8/4/09

တံဆိပ်ခေါင်းမပါပေမယ့် အရောင်သွေးစုံတဲ့ စာတွေ

ပြီးခဲ့သည့် ရက် ညနေ (၂)နာရီလောက်ကစပြီး သူသုံးနေကျ အင်တာနက်ပျက်သွားသည်။ အစတော့ မသိသေး။ ပုံမှန်အားဖြင့် လက်တော့သမားတွေ လေးယောက်လောက် တစ်ပြိုင်နက်သုံးလိုက်တိုင်း အင်တာနက်က မရတော့။ ခပ်အင်အင်ဖြစ်သွားသည်။ သည်ကနေ့ မနက် (၁၂)နာရီလောက်မှ ဆားဗစ်စင်တာကို ဖုံးဆက်တော့မှ သူတို့က ဘာလုပ်ဘာလုပ် ပြောပြီး လမ်းညွှန်ပေးခဲ့သဖြင့် ပြန်ကောင်းသွားခဲ့ရာ ကျွန်တော်စ စချင်း အိးမေ်း စစ်သည်။ ပြီးတော့ ဟိုး လွန်ခဲ့တဲ့ မေးတွေ၊ Chatတွေ ကို ပြန်စစ်ဖြစ်သည်။ ပျော်စရာ၊ ရင်ခုံစရာတော့ အကောင်း သား။ ထိုသို့ ပြန်စစ်ရသည်ကိုက..........


ဟိုးတစ်နှစ်လောက်ဝန်းကျင်က စာအဟောင်းလေးတွေ ပြန်ဖတ်ရသောအခါ သူ့ရင်ခုံသံတွေ တော်တော်ပြန် လန်းသွားခဲ့သည်။ ကြည့်ပါဦး၊ သူ ဘလော့ဂင်းခါစက ဘလော့ဂါတစ်ဦးနဲ့ အခြေအတင် ပြောခဲ့ဖူးသည့် စကားလုံးလေးတွေ၊ ပြီးတော့ ဘလော့ဂါကိုရန်အောင်က သူစင်္ကာပူရောက်တုန်းက အမေရိကန် ဗီဇာကံစမ်း မဲနှင့် စပ်သည့် မေးလေးငါးကြောင်းပို့ခဲ့ဖူးသည်။ အဲဒီကိုရန်အောင်ပို့သော စာကြောင်းလေး ငါးကြောင်းက သူ့ဘ၀ကို ပြောင်းလဲအောင် ဖန်တီပေးလိုက်သည်။ နောက်တစ်ခုက ဟဲဟဲ သူမ၊ သူမ၊ သူမက အင်တာနက် မသုံးတတ်၊ ကွန်ပျူတာဆိုတာလည်း သူတစ်ခါအပ်ပေးဖူးသည့် သင်တန်းလေးသာ မဖြစ်ညစ်ကျယ် တက်သွားပြီး မောက်စ်ကိုင်ခဲ့သော လက်များနှင့် နွားကိုင်တုတ် ကိုင်နေသည်။ဆိုတော့ သူမ သူ့ကို မတတ်တတတ်ချက် ထားသော ချက်စာသားလေးတွေကို ပြန်ဖတ်ရတာလည်း အခုတော့ ရယ်မောစရာ၊ နောက်တစ်ခုက အခြေအနေရ သူတို့သူငယ်ချင်းတွေ ပြေးကြတော့ တစ်ယောက်နဲ့ တစ်ယောက် အွန်လိုင်းကနေ မီတင် (မိတင် မဟုတ်) လုပ်ကြတော့ လှမ်းနှုတ်ဆက်စာလေးတွေ အပြန်အလှန်ရေးကြသည်။ တစ်ယောက် ကမှူးကြီးတဲ့၊ နေသစ်တဲ့၊ နေသစ်မှူးတဲ့။ တစ်ယောက်က ဟေ့ကောင်॥ငါတို့တတွေ ကန်ဘောင်မှာ ဖြေသိမ့်လိုက် သီချင်း အော်ပြီး ပုလင်းတွေ ကန်ထဲ ပစ်ချခဲ့တာ မှတ်မိလားတဲ့။ အရက်ပုလင်းတွေ မဟုတ်ဘူးနော်။ အခုတော့ သူငယ် ချင်းတို့ရေ... ဖြေသိမ့်လိုက်သီချင်းနဲ့ ဒဏ်ရာတွေ အနာကျက်စ ဖြစ်ပါပြီကွာ။ ပြီးတော့ ငါတို့ လွှတ်ပစ်ခဲ့တဲ့ ပုလင်းခွံတွေထဲက အညစ်ကြေးတွေလည်း ငါတို့ရင်ထဲမှာ ကုန်ဆုံးကုန်ပါပြီလေ။

