1/13/09

တောင်ပေါ်က အနွေး

အမေကတော့ ပြောတယ်။
သား ဘယ်ရင်ခွင်မှ သားအမေရင်ခွင်လောက် အေးမှာနွေးမှာ မဟုတ်ဘူးတဲ့။
စကားလုံးမဟုတ်တဲ့ အသွင်အပြင်တွေနဲ့ မေမေ ပြောခဲ့ဖူးတာပါ။ တလောက စာကြည့်တိုက်အတွက် ဖြတ်ပိုင်းတွေ ဖြန့်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တောင်ပေါ်မြေကို ရောက်ဖြစ်ခဲ့ပါရောဆိုပါတော့။ ပထမစရောက်ရောက်ချင်းပဲ ပ၀တ္တိမိဘတွေလို့ တချိန်တခါက သတ်မှတ်ခဲ့မိဖူးတဲ့ မိဘတွေရဲ့အိမ်ကို ရောက်ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အရင်လို အနွေးဓာတ်မရှိတော့သလိုပဲ မိဘတွေလည်း မတွေ့ခဲ့ရပါဘူး။ အားလုံးပြောင်းလဲ သွားကုန်ပြီပဲဆိုပါတော့လေ။ ရန်ကုန်မှာ ရောက်နေကြတယ်တဲ့။ ဘာပဲဖြစ်ဖြစ် ကျွန်တော့် အသိစိတ်က ကျွန်တော့်ရင်ဘတ်ကို ထိရှခဲ့ဖူးတဲ့ အိမ်ကလေးရယ်။ အနီးအပါးက ကျောင်းကလေးရယ်။ အင်းလေးဒေသက ကျေးဇူးရှင်ဆရာတော်ဘုရားရယ်။ တောင်ကြီးမြို့က အချစ်ရွာကဖေးရယ်။ ဆိုပါတော့။ သတိရစရာများများစားစား မရှိတဲ့မောင်တွင်းပိုးအတွက် တောင်ပေါ်ကနေ ကြးရတဲ့သတင်းတွေက ရင်ကို နွေးစေခဲ့ပါကောလား။ သူငယ်ချင်းရွာသား မောင်နေသစ် အများသူငါလို ရွာ့အပြင်ထွက်နေဖို့ ကိစ္စ ။သံရုံးက အင်တာဗျူးခေါ်တယ်ဆိုတဲ့ သတင်း။ စာကြည့်တိုက်အတွက် သစ်သား နှစ်တန်စတင်ဝယ်ပြီး အဆောက်အဦအတွက် ပြင်ဆင်နေပြီဆိုတဲ့ သတင်းတွေပါပဲ။

ဘာပဲဖြစ်ဖြစ်ပေါ့ အမေ
သား ဒီခရီးနဲ့ ဒီတောင်ကြီးကို ကျေနပ်ပါတယ်။
သူငယ်ချင်းတွေက ပျော်လို့
သားခများလည်း အနွေးဓာတ်ကို မျှော်လို့ပေါ့လေ။

No comments:

http://h1.ripway.com/twinpoe/favicon.ico