သမိုင်းပညာရှင် ဆရာကြီး ဦးသန်းထွန်းက ပြောဖူးတယ်။ သူသမိုင်းသင်တာ မအ အောင်လို့တဲ့။ မှတ်သားစရာ ကောင်းသလို အတုယူစရာလည်း ကောင်းတဲ့ စကားလေးပါ။ အခု ကျွန်တော်တို့ ရွှေမြန်မာတွေရဲ့ ရွှေယဉ်ကျေးမှုတွေဟာ အနောက်နိုင်ငံတွေ ထိရောက်နေပါပြီ။ နိုင်ငံအတွက် ဘယ်လောက်နှမြောစရာ ကောင်းပါသလဲ။ ကျွန်တော် အခြားပြည်နယ်တစ်ခုကို ရောက်တုန်းက လူတစ်ယောက်ပြောဖူးတာ ကြားခဲ့ဖူးတယ်။ မန္တလေး မစိုးရိမ်တိုက်သစ်ဆရာတော်ကြီး ဘဒ္ဒန္တရာဇဓမ္မာဘိဝံသ သူတို့မြို့ကို ကြွလာတော့ အိမ်တစ်အိမ်ကို ရှာပြီး ပို့ခိုင်းသတဲ့။ ဘာလို့ပို့ခိုင်းတာလဲဆိုတော့ မြန်မာရှေးဟောင်းပစ္စည်းတွေ အဲဒီအိမ်ကို ရောက်နေတာ စာထဲ ဖတ်ဖူးလို့ပါတဲ့။ ဒီမှာနေတဲ့ မြို့ခံတွေတောင် မသိတာကို ဆရာတော်ကြီးက ပညာရှင်ပီပီ သိနေတာ၊ အမျိုးဘာသာ ယဉ်ကျေးမှုအမွေနှစ်တွေကိစ္စကို ခေါင်းထဲ ထည့်ထားမှုတွေဟာ လေးစားအတုယူစရာသိပ်ကောင်းပါတယ်။ ဒီလိုပါပဲ၊ သီတဂူဗုဒ္ဓတက္ကသိုလ်က ထုတ်တဲ့ ဘုရားဆင်းတုတော်ပုံတွေဟာ တကယ်တော့ မြန်မာပြည်မှာ အကုန်ရှိလို့ ပြက္ခဒိန်ထုတ်ထားတာ မဟုတ်ပါဘူး။ သီတဂူဆရာတော်ကြီးက ရောက်လေရာ ကမ္ဘာ့နေရာဒေသအသီးသီးက ပြတိုက်တွေကို သွားပြီး လေ့လာတယ်၊မှတ်တမ်းဓာတ်ပုံတွေ လုပ်ခဲ့လို့သာ ထုတ်ဝေနိုင်တာကိုလည်း ကြားခဲ့ဖူးပါတယ်။
ဆိုတော့ ၊ ကျွန်တော် သတိရမိတာလေးက ကျွန်တော်တို့ ရွာက ရှေးဟောင်းသမိုင်းဝင် ရွှေမုဌော စေတီတော်ဝင်းအတွင်းမှာ ရှိတဲ့ ခြေတော်ရာတစ်ဆူ ကားနဲ့လာခိုးသွားတဲ့ ကိစ္စကိုပါ။ အခုထိ ပြန်မတွေ့တော့သလို၊ ဘာသတင်းမှလည်း အစအန မရတော့ပါဘူး။ ၀ိသမလောဘသား စီးပွားရေးသမားတွေ ကြောင့်လား၊ ယဉ်ကျေးမှုအမွေအနှစ်ကို မထိန်းသိမ်းနိုင်ကြတာဟာ အသိပညာနည်းပါးကြလို့လား၊ နိုင်ငံကိုက အဆင်းရဲတကာ အဆင်းရဲဆုံး ဖြစ်နေလို့လား၊ ဆိုတာ လားပေါင်းများစွာ တွေးနေမိတယ်။ ဒါပေမယ့် ပြည်တွင်းသတင်းတွေမှာတော့ တွေ့တွေ့နေရာတာက ယဉ်ကျေးမှုအမွေအနှစ်များ မပြောက်ပျက်အောင် ထိန်းသိမ်းရေးဆိုပဲ။ ဘာပဲဖြစ်ဖြစ် ပြန်မရနိုင်တာတွေ တွေးနေမယ့်အစား ခင်များတို့ ကျုပ်တို့တတွေ လက်ထဲရှိနေသေးတဲ့အရာတွေကိုတော့ မပြောက်ပျက်အောင် ထိန်းသိမ်းမထားသင့်ဘူးလား။
စဉ်းစားစရာလေးတွေ...........။

Type the rest of your post here.
4 comments:
မြန်မာ့ရှေးဟောင်းသမိုင်းဝင် အမွေအနှစ်တွေ ဆုံးရှုံးနေရတာ သိပ်ကို နှမြောဖို့ကောင်းပါတယ်။ နောက်ဆုံးမှာ ရေးသွားတဲ့ “အသိပညာ နည်းပါးကြလို့လား၊ နိုင်ငံကိုက အဆင်းရဲတကာ အဆင်းရဲဆုံး ဖြစ်နေလို့လား” ဆိုတာတွေက ဆက်တွေးရင် တွေးစရာတွေ အများကြီးပေးပါတယ်...
ဟုတ်တယ် သူငယ်ချင်းရေ.
ပျောက်ဆုံး ။ ပျက်စီးသွားတဲ့ ရှေးဟောင်း ယဉ်ကျေးမှုတွေ
အတွက် နှမြောဖို့ ကောင်းတယ်နော်။
ပြတိုက်ရောက်နေတဲ့ ရှေးဟောင်းလက်ရာတွေအကြောင်းရော တခြားဗဟုသုတတွေပါ ပြန်မျှဝေပေးတာ ကျေးဇူးတင်ပါတယ်..
အဲဒါတွေအတွက် ညီမတို့က ဘာလုပ်ပေးနိုင်မှာလဲမသိဘူးနော်..
မြတ်နိုးတတ်တဲ့သူလည်း ရှိမှ...
တန်ဖိုးထားတတ်တဲ့သူလည်း ရှိမှ...
ထိန်းသိမ်းတတ်တဲ့သူလည်း ရှိမှ...
အဲဒီလိုမှ မဟုတ်ရင် ရှေးဟောင်းပစ္စည်းဆိုတာ တချို့တွေအတွက် အဟောင်းအနွမ်း အမှိုက်တစ်ခုလို သဘောထားပြီး တချို့တွေအတွက် ငွေထုပ်ကြီးလို့ မြင်ပြီး ခိုးထုတ်ရောင်းစားကြမှာပါပဲဗျာ။
ယဉ်ကျေးမှု အမွေအနှစ်တွေကို တန်ဖိုးထား မြတ်နိုးတတ်ကြပါစေ...
Post a Comment