အော် မေးလ်းအဟောင်းလေးတွေထဲက ထွက်ကျလာတဲ့ အတွေးသစ်တွေ။ မေလ်းတစ်စောင် တစ်စောင်တိုင်းမှာ သမိုင်းလေးတွေ ကိုယ်စီနဲ့။ ဖြစ်နိုင်မယ်ဆိုရင် ဘယ်မေးလ်စားလေးက ဘယ်လိုအတွေးလေးတွေကို ပေးတယ်၊ ဘယ်စာလေးကတော့ ဘယ်လို စသဖြင့် သူ မှတ်ထားရင်ကောင်းမလား ဆိုတာ တွေးနေမိသည်။

မေလ်းစာအဟောင်လေးတွေက ကွဲကွာသွားတဲ့ သူငယ်ချင်းတွေ၊ အွန်လိုင်းလောကမှ ခွါပြဲသွားသော သူငယ်ချင်းမိတ်ဆွေတွေ၊ တစ်ခါ စိတ်ကူးယဉ်ခဲ့သော အိပ်မက်ချက်စာလေးတွေ ....လေးတွေ ..လေးတွေ အရောင်စုံ ခံစားချက်စုံ၊ အတွေ့အကြုံတွေ စုံလင်သည်။ တစ်နည်းအားဖြင့် မေလ်းစားအဟောင်းလေးတွေ ပြန်ဖတ်ရသည့်အရသာသည် ကိုယ့်ဒိုင်ယာရီအဟောင်းလေးကို ပြန်ဖတ်ရသည့် ခံစားချက်မျိုး၊ အနေဝေးပြီး သွေးအေးသွားခဲ့သော ချစ်သူတစ်ယောက်ကို မမျှော်လင့်ဘဲ ပြန်ဖတ်လိုက်ရသည့် ရင်ခုံမှုမျိုး၊ အရောင်သွေးတွေ စုံလင်လှသည်။

ဒိုင်ယာရီရေးသည့်အခါ ခံစားချက်တွေ များစွာရှိပေမင့် ကိုယ့်ဒိုင်ယာရီတွင် ကိုယ်က သစ္စာရှိရှိ ရေးဖြစ်ခဲ့ချင်မှ ရေးဖြစ်ခဲ့မည်။ အခုလို သူငယ်ချင်းတွေနှင့် ချက်သည့်အခါ တော်တော်များများကို ပွင့်ပွင့်လင်းလင်း ပြောဖြစ် ခဲ့ကြသည်။ ပြီးတော့ ဒိုင်ယာရီဆိုသည်က ကိုယ့်အတွက် အရေးကြီးပါတာကိုပဲ မှတ်ဖြစ်ကြသည်။ မေလ်းစားအဟောင်လေးတွေ၊ ချက်ရွန်းမ်းထဲက ချက်ထားသည့် စားလေးတွေကတော့ ထိုကဲ့သို့မဟုတ်။ အွန်လိုင်းပေါ်မှာ တွေ့ဆုံရသည့် သူငယ်ချင်းတွေရဲ့ အခက်ခဲကို အားပေးခဲ့၊ကူညီခဲ့တာလေးတွေကအစ ကိုယ့်ဘ၀အတွက် တခုတ်တရ မဖြစ်ခဲ့ပေမင့် အခြားသူအတွက် အရေးပါခဲ့သည့် စာသားလေးတွေ ရှိသည်။ ကိုယ့်မေ့နေခဲ့သော အကြောင်းအရာများစွာကို မေလ်းအဟောင်းလေးတွေထဲမှာ ပြန်မွှေနှောက်ရှာဖတ်ရသည် နှင့် ကိုယ်အမှုမဲ့အမှတ်မဲ့ဖြစ်ခဲ့သော တန်ဖိုးဖြတ်မရသည့် အတွေးလေးတွေက ပြန်ရောက်လာတတ်သည်။

