ကော်ပီခါးခါး (သို့မဟုတ်) ပြန်လည် ပြောဖြစ်ခဲ့မယ်ဆိုရင် (၂၁)
(၁)
မနေ့ညက အဖြစ်အပျက်လေးတခုကို ကျွန်တော် ပြန်တွေးဖြစ်သည်။ ကျွန်တော် အမေရိ ကားကို ရောက်တာ သုံးနှစ်နဲ့ သုံးလရှိပြီ။ မီးပျက်တာ သုံးခါတွေ့ဖူးခဲ့သည်။ မနေ့ညက မိုးသက်လေပြင်းကြောင့် မီးနာရီပိုင်းမျှ ပျက်ခဲ့သည်။ ဆိုတော့.. မီးပျက်တော့ စားဖို့ ချက်လို့မရ။ ဒါနှင့် အပေါ်ထပ်က ကိုယ်ရွှေကျေးဇူးရှင်လေးတွေနှင့် ဟမ်ဘာဂါဝယ်စားဖြစ်ခဲ့ကြသည်။ ထိုစဉ်.. မိတ်ဆွေ တစ်ယောက်က သင်္ကြန်ပွဲကိုလည်း မလာဘူး။ အခုလည်း ၀ါဆိုသင်္ကန်းကပ်ရှိတာလည်း မလာတော့ဘူး မလားလို့ အပြစ်တင်စကားတ၀က်၊ သတိပေးစကားတ၀က် ပြောသွားခဲ့သည်။ သူ ဖုန်းချသွားတော့ ကျွန်တော်က ဟိုးကောင်းကင်ပြာပြာထဲမှာ တဦးတည်းမင်းမူနေသည့် လ မင်းကို မော့ကြည့်တွေးနေဖြစ် သည်။
သူငယ်ချင်းက " နေ မင်း ဘာတွေ တွေးနေတာလဲ"တဲ့။ ကျွန်တော် ပြန်မပြောဖြစ်ခဲ့။ သည်လိုပါပဲကွာဟု သာ အဖြေတိုတိုလေးပဲ ဖြေဖြစ်ခဲ့သည်။ မပြောချင်ခဲ့ပဲ ပြန်မပြောဖြစ်ခဲ့သည့် အကြောင်းတွေက သည်လို။
မကြာပါ။ တစ်ယောက်က ထပြောသည်။ ဒါဘယ်သူ့သီချင်းကြီးပဲ။ မင်းတို့ ကိုယ်ပိုင်သံစဉ်မဟုတ်ဘူးတဲ့။ ကျွန်တော့်မှာ ရှက်လိုက်တာ။ ကိုယ်ဂုဏ်ယူဝံ့ကြွားစွာ ပြောပြ ရှင်းပြရခဲ့သမျှ သည်စကားတခွန်းနဲ့တင် သဲထဲရေသွန်သလို ဖြစ်သွားခဲ့ရသည်။ နောက်တော့ သင်္ကြန်မင်းသားကြီး ဇော်ဝမ်းရဲ့ ရှာပုံတော် မင်းသား ကြီးကို ထပ်ဖွင့်ပြပြီး အရှက်ပြေ ပြန်ရှင်းပြခဲ့ရသည်။ နောက်တော့ တစ်ယောက်က ဖုန်းဖြင့် ဂူဂယ်လ်သို့ ၀င်ကာ သင်္ကြန် သီချင်းတွေ ရှာပြီး ကြည့်နေစဉ် " နေ မင်းပြောတော့ မင်းတို့ယဉ်ကျေးမှုဆို၊ အခု ငါမြင်နေ ရတာက ငါတို့ဆီက လိုပါပဲ သိပ်မထူးပါဘဲလား" တဲ့။ ဒါနဲ့ သူဖွင့်ကြည့်နေသည့် သီချင်းကို ကြည့်လိုက်တော့ ပေါင်တိုတို စကတ်တို ၊ ရေစိုကိုယ်ကပ် အင်္ကျီလေးတွေနှင့်။ ကျွန်တော် သည်တခါတော့ ဘာဆက်ပြောရမှန်း မသိတော့။
