ဘာရယ်လို့တော့ မဟုတ်ပါဘူး။ မိုင်တိုင်အမှတ် ၂၈ ကို ကျော်ဖြတ်ရတော့မယ့် နေသစ်အတွက် တစ်ခါတုန်းက သူငယ်ချင်းဆူးရင့် မွေးနေ့လက်ဆောင်ရေးပေးခဲ့တာလေးကို သတိရတာနဲ့ ပြန်တင်ဖြစ်လိုက်တာပါ။
ကြားခံမလိုတဲ့ ဆက်စပ်စိတ်က
ကိုယ့်ညံ့ဖျင်းမှုနဲ့ကိုယ်
မှေးမှိန် ဝေးလွင့်သွားခဲ့ပြီ....။
စိတ်ဟာ
ဘ၀င်အထပ်ထပ်နဲ့အိပ်ပျော်သွားလိုက်
ဖြစ်စဉ်အထပ်ထပ်နဲ့နိုးထလာလိုက်
တစ်ချို့တစ်ချို့လေက ၀င်လို့
တစ်ချို့တစ်ချို့လေက ထွက်လို့....။
သင်ရိုးဆန်ဆန် လေ့လာဖို့အတွက်
ဘ၀တစ်ခုရဲ့ နောက်ဆုံးစိတ်ဆိုတာကိုလည်း
မပြီးနိုင် မပြတ်နိုင်ဝမ်းနဲ့ လွယ်မွေးထားရပြန်ရော့....။ ။
ဆူးရင့် (တန့်ဆည်)
6 - 9 -2006*19 - 9 - 2006 နေ့တွင်ကျရောက်သောသူငယ်ချင်း နေသစ်မှူး (ငွေသာတွင်း) ၏ (၂၅)နှစ်ပြည့် မွေးနေ့သို့ အမှတ်တရဖြင့်သာ....။ ။
ကဗျာမှ လွဲပြီး မွေးနေ့လက်ဆောင် လက်မခံပါ။
ကဗျာမှ လွဲပြီး မွေးနေ့လက်ဆောင် လက်မခံပါ။
1 comment:
မွေးနေ့လက်ဆောင် လက်ခံပါ..
ကဗျာမဟုတ်သော်လည်း
မွေးနေ့ဆုတောင်းသာ ဖြစ်ပါကြောင်း..
=)
ဒါနဲ့ မွေးနေ့က ကိုးလပိုင်းမှလား..
ရက်စွဲကြည့်ပြီး မရှင်းမရှင်းဖြစ်သွားလို့.. နောက်တွေ့မှ မေးတော့မယ် =)
Post a Comment