1/21/09

Proof that Girls are Evil:

မောင်တွင်းပိုးမှာ ရင်နှီးခင်မင်သည့် ရင်းနှီးခင်မင်ခဲ့ဖူးသည့် အမျိုးသမီး လုံးဝမရှိခဲ့ပါ။ သို့သော် မောင်တွင်းပိုး ၀ပ်ကျင်းလေးထဲမှာ အမျိုးသမီးကြောင့် အနာဂါတ်ပျောက်သွားသူတွေ အမျိုးသမီးတစ်ဦးရဲ့ လှည့်ဖျားခံရလိုက်သူ တွေ မကြာခဏ ဆုံခဲ့ပါသည်။ အထက်ပါ ပုံလေးကို အင်တာနက်ဆိုင်က ကွန်ပျူတာထဲမှာ တွေ့တာနှင့် ဘော်ဒါကနေ ဘော်ကြော့ဖြစ်သွားသော ရွာသာကြီး နေသစ်ကအစ သူငယ်ချင်းများကို သတိရမိလိုက်သည်။ အမျိုးသမီးတိုင်း မကောင်းမဟုတ်ပါ။ ကောင်းတာတွေ တစ်ပုံတစ်ပင် ရှိနေသည်။ သို့သော် ငါးခုံးမတစ်ကောင် ကြောင့် အများကို ပုတ်ပွသွားစေသည့်တိုင် တစ်ဖက်သားကို စိတ်မနာမိဖို့ လိုပါသည်။ တစ်လောက သူငယ်ချင်း တစ်ယောက်နှင့်တွေ့တော့ မေးမိသည်။

“မင်းအမျိုးသမီးနဲ့ အဆင်ပြေရဲ့လား”
“ဒီလိုပဲပေါ့ကွာ။ ပိုနေမြဲကျားနေမြဲကနေ ဘယ်တက်မှာလဲ”“ ငွေမရှာနိုင်ရင် အိမ်မသာယာဘူးကွ။ မင်းငွေရှာပြီးမှ အိမ်ထောင်ပြု။ ဒီလိုမှ မဟုတ်မဟုတ်ရင် မင် ထောင်ထဲကို ကိုယ့်ကိုယ့်ကို ထည့်လိုက်တာပဲ”တဲ့.။

ကျွန်တော်က ငွေမရှာတတ်ပါ။ ငွေရှာတတ်သည့်သူကိုလည်း တွေ့မထားပါ။ ငွေကိုလည်း လိုအပ်သည့်အခါကလွဲလို့ တမ်းတမ်းဆွဲရှာမနေပါ။ ငွေကို တမ်းတမ်းဆွဲဖြစ်နေသည့် မိန်းမတစ်ယောက်ကိုလည်း ဘယ်တော့မှ မဆုံစည်းလိုပါ။ အခက်အခဲတွေထဲမှာ ရင်ဆိုင်ဖြစ်သန်းရဲသည့် သတ္တိရှိသော လက်တွဲဖော်တစ်ယောက်ကိုသာ မျှော်လင့်နေမိပါသည်။ ဟီး ;D
ပျော်ရွှင်ပြီး ချစ်စရာကောင်းသည့် လက်တွဲဖော်နှင့် ဆုံဆည်းကြပါစေ။

1 comment:

Anonymous said...

ငွေကိုလည်း လိုအပ်သည့်အခါကလွဲလို့ တမ်းတမ်းဆွဲရှာမနေပါ။ ဒီစာသားလိုပဲ ခံယူချက်ချင်းတော့ တူတယ် ငွေကလိုတာထက်ပိုရှိနေရင်လည်း မကောင်းဘူးနော် ..

http://h1.ripway.com/twinpoe/favicon.ico