တခါတုန်းကလည်း သူငယ်ချင်းတွေနှင့် ဈေးဝယ်ထွက်ဖြစ်ခဲ့သည်။ အဲသည်တုန်းက သူတို့က ညစာတာဝန် ယူ၊ ကျွန်တော်က ဈေးဝယ်ထွက်ရင် ကျွန်တော့်ကားသုံးဆိုပြီး သူသာသည် ကိုယ်နာသည် မဖြစ်အောင် ခွဲတမ်းနှင့် တာဝန်ယူကြဖို့ တိုင်ပင်ခဲ့ကြသည်။ အဲသည်တုန်းကလည်း ကျွန်တော့်ကားထဲ အသင့်ထည့်ထား သည့် ရွှေပြည်ကြီး အင်တာနေရှင်နယ် ကော်ပီသီချင်းသံက ကားစက်နှိုးနှိုးပြီးချင်း ပေါ်ထွက်လာတော့ သူတို့က ခဏ နားထောင်ပြီး " ဟာ ဒါ ငါတို့ဆီက ဘယ်အဆိုတော့ သီချင်းပဲ" ဆိုတော့ ကျွန်တော့်မှာ မျက်နှာပူပူနှင့် ရေဒီယိုကို ပြောင်းဖွင့်လိုက်ရဖူးသည်။
တခါကတော့ မြန်မာပြည်မှာ နေထိုင်ခဲ့ဖူးသည့် အသိမိတ်ဆွေအမေရိကန်တဦးက ပြောပြဖူးသည်။ သူ့ သူငယ်ချင်း အမေရိကန်တစ်ယောက် မြန်မာပြည်မှာ အလုပ်တာဝန်ထမ်းဆောင်ရင်း အားလက်ရက်ရလို့ အမေရိကားကို ပြန်လာသောအခါ ကြားရသောသီချင်းသံများကို မှတ်ချက်ပြုဖူးသတဲ့။ ဒါ မြန်မာ အဆိုတော်တွေ ဆိုထားတဲ့သီချင်းတွေ၊ ဘာလို့ သံစဉ်တွေ တူနေရတာလဲ ဟူသ တတ်။ နောက်မှာ သည်က သီချင်းတွေကို မြန်မာပြည်က ကော်ပီလုပ်ပြန်ဆိုမှန်း သူသိသွားရသည်ဟူ၏။ တခါက ချာလီချက် ပလင် နှင့် တူသူတွေထဲက အတူဆုံးသူတစ်ယောက်ကို ဆုပေးဖို့ ချာလီရွေးပွဲ တခု ပြုလုပ်ခဲ့ဖူးသည်။ အဲသည်ပွဲမှာ ချာလီချက်ပလင် အစစ်ကိုယ်တိုင် ၀င်ပြိုင်သည်။ ဆုရသူ စာရင်းကြေငြာတော့ ချာလီချက် ပလင် အတုနှစ်ယောက်က ပထမဆုနှင့် ဒုတိယဆု၊ ချာလီအစစ်ကိုယ်တိုင်ကတော့ တတိယဆုပဲ ရခဲ့သည်ဟု ဖတ်ခဲ့ရဖူးသည်။ အခုလည်း ကိုယ်တို့ ရွှေပြည်ကြီး ကော်ပီဂီတသမားအချို့က မူလအဆိုရှင် ထက် ပိုများသာနေမလားဘဲ။ တကယ်လို့ ပြိုင်ပွဲကျင်းပပြီး မူလအစစ်မှန်အဆိုရှင်တွေက ချာလီလို တတိယဆုပဲ ရကြဦးမယ်ဆိုရင်တော့ ဒုက္ခ။
လောလောဆယ်တော့ ရေးနေသည့် ကော်ပီခါးခါး စာတစ်မျက်နှာနှင့်ပင် ညဥ့်နက်သည့်တိုင်ထိ ကျွန်တော် အိပ်မပျော်သေး။ ။
သူငယ်ချင်းက " နေ မင်း ဘာတွေ တွေးနေတာလဲ"တဲ့။ ကျွန်တော် ပြန်မပြောဖြစ်ခဲ့။ သည်လိုပါပဲကွာဟု သာ အဖြေတိုတိုလေးပဲ ဖြေဖြစ်ခဲ့သည်။ မပြောချင်ခဲ့ပဲ ပြန်မပြောဖြစ်ခဲ့သည့် အကြောင်းတွေက သည်လို။
(၂)
ပြီးခဲ့သည့် သင်္ကြန်မတိုင်ခင်ကာလတုန်းက သူငယ်ချင်းတွေနဲ့ ညစာ အတူစားဖြစ်ပြီဆိုရင် သူတို့တတွေကို ရွာပြန်ချင်တဲ့အကြောင်း၊ သူတို့က ဘာကြောင့်ပြန်ချင်တာလဲမေးရင် ရွာမှာ ရေသင်္ကြန်ပွဲရှိတဲ့ အကြောင်း ပြောဖြစ်ခဲ့သည်။ အဲသည်တုန်းက ဘာကြောင့် သင်္ကြန်ပွဲကျင်းပကြတာလဲ ဆိုသည့် အကြောင်းတွေ၊ ပြီးတော့ သင်္ကြန်ပွဲရဲ့ အနှစ်သာရတွေ ၊အလှအပတွေ၊ မြန်မာ့ရိုးရာယာဉ်ကျေးမူတွေကို