2/27/10

ရှင်ကွဲ

မစိုစွတ်တော့ ခံစားချက်နဲ့၊
မထိရှတော့တဲ့ ရင်ဘတ်နဲ့၊
မလိုချင်တော့တဲ့ အိပ်မက်တွေနဲ့၊
မပြောချင်တော့တဲ့ တနင်္ဂနွေစကားတွေနဲ့၊
မရှိတော့တဲ့ အဆင်ပြေမှုတွေနဲ့၊
မလာတော့တဲ့ မိုးတိမ်ပြာကောင်းကင်နဲ့၊

ညီမလေးရေ...
အစ်ကို့သူငယ်ချင်းတွေခမျာ ဘယ်နန်းမှာ အလွမ်းသင့်နေပါလိမ့်။

ဘာမှ ရပိုင်ခွင့်မရှိဘဲ စွန့်လွှတ်ကြ၊
ဘာမှချမ်းသာခြင်းမရှိဘဲ ပေးဆပ်ကြ၊
ဘာမှ မတောင်းဆိုရဘဲ လက်ကမ်းကြ၊
ဘာမှ မပြောမိပါဘဲ ကိုယ်စီလက်တွဲကြ၊

ကိုယ့်ကျန်းမာရေးကိုယ် ဂရုစိုက်ပါတယ်မေမေ
သားတို့ဟာ သားတို့ခန္ဓာအတွက် လမ်းလျှောက်ထွက်ခဲ့ကြတယ်။

အခုတော့
သားတို့လျှောက်တဲ့လမ်းဟာ သားရဲတိရစ္ဆာန်အတိပြီးလို့။
ဟို ရဟန်းငါးရာ တရားအားထုတ်ရင်း ရွတ်ဖတ်တဲ့ မေတသုတ်လည်း မကယ်နိုင်တော့ဘူး အမေ။

သားသူငယ်ချင်းတွေနဲ့ ထိုင်ခဲ့တဲ့ တက္က္ကသိုလ်ကန်စောင်းလေးခမျာတော့
လ ရောင်နဲ့ ဝေးနေရပေါ့အမေ။ ။

ဘယ်နေရာကို ရောက်နေကြမှန်း မသိရသေးတဲ့ သူငယ်ချင်း နေ၀င်းနှင့် စောကက်တို့သို့ သတိတရ


--
Posted By နေသစ် to " Dream - grove " at 12/01/2007 04:07:00 AM

အိပ်မက်တောအုပ်ဆိုတဲ့ ဘလော့အဟောင်းလေးတုန်းက တင်ခဲ့ဖူးတဲ့ ကဗျာတစ်ပုဒ်ပါ။ ဒါပေမယ့် ခံစားချက်လေးကတော့ အခုထိ အသက်ရှင်နေတုန်းဆိုတော့ ပြန်တင်လိုက်တာပါ ။ဖတ်ဖူးတယ်ဆိုရင် နားလည်ပေးပါဗျာ။

No comments:

http://h1.ripway.com/twinpoe/favicon.ico