ပြကွက်
အနုပညာနဲ့ ဓမ္မကို ရောစပ်ဖော်ဆောင်နေတဲ့ မိခင်ကြီး
ပြကွက် (၁)
တစ်ခါတစ်လေမှာ လူတွေက ကိုယ့်အမြင် ကိုယ့် ယုံကြည်မှုတို့နဲ့ ဘ၀ကို ပုံဖော်နေကြပါတယ်။ တစ်ချို့က ကောင်းသော ပြယုဂ်၊ ကောင်းသော ပုံစံတွေနဲ့ လူ့ယဉ်ကျေးမှုတွေကို ဖန်တီးတတ်ကြတယ်။ အခု အရှင်တင်ပြလိုက်တဲ့ ပုံတွေကတော့ ဓမ္မပါခ် ဆိုတဲ့နာမည်နဲ့ ဘုရားအဆုံးအမတွေကို အခြေခံပြီး လူအဖွဲအစည်းအတွက် အကျိုးဖြစ်ထွန်းစေတဲ့ ဖောင်ဒေးရှင်းတစ်ခုက ပုံတွေပါ။ ဖောင်ဒေးရှင်းကို တည်ထောင်သူကတော့ အင်္ဂလန်လူမျိုး အဖွားတစ်ယောက်ပါ။ သူမမျက်နှာမှာ အရောင်တွေ မရှိ ပကတိညင်သာတဲ့ အပြုံးနဲ့ အရှင်တို့ကို လက်ခံစကားပြောခဲ့တယ်။ ပြီးတော့ သူမရဲ့ ဓမ္မနဲ့ အနုပညာကို ပူးတွဲခံစားထားတာတွေကိုလည်း ပါဖောမန်ခ် အနေနဲ့ နေရာတိုင်းမှာ တင်ဆက်ဖန်တီးထားသလို သဘာဝအတိုင်း လူသားတွေ နေတတ်အောင်လည်း သဘာဝအတိုင်းနေထိုင်တဲ့ တောအုပ် ဒါမှမဟုတ် ဥယျာဉ်လေးအဖြစ် တွေ့မြင်ခံစားခဲ့ရတယ်။ ကျေးဇူးတင်ပါတယ် အဖွားရေ။ ဘာသာအတွက် ကမ္ဘာမြေအတွက်
1 comment:
အားလုံးအတွက် မျှဝေပေးတာ ကျေးဇူးပါ။
Post a Comment