တခုတ်တရ ရှင်းပြဖြစ်ခဲ့သည်။ ကျွန်တော်က မင်းတို့ ငါတို့ သင်္ကြန်တွင်းမှာ ငါ ရေလာလောင်းရင် စိတ်မဆိုးကြေးလို့ပြောတော့သူငယ်ချင်းတာရာကသူအလုပ် ပြန်လာမှ လောင်းဟု ပြောခဲ့ဖူးသည်။ နောက်တစ်ယောက်ကတော့ ငါ မင်းတို့ သင်္ကြန်ပွဲ ကို မြင်ချင်လိုက်တာဟု ပြောသဖြင့် ရုတ်တရက် အင်တာနက်ကနေ သင်္ကြန်သီချင်း တစ်ပုဒ် ဖွင့်ပြပေးလိုက်သည်။မကြာပါ။ တစ်ယောက်က ထပြောသည်။ ဒါဘယ်သူ့သီချင်းကြီးပဲ။ မင်းတို့ ကိုယ်ပိုင်သံစဉ်မဟုတ်ဘူးတဲ့။ ကျွန်တော့်မှာ ရှက်လိုက်တာ။ ကိုယ်ဂုဏ်ယူဝံ့ကြွားစွာ ပြောပြ ရှင်းပြရခဲ့သမျှ သည်စကားတခွန်းနဲ့တင် သဲထဲရေသွန်သလို ဖြစ်သွားခဲ့ရသည်။ နောက်တော့ သင်္ကြန်မင်းသားကြီး ဇော်ဝမ်းရဲ့ ရှာပုံတော် မင်းသား ကြီးကို ထပ်ဖွင့်ပြပြီး အရှက်ပြေ ပြန်ရှင်းပြခဲ့ရသည်။ နောက်တော့ တစ်ယောက်က ဖုန်းဖြင့် ဂူဂယ်လ်သို့ ၀င်ကာ သင်္ကြန် သီချင်းတွေ ရှာပြီး ကြည့်နေစဉ် " နေ မင်းပြောတော့ မင်းတို့ယဉ်ကျေးမှုဆို၊ အခု ငါမြင်နေ ရတာက ငါတို့ဆီက လိုပါပဲ သိပ်မထူးပါဘဲလား" တဲ့။ ဒါနဲ့ သူဖွင့်ကြည့်နေသည့် သီချင်းကို ကြည့်လိုက်တော့ ပေါင်တိုတို စကတ်တို ၊ ရေစိုကိုယ်ကပ် အင်္ကျီလေးတွေနှင့်။ ကျွန်တော် သည်တခါတော့ ဘာဆက်ပြောရမှန်း မသိတော့။
တခါတုန်းကလည်း သူငယ်ချင်းတွေနှင့် ဈေးဝယ်ထွက်ဖြစ်ခဲ့သည်။ အဲသည်တုန်းက သူတို့က ညစာတာဝန် ယူ၊ ကျွန်တော်က ဈေးဝယ်ထွက်ရင် ကျွန်တော့်ကားသုံးဆိုပြီး သူသာသည် ကိုယ်နာသည် မဖြစ်အောင် ခွဲတမ်းနှင့် တာဝန်ယူကြဖို့ တိုင်ပင်ခဲ့ကြသည်။ အဲသည်တုန်းကလည်း ကျွန်တော့်ကားထဲ အသင့်ထည့်ထား သည့် ရွှေပြည်ကြီး အင်တာနေရှင်နယ် ကော်ပီသီချင်းသံက ကားစက်နှိုးနှိုးပြီးချင်း ပေါ်ထွက်လာတော့ သူတို့က ခဏ နားထောင်ပြီး " ဟာ ဒါ ငါတို့ဆီက ဘယ်အဆိုတော့ သီချင်းပဲ" ဆိုတော့ ကျွန်တော့်မှာ မျက်နှာပူပူနှင့် ရေဒီယိုကို ပြောင်းဖွင့်လိုက်ရဖူးသည်။
