1/17/10

လူဖြစ်နောက်ကျသူတစ်ယောက်ရဲ့ အသံ

“ကိုနေသစ် မနက်ဖန် အလုပ်နားချင်နားလေဗျာ”
“နားသာ နားလိုက်ပါဗျာ၊ နက်ဖန် မန်နေဂျာလာမှာလေ၊”

သူ သည်အလုပ်ကို စ လုပ်တာ တစ်လတိတိပြည့်ပြီးသည့် နေ့။ အလုပ်ရှင်ဆီက အပြန်နှုတ်ခွန်းစကားလေး။ Kroger ကပြန်လာတော့ သူငယ်ချင်းက ပြောသည်။

“ကိုနေသစ် ကြည့်ရတာ၊ ခများကို မန်နေဂျာနဲ့ ပေးမတွေ့စေချင်ဘူးထင်တယ်ဗျ၊ မတွေ့စေချင်တဲ့အကြောင်း နှစ်ချက်တော့ ရှိတယ်။ တစ်ချက်က ခများက အလုပ်သမားတစ်ယောက်ရဲ့ ရပိုင်ခွင့် ဗြောင်ပြောတောင်းတယ်၊ နောက်တစ်ချက်က ခများက လူသစ်ဆိုတော့ မန်နေဂျာစစ်ရင် အမှားတစ်ခုခုဖြစ်ပြီး သူ့ဆိုင် အထောင်းခံရမှာစိုးလို့လည်း ဖြစ်နိုင်တယ်။”

သူငယ်ချင်း ပြောတာတွေက ဖြစ်နိုင်ပါသည်။ မကြာသေးခင်ရက်ပိုင်းတွင်းတုန်းကမှာ ကျွန်တော်က သူ့ကို ကွန်ပလိန်းတက်ထားသည်။ အမေရိကန်နိုင်ငံ တစ်နိုင်ငံလုံးတွင် ကျင့်သုံးနေသော ဥပဒေများ၊ အလေ့အထများကို မေ့လိုက်တဲ့။ သူ့ဆီရောက်လျင် သူ့စည်းကမ်းအတိုင်း ကျင့်တဲ့။ ကိုရွှေသူဌေးက ပြောသည်။ အသိမိတ်ဆွေအချို့က အမျိုးမျိုး အကြံဥာဏ်တွေ ပေးကြည်သည်။ တစ်ချို့က အလုပ်သမားရေးရာကို တိုင်တဲ့။ တစ်ချို့က ခများက ငွေလိုချင်တာမလား၊ ငွေရဖို့အတွက် သီးခံလိုက်တဲ့။ ကျွန်တော်က ဘာမှ မစဉ်းစားပါ။ ကျွန်တော့်ရပိုင်ခွင့်ကို ကျွန်တော်တောင်းသည်။ သူက မပေးနိုင်တဲ့။ ကျွန်တော် အလုပ်ကိစ္စ သူနှင့် စပြောကတည်းက သေသေချာချာ မပြောဖြစ်လိုက်သည့် အားနည်းချက်က ကျွန်တော့်အတွက် အကြီးအကျယ်ထိုးနှက်ခံလိုက်ရသည်။

ဆိုတော့၊ ကျွန်တော်က အမေရိကားရောက်မှ လူ့အခွင့်ရေးတွေ၊ အလုပ်သမားအခွင့်အရေးတွေ အဆုံးရှုံးမခံချင်။ ကိုယ်သီးခံနိုင်သလောက် သီးခံပြီး ကိုယ်မလုပ်ချင်က လွတ်လပ်စွာ ထွက်ခွာတော်မူရုံပင် ဖြစ်သည်။ ကျွန်တော်တို့ ရွှေပြည်ကြီးသားတွေက မည်သည့်နေရာရောက်ရောက် တစ်ယောက်ကို တစ်ယောက် (အထူးသဖြင့် မြန်မာအချင်းချင်း) ခေါင်းပုံဖြတ်သည့်အလေ့က မပျောက်ကြသေး။ တချို့က နိုင်ငံရေး သမားအယောင်ဆောင်ပြီး သူမသိ သူမတတ်တာမရှိသလိုဖြင့် မြန်မာလူမျိုးအချင်းချင်းအတင်းအဓမ္မ ခေါင်းပုံ ဖြတ်နေဆဲ။

အော် လူဖြစ်နောက်ကျခဲ့သူတစ်ယောက်ရဲ့ သံဝေဂအခန်းကျဉ်းလေးအကြောင်း ပြောပါတယ်။

(အသင်စာဖတ်သူသည် မစ္စစ္စပီတွင် နွားကျောင်းနေသူဖြစ်ပါက ကျွန်တော်တွေ့ကြုံရသော ရွှေအလုပ်ရှင်များနှင့် ပတ်သက်သည့် သတင်းအချင်းလက်များကို စုံစမ်းမေးမြန်းနိုင်ပါသည်။)

No comments:

http://h1.ripway.com/twinpoe/favicon.ico