အစ
ခရီးဝေးကွာ အချိန်ကြာညောင်း
မိုင်ပေါင်းကုဋေ သွားရပေလည်း
ခြေတစ်လှမ်းမှ စခဲ့ရ၏။
မြကန်သာမှာ ရေများစွာတို့
လျံကာပြည့်နှက် ကန်ကျော်တက်လည်း
မိုးရေစက်မှ စခဲ့ရ၏။
ပန်းဥယျာဉ်မှာ ပန်းစုံစွာတို့
ဝေဆာလှပ ဖူးပွင့်ကြလည်း
စိုက်းပျိုးခြင်းမှ စခဲ့ရ၏။
အတတ်ပညာ ဘွဲ့များစွာကို
ပိုင်လာခဲ့ရ တတ်ခဲ့ကြလည်း
ဗျည်းသရမှ စခဲ့ရ၏။
သူငယ်ချင်း......
လျှောက်မည့်ခရီး မနီးဝေးကွာ
မင်းမှာရှိစေ ငြီးမနေနဲ့။
တွေဝေငိုင်ပြီး မှိုင်တွေငြီးလည်း
ခရီးဝေးကွာ နီးမလာဘူး
စိတ်မှာသတိ လုံ့လရှိ၍
မင်း၏ခြေလှမ်း စပါတော့။။
(ဖေမိုးသော်)
ဧရာဝတီမဂ္ဂဇင်း
No comments:
Post a Comment