တခါကတော့ မြန်မာပြည်မှာ နေထိုင်ခဲ့ဖူးသည့် အသိမိတ်ဆွေအမေရိကန်တဦးက ပြောပြဖူးသည်။ သူ့ သူငယ်ချင်း အမေရိကန်တစ်ယောက် မြန်မာပြည်မှာ အလုပ်တာဝန်ထမ်းဆောင်ရင်း အားလက်ရက်ရလို့ အမေရိကားကို ပြန်လာသောအခါ ကြားရသောသီချင်းသံများကို မှတ်ချက်ပြုဖူးသတဲ့။ ဒါ မြန်မာ အဆိုတော်တွေ ဆိုထားတဲ့သီချင်းတွေ၊ ဘာလို့ သံစဉ်တွေ တူနေရတာလဲ ဟူသ တတ်။ နောက်မှာ သည်က သီချင်းတွေကို မြန်မာပြည်က ကော်ပီလုပ်ပြန်ဆိုမှန်း သူသိသွားရသည်ဟူ၏။ တခါက ချာလီချက် ပလင် နှင့် တူသူတွေထဲက အတူဆုံးသူတစ်ယောက်ကို ဆုပေးဖို့ ချာလီရွေးပွဲ တခု ပြုလုပ်ခဲ့ဖူးသည်။ အဲသည်ပွဲမှာ ချာလီချက်ပလင် အစစ်ကိုယ်တိုင် ၀င်ပြိုင်သည်။ ဆုရသူ စာရင်းကြေငြာတော့ ချာလီချက် ပလင် အတုနှစ်ယောက်က ပထမဆုနှင့် ဒုတိယဆု၊ ချာလီအစစ်ကိုယ်တိုင်ကတော့ တတိယဆုပဲ ရခဲ့သည်ဟု ဖတ်ခဲ့ရဖူးသည်။ အခုလည်း ကိုယ်တို့ ရွှေပြည်ကြီး ကော်ပီဂီတသမားအချို့က မူလအဆိုရှင် ထက် ပိုများသာနေမလားဘဲ။ တကယ်လို့ ပြိုင်ပွဲကျင်းပပြီး မူလအစစ်မှန်အဆိုရှင်တွေက ချာလီလို တတိယဆုပဲ ရကြဦးမယ်ဆိုရင်တော့ ဒုက္ခ။
(၃)
အခုတော့ ကျွန်တော် သူငယ်ချင်းတွေနှင့် အတူ အခြားတနေရာကို သွားဖြစ်ကြသည့်အခါ ကျွန်တော့် ကားကို သုံးတော့မည်ဆိုလျင် အရင်ဆုံး ကိုယ့်ကားစက်ထဲမှာ ဘာအခွေထည့်ထားသလဲဟု စဉ်းစားနေရ သည်က အလုပ်တခုလို ဖြစ်နေတော့သည်။ အတတ်နိုင်ဆုံးတော့ အဆိုတော် မာမာအေးတို့ လို ရှေးသီချင်းတွေ အဆိုတော်ထူးအိမ်သင် သို့မဟုတ် စိုင်းထီးဆိုင်တို့လို ခေတ်သီချင်းခွေတွေ ထည့် ထားဖြစ်အာင်တော့ သတိထားနေမိသည်။ မဟုတ်ရင် မျက်နှာပူရလွန်းလို့။
(၄)
ကျွန်တော့်ကို သင်္ကြန်ပွဲမလာလို့ အပြစ်တင်စကားဆိုသည့် သူကိုရော၊ ဘာတွေတွေးနေတာလဲ ဟု မေးခဲ့သော သူငယ်ချင်းကိုပါ ကျွန်တော် ပြန်ပြောဖြစ်ခဲ့မယ်ဆိုရင် ............. သင်္ကြန်နှင့်ပတ်သက်သည့် ထိရှခဲ့ရမှုတွေ၊ ကောပီခါးခါးသောက်ပြီး စိတ်ထဲ ကြောင်တောင်တောင်ခံစားနေရတာတွေကို အထက်က အတိုင်း ပြန်လည် ပြောဖြစ်ခဲ့မှာတော့ သေချာလွန်းလှသည်။ အဲသည်အခါ သူတို့တတွေကကော ကျွန်တော့်ခံစားချက်ကို နားလည်လက်ခံပေးနိုင်ကြပါဦးမလား။ အခု သည်စာကို ဖတ်မိနေသည့် မိတ်ဆွေက ကော်ပီခါးခါး တခွက်အတွက် အရှက်ရနေသည့် ကျွန်တော့်ကို နားလည်ပေးနိုင်ပါဦးမလား။လောလောဆယ်တော့ ရေးနေသည့် ကော်ပီခါးခါး စာတစ်မျက်နှာနှင့်ပင် ညဥ့်နက်သည့်တိုင်ထိ ကျွန်တော် အိပ်မပျော်သေး။ ။
နေသစ်မှူး
(၀၇၊၃၁၊၂၀၁၂၊ ည ၁၂း ၃၃ နာရီ)
Photo by http://constitutionclub.org/author/gurusteve/
No comments:
Post a Comment