8/25/09

သူမ ပုတ်ချလိုက်တဲ့မြှို့

အလွဲတွေနဲ့ တေးဆိုခဲ့ဖူးတယ်
အမှားတွေနဲ့ ညတွေ နက်ခဲ့ဖူးတယ်
မြန်မာပြည်ထွက် စင်္ကာပူပို့ကုန် နှိုးစက်ကလေးနဲ့ အိပ်ယာဝင်ခဲ့ဖူးတယ်
တောင်ပေါ်သူတစ်ယောက်ရဲ့ နှုတ်ခမ်းနဲ့ ဘ၀တွေ လွမ်းနာကျခဲ့ဖူးတယ်

အမေရိကားမှာ ဒုက္ခသည်စခန်းမရှိဘူးလို့ မင်းကို ဘယ်သူပြောလဲ

ဒီနေ့ ကိုယ့်အလွမ်းတွေ ၀မ်းချမထားဘူး
နောက်လကုန် ကာလဖိုးနီးယားသွားမယ်..

ဆရာချောလို ညီမလေး မမမြင့်ရေ...လို့ မအော်တော့ပါဘူး
တစ်ခါက ငါ့ကြေကွဲမှုက ချင်းတွင်းမြစ်ကမ်းမှာ ရယ်သံတွေနဲ့ စီးဝင်ခဲ့ဖူးတယ်။
အခု ငါငိုနေတာ မင်းသိပါတယ် မစ္စစ္စပီ

ကိုယ်တိုင်ရေး အန္တရာယ်ကင်းကမ္မ၀ါစာကဗျာ ဖြစ်ပါသည်။

1 comment:

ရွှန်းမီ said...

မစ္စစ္စပီမြစ်ကြီး မတိမ်ကောအောင် ကူညီနေတာလား .. ကျန်းမာရေးကို ဂရုစိုက်ပါ..

http://h1.ripway.com/twinpoe/favicon.ico