10/6/09

အတုထဲက အစစ်၊ အစစ်ထဲက အတု


99 စီးရီးထဲမှာလား မမှတ်မိတော့။ မခိုင်က ငါသွားမယ် ဟောလိဝု(ဒ်)ဆိုသော သီချင်းလေး မှတ်သားခဲ့ဖူးသည်။ သည်နေ့တော့ အခြေအနေနှင့် အခွင့်အခါပေးလာသောအခါ ဟောလိဝု(ဒ်)ဆိုသော ကမ္ဘာကျော်နေရာသို့ ရောက်ဖြစ်ခဲ့သည်။ မနက် ဘရိတ်ဖတ်ပြီးသည်နှင့် ဟောလိဝု(ဒ်)သို့ စထွက်ခဲ့ရာ ညနေ (၇)နာရီခန့်မှ ပြန်ရောက်သည်။ ၀င်ကြေးကလည်း မနည်း ။ $ 70 ဖြစ်သည်။ သာမာန်ဆိုလျင်တော့ $ 69 ကျပ်။ လိုက်ပို့ပေး သည့်သူက တစ်နှစ်စာလက်မှတ်ကိုင်ထားသူဖြစ်သောကြောင့် ဒစ်စကောင့်ရလိုက်သည်။ $ 57 ကျပ်ဖြင့် တစ်ခါသုံးလက်မှတ် ရလိုက်သည်။ နေ့လယ်စာတော့ ဟမ်ဘာဂါပဲ ၀ယ်ကြိတ်လိုက်သည်။ ဆိုတော့ ဟောလိဝု(ဒ်)မှာ $ 100 ၀န်းကျင်တော့ အသာလေး ကုန်သွားခဲ့သည်။ ကျွန်တော်ကတော့ နောက်တစ်ခေါက် များ ပြန်လာခဲ့ဖြစ်ခဲ့ရင် ဖြစ်ဖြစ်၊ အခြားသူတွေကို ၀ယ်ပေးသည့်အခါ ဈေးသက်သာအောင်ပဲ ဖြစ်ဖြစ် တစ်နှစ်စာလက်မှတ် ၀ယ်ဖြစ်ခဲ့သည်။ ဆိုတော့ ကျွန်တော် ရိုက်ယူခဲ့သည့် ဓာတ်ပုံအချို့နှင့် Video အချို့ကို ပြန်လည်မျှဝေလိုက်ပါရစေ။Universal Studio အ၀င်

Show ချိန်များ

ခရီးသွားတွေကို လိုက်လံပြသနေတဲ့ ကား

ပင်လယ်ရေပြင်အဖြစ် ဖန်တီးရာ နေရာ

လေယဉ်ပျက်ကျသည့်အခန်းများ ရိုက်ကူးသည့်နေရာ

ကားမီးလောင်၊ပေါက်ကွဲခန်း ရိုက်ပုံ ပြသနေစဉ်

စိတ္တဇလူသတ်သမားတစ်ယောက်ရဲ့ ဇာတ်ဝင်ခန်း (သရုပ်ပြနေစဉ်)
တံတားကျိုးကျတာကို ပြတဲ့နေရာ

ဤကဲ့သို့ ယောက်ျားလေးများဆိုလျှင်လည်း မင်းသမီးကို Kiss ပေးတဲ့ပုံ ရိုက်လို့ရ။

အစစ်တွေ လှလွန်း၊ကောင်းလွန်းပြန်လျှင်လည်း အစစ်ကို လူတွေက အတုလို့ ထင်တတ်ပြန်သည်။ အတုက ကောင်းလွန်း၊လှလွန်းနေပြန်လျှင်လည်း အစစ်လို့ ထင်နေတတ်ပြန်သည်။ တစ်ခါ ချာလီချက်ပလင်ပုံတူတွေ ပြိုင်ပွဲလုပ်တော့ အစစ်ချာလီချက်ပလင်ဆိုတာ တတိယဆုပဲ ရသည်ဟူ၏။ .......ဟောလိဝု(ဒ်)အပြန်လမ်းတစ်လျှောက် ကျွန်တော်ကြားမိနေသည်က မခိုင်ရဲ့ ငါသွားမယ် ဟောလိဝု(ဒ်)တော့ မဟုတ်တော့။ ငါ ရောက်တယ် ဟောလိဝု(ဒ်)ဆိုသော ရင်ဘတ်ထဲက သီချင်းလေး တစ်ပုဒ်သာ။

ဗွီဒီယိုဖိုင်များကို အခက်အခဲကြောင့် နောက်မှ တင်ပါမည်။

1 comment:

နေ့အိပ်မက် said...

မရောက်ဖူးတဲ့နေရာဆိုတော့ ပုံတွေကြည့်ရတာတောင်မ၀ဘူး

http://h1.ripway.com/twinpoe/favicon.ico