7/6/09

4th JULY for U.S







4th July အမေရိကား မြင်ကွင်းအချို့
တနေ့က အမေရိကန်ပြည်ထောင်စုရဲ့ လွတ်လပ်ရေးနေ့ဆိုပဲ။ သိပ်တော့ သေသေချာချာ မသိပါဘူး။ ၂၃၃နှစ်မြောက် အထိမ်းမှတ်တဲ့။ ည (၈)နာရီလောက်မှာ အပြင်ကို လှမ်းကြမ်းလိုက်တော့ ကားပါတ်ခ်မရှိလောက်အောင်ပဲ လူတွေတိုးကျိတ်နေခဲ့တယ်။ ဘာလဲလို့ စပ်စုစုံစမ်းလိုက်တော့ 4th Julyလေတဲ့။ သိပ်မကြာပါဘူး၊ အသိတစ်ယောက်က လာပြောတာနဲ့ အနီးဆုံး ပန်းခြံကို လမ်းလျှေက်ထွက်ခဲ့ကြတယ်။ ကိုယ့်နိုင်ငံရဲ့ အရေးကြီးတဲ့ နေ့တစ်နေ့ကို သူတို့ပြည်သူတွေ လွတ်လပ်စွာပိုင်ဆိုင်နေကြတာဟာ တော်တော်ကြည်နူးစရာပါ။ ဒါနဲ့ တဆက်တည်းပဲ ရွှေပြည်ကြီးတုန်းက အမှတ်ရစရာလေးတစ်ခုပေါ်လာပါရော။

အဲဒီတုန်းက သူငယ်ချင်းဇေယျနဲ့ အတန်းပျက်ခွင့်တင်ကြတယ်။ အခြားသူငယ်ချင်းတွေက ဘာလို့ ခွင့်တင်တာလဲတဲ့။ ဒီနေ့ အာဇာနည်နေ့လေကွာ၊ အာဇာနည်ခေါင်ဆောင်ကြီးတွေကို ဂုဏ်ပြုဖို့နဲ့ ဗိုလ်ချုပ်အိမ် လေ့လာရေးသွားမလို့ဆိုတော့ တချို့က ကိုယ်နဲ့ ဘာဆိုင်လဲဆိုတဲ့မေးခွန်းလေးကတဆင့် စိုးရွံ့မှုတွေ၊ တာဝန်မဲ့မှုတွေ ၊ကျေးဇူးမသိမှုတွေ မြင်တွေ့ခဲ့ရဖူးတယ်။

ဘယ်တော့များ ခွင့်တင်စရာမလိုတဲ့ အာဇာနည်နေ့တွေကို ဖြတ်သန်းခွင့်ရမလဲ သူငယ်ချင်းရေ...

ဆရာမြရေ ...ကျန်တော်တို့ ရွှေပြည်တော်မျှော်တိုင်း ဝေးနေဆဲပါပဲဆရာရယ်။
ပစ္စုပ္ပန်၊ သံသရာ မျက်နှာပြင်နှစ်ဘက်စလုံးမှာ အဆွေတို့တတွေ လွတ်မြောက်နေမြေမှာ နေနိုင်ကြပါစေ။

No comments:

http://h1.ripway.com/twinpoe/favicon.ico