မသေချာဘူး။
ယုံကြည်ရာအိပ်မက်တွေထမ်းပြီး
မစ္စစ္စပီမြစ်ကမ်းကို တက်ခဲ့တယ်။
မဖြေသာဘူး။
ဟိုးချောင်းလေးနံဘေးမှာ ညီမလေးရဲ့ပုံရိပ်၊
သဲတွင်းတွေ လက်နဲ့ယက်ပြီး ညီမလေး ကိုယ့်ပုံ ဖော်နေမှာလား။
အကိုခမျာ Screen ပေါ်မှာ ညီမလေးပုံကို လိုက်ဖမ်းနေရ။
ည ည
ထ ထ ငိုရတဲ့စိတ်နဲ့ ညီမလေးရဲ့ဈေးကို ထိခိုက်မှာစိုးရဲ့။
“ရွာပြန် နွားကျောင်းမှာပဲလား အကို”
“ သိပ်သေချာတာပေါ့၊ အကိုတို့ရဲ့ ဧရာဝတီလေးတွေကို 
မစ္စစ္စပီမြစ်နံဘေးမှာ စိတ်အေးအေးနဲ့ထားနိုင်ခဲ့တဲ့အခါ...”
ငါးကျပ်တန်စကားပြောခွက်ပေါ်က
ခပ်နော့နော့ရယ်သံ။
ဒဂုံစင်တာ၊ မြေနီကုန်း တစ်ဝိုက်က အသံလှိုင်းတွေ ပြန်တက်လာတယ်။
ညီမလေးသော်တာရေ....
အိမ်ရှေ့မြက်ခင်းလေးကို စိမ်းလန်းအောင် ဂရုစိုက်ပါ။
အိပ်နောက်က သဲချောင်းလေးကို ခဏလေး အေးအောင် သိုဝှက်ထားပါ။
ရွာကူးလက်မှတ်တစ်စုံ အသင့်ဆောင်ထားပါ။
ပြီးတော့ ပြည့်ကျပ်နေတဲ့ ညီမလေးရဲ့အချစ်တွေ မလျှော့ချပါနဲ့။
အမှောင်ကျနေတဲ့ ရွာလေးမှာ မေတ္တာတရားကို သတ္တိရှိရှိ ထွန်းညှိပါ။
ခေတ်ပျက်ကြီးထဲလူဖြစ်ရတဲ့ အကိုတို့ဘ၀လေးကိုလည်း လေးစားပါ။
ဘယ်လောက်ဝေးဝေး၊
စိတ်လိုလက်ရညနေခင်းတိုင်း ညီမလေးရှိတယ်။
မပုတ်သိုးသေးတဲ့ အကိုတို့ရဲ့ ရွက်လွှင့်ခန်းမှာ
ညီမလေးဟာ အခရာ။
ဒီနေရာက ညီမလေးသော်တာသစ်မှူးသို့
1 comment:
ဒီလို စာသားလေးတွေကို ခံစားလို့ ရတယ်။ကြိုက်တယ်လို့ ပြောရင် ပိုမှန်မယ် ထင်တယ်။ကျေးလက်သားတွေ့ရဲ့ အငွေ့အသက်တွေဟာ ဘယ်တော့မှ ဘယ်အချိန်မှ ချေဖြတ်လို့ရမယ် မထင်။ရေးသားတဲ့ညီအတွက်ဂုဏ်ယူပါတယ်။
Post a Comment