

မေလ (၇)ရက်ခန့်က တိုက်ခတ်သွားသော မိုးသက် လေပြင်းကြောင့် ဘ၀ဘဏ်စာကြည့်တိုက်နှင့် စာဖတ် အသင်း အဆောက်အဦ အနည်းငယ်ပျက်စီးသွားပါသည်။ ထို့ပြင် စီမံကိန်းအရ ငွေသာတွင်း (တွင်းထဲ)ကျေးရွာ လူထု ပြောင်းရွေ့နေထိုင်ရန် ဆောက်လုပ်ပေးထားသည့် ရွာသစ်မှ အိမ်များ အားလုံးနီးပါးခန့် (သုံးလုံးသာကျန်) လည်း ပြိုလဲပျက်စီးသွားရာ အသစ်ပြန်လည်ဆောက်လုပ်ရန် ပြင်ဆင်နေကြပါသည်။ သို့သော် ယခုအသစ် ဆောက်ရမည့် အိမ်များအတွက် စီမံကိန်းမှ အနည်းငယ်သာ တာဝန်ယူကြောင်း သိရပါသည်။
1 comment:
စိတ်မကောင်းပါဘူး။ ကျုပ်တို့မြန်မာနိုင်ငံရဲ့သတင်းတွေက တစ်ခုမှကို အားရစရာမရှိဘူး။ ကိုမှူး ကံ(ကုသိုလ်၊အကုသိုလ်)ဆိုတာကို ယုံသလား။ ကျုပ်တော့ ဇဝေဇ၀ါဖြစ်နေတယ်ဗျာ။ ဒီလောက်အနှစ်လေးဆယ်လုံးလုံးအကုသိုလ်ကံတွေကို ဆက်တိုက်ကျူးလွန်ထားတာတောင်မှ ဘာလို့အကျိုးမပေးသေးတာလဲ။ ထားပါတော့ဗျာ။ အရင်လိုပြန်လည်တောက်ပနေဖို့ ဆုတောင်းပါတယ်။ ကောင်းသောနေ့ပါ။
Post a Comment