငါဟာ ဗိုလ်ချုပ်မဟုတ်သလို ကိုလံဘတ်စ်လည်း မဟုတ်ပါဘူး။

အော် ပြောရင်းဆိုရင်း စိတ်က ဘာဖြစ်သွားပြန်ပါလိမ့်။ ကိုလံဘတ်စ်ထောင်ပြတဲ့ ကြက်ဥနဲ့ စိတ်နဲ့က ကပ်ကို မကပ်ဘူး။ ဒါဆို.....
ဘာရယ်မဟုတ်ဘူး။ အခု သူ ဒီစာကို ရေးနေတဲ့စိတ်ကို အထက်ကလိုပဲ မတည်ငြိမ်လှဘူးလေ။
http://h1.ripway.com/twinpoe/favicon.ico