ဆိုတော့.... သူ့မေလ်းဘောက်ထဲက စာအဟောင်းလေးတွေ၊ ချက်စာသားလေးတွေကို ပြန်ကြည့်လိုက်ရသည့် ခံစားချက်တွေထဲတွင် သူ့ ဘ၀ကို အံသြစေခဲ့သည့် ခံစားချက်လေးတွေရှိသည်။ ဆိုပါစို့၊ သူ ဗီဇာကံ စမ်းမဲပေါက်သည့် အကြောင်း စင်္ကာပူက ရာဇာက အသိပေးသည့် အီးမေလ်းမျိုး၊ ပြီးတော့ မယုံလို့ အပြန်လှန် ချက်ကြတာမျိုးတွေက အစ ဒီဗွီလော်ထရီထိုးဖို့ မူရင်း ၀ဘ်ဆိုဒ်မသိလို့ ကိုရန်အောင်ကို မေးသည့်အခါ သူပြန်ပို့ လာသည့် မက်ဆေ့မျိုးအဆုံး။ အဲဒီလို ကိုရန်အောင်ပြန်ပို့လိုက်သော မက်ဆေ့လေးသည် နောင်အခါ လူတစ်ယောက်ရဲ့ ဘ၀ကို ပြောင်းလဲပေးစေသည်အထိ တန်ဖိုးကြီးလာသည်ကို ခံစားမိသောအခါ မေးလ်း အဟောင်းလေးတွေ၊ ချက်ရွန်းမ်းထဲက စာသားအဟောင်းလေးတွေကို ချစ်တတ်လာသည်။ ခံစားချက်မျိုးစုံ ရောသမမွှေထားသော မေးလ်စာတိုက်ပုံးလေးထဲက စာအဟောင်းလေးတွေ၊ စားသားအဟောင်း လေးတွေ၊ ဘလော့၊(BLOK)ရမု (REMOVE) လုပ်ခံထိထားကြသော သူငယ်ချင်းအဟောင်းလေးတွေ...စသည် စသည်... တော်တော့်ကို ချစ်ကြည်နူးစရာကောင်းလွန်းလှသည်ဟု ယုံကြည်မိပါသည်။

ကဲ သူငယ်ချင်း ........
မင်းရဲ့ အွန်လိုင်းစာတိုက်ပုံးလေးထဲက စာအဟောင်းလေးတွေ၊ စာသာအဟောင်းလေးတွေကို အချိန်ရရင် ပြန်စစ်ဖတ်ကြည့်လိုက်၊ နှစ်ရှည်လများ မေ့ထားတဲ့ ခံစားချက်တွေ၊ ကြာကြာစိမ်ထားတဲ့ နှစ်ချို့ဝိုင်လိုမျိုး စာလေးတွေက လတ်တလော မင်း ပျင်းတွဲ့တွဲ့ဖြစ်နေတဲ့ စိတ်ကို လန်ဆန်းပြောင်းလဲစေမယ်ဆိုတာ အာမခံ ပါတယ်။

ကိုယ်ကတော့ ထင်လိုက်ပါတယ်။ သည်လိုစာဟောင်းပေဟောင်းလေးတွေဆိုတာ ရွှေမန်းက စာအုပ်အဟောင်း ဆိုင်လေးကို ခွေးခြေပုလေး ဖင်ခုထိုင်ပြီး ဇိမ်ပြေနပြေ ရွေးနေသည့်ခံစားချက်မျိုးထက် မသာတောင် မလျော့ဘူး ဆိုတာကိုပါ။

ကိုယ့်ဆိုကြည့်...ကိုယ့်ရဲ့ အဲမလေးက ပြောတယ်.. ချက်ဘောက်ထဲမှာ.........
အကို အကိုတို့ ကဗျာရွတ်ပွဲ ပုံမှန်ကျင်းပဲခဲ့ကြတဲ့ ကိုဆူးရင့်ရဲ့ စိတ္တဇနံရံကြီးမှာရော အကိုတို့ ရင်ဘတ်နဲ့ခွဲခဲ့တဲ့ စကားလုံးတွေ ရှိသေးလားတဲ့။ ဘယ်လောက်ကဗျာဆန်ပြီး လွမ်းစရာကောင်းပါသလဲ။

သြော်...ဟောင်းနေဆဲပေမယ့် ကောင်းနေဆဲဆိုတဲ့ အဖြစ်များ ပြောပါတယ်။

No comments:

http://h1.ripway.com/twinpoe/favicon.ico