အခုတလော ဘာရယ်မဟုတ်ဘူးလို့ ဆင်ခြေပေးရမလား၊ တစ်ခုခု ဒါမှမဟုတ် တစ်စုံတစ်ရာကြောင့်လို့ ဆင်လက်ပေးရမလား။ မပြောတတ်တော့ပါဘူး။ စာရေးချင်စိတ်မရှိဘူး။ ပြီးတော့ စိတ်ကို အတတ်နိုင်ဆုံး တည်ငြိမ်အောင် ကြိုးစားယူနေရတယ်။ စာတော့ ဖတ်ဖြစ်ပါတယ်။ ကျွန်တော်က စာဖတ်ရင် လူတစ်ယောက် ဒါမှမဟုတ် ပြဿနာတစ်ခုနဲ့ ရင်ဆိုင်နေရရင်တော့ ပျော့ပြောင်းတည်ငြိမ်သွားတတ်တာနဲ့ စာတွေပဲ ဖတ်ဖြစ်နေပါတယ်။ ကြည်အေးရဲ့ ၀တ္ထုတိုပေါင်းချုပ်၊ ကိုယ်ရေးပြီး ကိုယ်ပြန်မေ့မေ့နေတဲ့ စာအုပ်တွေနဲ့ ကိုယ့်အိပ်ယာနံဘေးမှာ အဆင်သင့်ရှိနေတဲ့ မဟေသီမဂ္ဂဇင်းတွေ ဖတ်ဖြစ်တယ်။ အထူးသဖြင့် ဆရာမောင်သာမညရဲ့ ရင့်ကျက်မှုအတွက် ကွင်းဆက်များဆိုတဲ့စာအုပ်လေးပါ။ မြန်မာနိုင်ငံကနေ တခုတရ ဆောင်လာတဲ့ စာအုပ်လေးပေါ့။ အကြိမ်ကြိမ်ပြန်ဖတ်။ ကိုယ့်ကိုယ်ကို ရင့်ကျက်ပီလား ပြန်မေးမေးနေရတဲ့ စာအုပ်လေးလေ။
ကျွန်တော် ဒီစာအုပ်ကို စာဖတ်ဝါသနာပါတဲ့သူငယ်ချင်းတွေကို ညွှန်းဖူးသလိုပဲ အချစ်ကြောင့် တစ်ခုခုဖြစ်နေတဲ့ သူတွေကိုလည်း အချစ်၌ ရင့်ကျက့်ခြင်းဆိုတဲ့ အပိုင်းလေးကို စကန်ဖတ်ပြီး ဖတ်စေခဲ့ဖူးပါတယ်။ အခုတော့ အချစ်ကြောင့် တစ်ခုခုဖြစ်နေတဲ့ ကျွန်တော် မောင်နေသစ်လည်း ကိုယ့်ကိုယ်ကို ပြန်ဖတ်ဖို့ ညွှန်းလိုက်မိပါတယ်။ တကယ်လည်း ပြန်ဖတ်ဖြစ်ပါတယ်။ ပြီးတော့ အချစ်မှာ မရင့်ကျက်သေးတဲ့ ကိုယ့်ရဲ့ မခို့တရို့ စိတ်ထားတွေကို လည်း ရှက်နေမိပါတယ်။ တကယ်လို့သာ မိတ်ဆွေလည်း ကိုယ့်ချစ်သူနဲ့ အိမ်ထောင်ကျပြီး ကလေးတွေ လေးငါးယောက် ပိုင်ဆိုင်ထားသည့်တိုင် စာအုပ်ထဲက သုံးသပ်ထားတဲ့အချက်လက်တွေနဲ့ မကိုက်ညီသေးဘူး ဆိုရင် ရင့်ကျက်တဲ့ ချစ်သူမဖြစ်နိုင်သေးပါဘူး။
ဘာပဲဖြစ်ဖြစ်...
မိတ်ဆွေလည်း အချစ်နဲ့ မကင်းသေးသူဆိုရင် ကိုယ့်အချစ်ဟာ တကယ်ရင့်ကျက်နေပြီလားဆိုတာ ချိန်ကြည့်ဖို့ မျှဝေလိုက်ပါတယ်။ အချစ်မှာ ရင့်ကျက်သူတွေ ဖြစ်နိုင်ကြပါစေဗျာ။
ရင့်ကျက်သော ချစ်သူတို့သည် တစ်ဦးကိုတစ်ဦး လုံးဝ
ပြီးပြည့်စုံသူများအဖြစ် မမျှော်လင့်တတ်ကြ။ တစ်ဦးကို တစ်ဦး
လက်ခံတတ်ဖို့သာ ကြိုးစားကြ၏။

ရင့်ကျက်သူများသည် နိမ့်နိမ့်ပစ်မှတ်ကို ချိန်ပြီး ထိအောင်
ပစ်ခတ်ခြင်းမျိုးထက် မြင့်မြင့်ပစ်မှတ်ကို မှန်းပြီး လွဲချော်ခြင်းမျိုးကို ပို၍
သဘောကျသူများ ဖြစ်ပါ၏။
ပစ်ခတ်ခြင်းမျိုးထက် မြင့်မြင့်ပစ်မှတ်ကို မှန်းပြီး လွဲချော်ခြင်းမျိုးကို ပို၍
သဘောကျသူများ ဖြစ်ပါ၏။
ဘာပဲဖြစ်ဖြစ်...
မိတ်ဆွေလည်း အချစ်နဲ့ မကင်းသေးသူဆိုရင် ကိုယ့်အချစ်ဟာ တကယ်ရင့်ကျက်နေပြီလားဆိုတာ ချိန်ကြည့်ဖို့ မျှဝေလိုက်ပါတယ်။ အချစ်မှာ ရင့်ကျက်သူတွေ ဖြစ်နိုင်ကြပါစေဗျာ။
Type the rest of your post here.
1 comment:
ကျနော့် အနေ နဲ့ ပြောရရင်တော့ အသက် ကြီး ပြီး ရင့်ရော် သာ လာခဲ့ပါတယ် ...
စိတ်အာဟာရ စိတ် ကျမ္မာရေး အတွက် စာပေ ကောင်း တွေ က မရှိမဖြစ်ပါ..
Post a Comment